Entertainment

“မှော်ကျောက်စာကားမှာ နာရီဝတ်ထားတာ မဟုတ်ပါဘူး”

Want create site? Find Free WordPress Themes and plugins.

လတ်တလောလှုမှုကွန်ရက်စာမျက်နှာပေါ်မှာ မှော်ကျောက်စာရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်ဖြိုးငွေစိုးက လက်ပတ်နာရီဝတ်ဆင်ထားပါတယ်ဆိုပြီး အဲဒီကားပိုစတာပေါ်က ပုံနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ ရှေးခေတ်ကားမှာ ဒီလိုနာရီပတ်ထားတယ်ဆိုတာနဲ့ ပတ်သတ်ပြီး ဖြိုးငွေစိုးက မှော်ကျောက်စာကားမှာ နာရီဝတ်ထားတာ မဟုတ်ဘဲ လက်ပတ်လို ကြိုးသံကွင်းကို ဝတ်ထားတာပါလို့ မီဒီယာတွေကို ပြောပါတယ်။

“မှော်ကျောက်စာကားမှာ နာရီဝတ်ထားတာ မဟုတ်ပါဘူး။ လက်ပတ်လို ကြိုးသံကွင်းလေးကို ဝတ်ထားတာပါ။ နာရီ မဟုတ်တာတော့သေချာပါတယ်။ မမှားလောက်ဘူးလို့ ထင်တယ်။ သံကွင်းလေးပါ။ နာရီပါတယ်လို့ ပြောနေကြတော့လည်း အချိန်သိရတာပေါ့။ ကျနော်ပရိသတ်အတွက် နောက်ပိုင်းမှာ ကိုယ့်ဆီကိုလာမယ့်ဟာကို မျှော်လင့်နေတာထက်စာရင် ကိုယ့်ဟာကိုယ်ဖန်တီးပြီးပရိသတ်ဆီကို ပြန်ပို့တဲ့ နည်းလမ်းကပိုအဆင်ပြေတယ်” လို့ ဖြိုးငွေစိုးက ပြောပါတယ်။

ဖြိုးငွေစိုးက လတ်တလောအနုပညာ လှုပ်ရှားမှုအနေနဲ့ CHANEL+ နဲ့ တနှစ်စာချုပ်ချုပ်ပြီး အလုပ်တွေ လုပ်ကိုင်နေ တယ်လို့ သိရပြီး ဇာတ်ကားတွေကို အရင်လို အများကြီးမရိုက်ကူးဖြစ်တော့ဘဲ ပုံမှန်လောက်သာ ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။

“ဇာတ်ကားတွေကိုတော့ အရင်ကလို ပွစိထနေအောင်မရိုက်တော့ဘူး။ အရမ်းကြီးမများသလို အရမ်းလည်း မနည်းဘူး ပုံမှန်တော့ သွားနေပါတယ်။ မှော်ကျောက်စာဇာတ်ကားက ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲရိုက်ခဲ့ရတယ်။ ကျနော်တို့ ကြည့်ရသလောက် အရမ်းကောင်းတယ်။ ပရိသတ်လည်း အကြိုက်တွေ့မယ့် ကားလေး ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

ဖြိုးငွေစိုးကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်မလုပ်ဖြစ်ပေမယ့် ကမ်းလှမ်းလာတဲ့ ကာရိုက်တာ တိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်လေ့ရှိပါတယ်။ ဖြိုးငွေစိုးက သာယာတဲ့ မိသားစုလေး တခုကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တဦးဖြစ်ပြီး “ဂုဏ်ပြည့်စုံဖြိုး” ဆိုတဲ့ သားလေး တယောက်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading