Entertainment

"လင်္ကာဒီပ ချစ်သူ” ပြဇာတ်မှာ လက္ခဏအဖြစ် မြင်တွေ့ရမယ့် မော်ဒယ် တိုင်ရွန်

Want create site? Find Free WordPress Themes and plugins.

စာရေးဆရာ ချစ်ဦးညိုရဲ့ “လင်္ကာဒီပ ချစ်သူ” ဝတ္ထုကို ပြဇာတ်အဖြစ် ပြန်လည်ပုံဖော်မယ့် ပွဲမှာ မော်ဒယ်၊ သရုပ်ဆောင် တိုင်ရွန်ကို လက္ခဏအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး တိုင်ရွန်ဟာ ငယ်ငယ်ကတည်းက “လင်္ကာဒီပ ချစ်သူ” စာအုပ်ကို ဖတ်ဖူးပြီး လက္ခဏကို ငယ်ကတည်းက ကြိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“လင်္ကာဒီပချစ်သူမှာ ကျနော့်ကို လက္ခဏနေရာက တွေ့ရမှာပေါ။ ကျနော်တို့ အော်ပရာ ပုံစံမျိုး တွေ့ရမှာပေ့ါ။ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ ပြဇာတ်ပုံစံမျိုးက ဇာတ်အဝတ်အစားလို ပုံစံမျိုးပေ့ါ။ ဒီဘက်မှာက ဒီဇိုင်နာ ကိုမျိုးမင်းစိုးကနေပြီးတော့ ခေတ်သစ်အမြင်နဲ့ နောက်က တေးဂီတ အများကြီး တင်ဆက်ထားတာဖြစ်လို့ အရမ်းကို ထူးဆန်းမယ်လို့ ထင်ပါတယ်” လို့ တိုင်ရွန်က ပြောပါတယ်။

“ကျနော်လည်း ဒီဇာတ်ထဲမှာ ဖြစ်ချင်ခဲ့တာက လက္ခဏပဲ ဖြစ်ချင်ခဲ့တာ။ ပွင့်ပွင့်လင်းလင်း ပြောတာ။ မလိမ်ဘူး။ လက္ခဏရဲ့ စိတ်က ဦးနှောက်ပိုပြီး တွေးခေါ်နိုင်စွမ်း ကောင်းတယ်။ လေးတင်တဲ့ နေရာမှာသာ တဝက်ပဲတင်ပြီး အစ်ကိုဖြစ်တဲ့သူကို အနစ်နာခံခဲ့တယ်။ နောက်ပြီး မယ်သီတာကို သူကိုယ်တိုင် ချစ်ရဲ့သားနဲ့ အစ်ကိုဖြစ်သူကို ဦးစားပေးခဲ့တယ်။ ဒီလိုသူရဲကောင်း စိတ်ဓာတ်တွေ အများဆုံးက လက္ခဏမှာ ပိုပြီးတွေ့ရတယ်။ ရာမ ထက်စာရင် ငယ်ငယ်ကတည်းက “လင်္ကာဒီပ ချစ်သူ” စာအုပ်ဖတ်ဖူးကတည်းက လက္ခဏကို ကြိုက်ခဲ့တာ” လို့ တိုင်ရွန်က ဆိုပါတယ်။

တိုင်ရွန်ဟာ “မနေ့ကဖြစ်သည် -၂” ဇာတ်လမ်းတွဲထဲမှာ လူမိုက်ဆန်ဆန် ကောင်လေး၊ သူဌေးရဲ့ သက်တော်စောင့် တယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပြီး နယ်ပရိသတ်တွေက သူ့ကို မထင်မှတ်လောက်အောင် အားပေးတာကြောင့် အရမ်းဝမ်းသာရတယ်လို့ ပြောပါတယ်။

“မနေ့ကဖြစ်သည် ၂” ဇာတ်ကားကို ပြသတဲ့ အချိန်မှာ ၄ ပိုင်းပဲ ပြရသေးတယ်။ မန္တလေးတို့၊ စစ်ကိုင်းတို့ သွားတဲ့အခါ သူတို့မထင်မှတ်လောက်အောင် အားပေးကြတယ်။ နယ်တွေက ရုပ်သံ ဇာတ်လမ်းတွဲတွေကို ကြည့်ပြီး ကျနော်ကို ခန့်ထည်လို့ သိတော့ အရမ်းဝမ်းသာရတယ်။ အဲ့လိုမျိုး ခံစားချက်လည်း မရခဲ့ဖူးဘူး။ နယ်ကလူတွေသိမှလည်း အနုပညာရှင်တယောက်အဖြစ် အသိအမှတ်ပြုကြတာလေ။ အဲ့အတွက် အရမ်းပျော်ပါတယ်” လို့ တိုင်ရွန်က ပြောပါတယ်။

“ကျနော်တို့က ငယ်ငယ်တုန်းက ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ ကြီးခဲ့ကြတာ။ ၇ နာရီဆို ကိုရီးယားကားတွေ ကြည့်ရတယ်။ အခုတော့ ပြည်တွင်း အနုပညာရှင်တွေကို ကြည့်နေကြတယ်၊ အားပေးကြတော့ ဝမ်းသာရတယ်။ စီးရီးတွဲတွေကို ပရိသတ်တွေကြိုက်ကြတော့ ကျနော်တို့လည်း ကြိုးစားရကျိုး နပ်တယ်။ ပိုလည်းအားရတယ်”လို့ တိုင်ရွန်က ဆိုပါတယ်။

ဆက်လက်ပြီး တိုင်ရွန်က လတ်တလော ရိုက်ကူးနေတဲ့ ဇာတ်ကားတွေ အကြောင်း၊ လက်ရှိ အနုပညာလှုပ်ရှားမှုတွေ အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။

“အခုလောလောဆယ်မှာတော့ “ငါမုန်းတဲ့အက္ခရာ” ကားလေး ရိုက်ကူးနေပါတယ်။ မကြီးစိုးရယ်၊ ကိုအောင်ရဲလင်းရယ်နဲ့ ရိုက်မှာပါ။ ကျနော်တို့ ကြိုက်ရတဲ့ မင်းသားထဲက တယောက်ပေါ့။
တီဗီထဲမှာပဲ ကြည့်ရတဲ့ သူတယောက် အတူလက်တွဲ သရုပ်ဆောင်ရမယ်ဆိုတော့ စိတ်လှုပ်ရှားပါတယ်။ ကိုယ့်ဘက်ကလည်း အတတ်နိုင်ဆုံး တိတိကျကျလေးနဲ့ အချိန်တွေကအစ အထူး ဂရုစိုက်မှာပါ” လို့ တိုင်ရွန်က ပြောပါတယ်။

မော်ဒယ်လောကမှာ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ တိုင်ရွန်ဟာ အခုဆိုရင် ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။ လက်ရှိမှာ MRTV-4 ကနေ ပြသနေတဲ့ “မနေ့ကဖြစ်သည် -၂” ရုပ်သံ ဇာတ်လမ်းတွဲမှာလည်း ခန့်ထည်ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

“လင်္ကာဒီပချစ်သူ” ပြဇာတ်နဲ့ ပတ်သက်ပြီး ဆရာချစ်ဦးညိုတို့ မိသားစုမှ တရားစွဲသွားရန် မရှိဟုဆို

အက်ရှင်ဇာတ်ကားတွေကို ပိုရိုက်ချင်တဲ့ သရုပ်ဆောင် တိုင်ရွန်

“Old Gangster” ရုပ်ရှင်အတွက် တက်တူးတွေ ထပ်ဖြည့်နေတဲ့ တိုင်ရွန်

Did you find apk for android? You can find new Free Android Games and apps.
Loading