Entertainment

ကာလရှည်လက်တွဲခဲ့တဲ့ ကုမ္ပဏီကနေ တရားဝင် နုတ်ထွက်လိုက်တဲ့ S.H.E အဖွဲ့

Want create site? Find Free WordPress Themes and plugins.

ထိုင်ဝမ် အမျိုးသမီးအဖွဲ့တခုဖြစ်တဲ့ S.H.E ဟာ သူတို့အဖွဲ့နဲ့ ကာလကြာရှည်လက်တွဲခဲ့တဲ့ HIM International Music ကုမ္ပဏီနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ဝ ရက်နေ့မှာပဲ လက်တွဲဖြုတ်လိုက်ပြီ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ တိုင်ပေမြို့မှာ အဖွဲ့တည်ထောင်မှု ၁၇ နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ် အခမဲ့ ဖျော်ဖြေပွဲတခုကို ပြုလုပ်ခဲ့တဲ့ သူတို့အဖွဲ့ဟာ ကုမ္ပဏီနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခြင်း မရှိတော့ပါဘူး။

စာချုပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးခဲ့တာပဲဖြစ်ပါတယ်။ သူတို့ဟာ အဲဒီကုမ္ပဏီနဲ့ ၁၇ နှစ်ကြာ လက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။

S.H.E အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Selina Jen, Hebe Tien နဲ့ Ella Chen တို့ဟာ သူတို့ရဲ့ ကိုယ်ပိုင် စီမံခန့်ခွဲ အေဂျင်စီတွေကို ထူထောင်လိုက်ပြီဖြစ်တယ်လို့ ကြေညာချက်တခုထဲမှာ ပြောဆို ထားပါတယ်။ ဒါပေမယ့် အဲဒီအသံသွင်း ကုမ္ပဏီကတော့ သူတို့အနုပညာရှင် ၃ ဦးကို ပြန်လည် ပူးပေါင်းပေးဖို့ အစီအစဉ် ရှိနေဆဲ ဖြစ်ပြီး ဘယ်လိုရှေ့ဆက်လုပ်ဆောင် ရမယ်ဆိုတာကို လက်ရှိမှာ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

Mandopop သမိုင်းမှာ အအောင်မြင်ဆုံးအမျိုးသမီးအဖွဲ့တခုကို ယူဆနိုင်တဲ့ သူတို့ ၃ ရဲ့ နုတ်ထွက်မှုဟာ ကုမ္ပဏီအပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ သြဂုတ်လအထိ HIM ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့အမျိုးသမီး ၃ ဦးဟာ ကုမ္ပဏီရဲ့ ဝင်ငွေ ၂၉ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ အသားတင်အမြတ် ၁၂ ဒဿမ ၆ ရာခိုင်နှုန်းကို ရှာဖွေပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကုမ္ပဏီကတော့ ဘဏ္ဍာရေးအခြေအနေကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားနိုင်ပြီး လုပ်ငန်းလည်ပတ်ဖို့ ရန်ပုံငွေ လုံလုံလောက်လောက်ရှိတယ်လို့လည်း ဆိုပါတယ်။

သူတို့ ၃ ဦးဟာ ၂၀၀၀ ပြည့်နှစ်တုန်းက ပြိုင်ပွဲတခုကနေ ထင်ပေါ်လို့ စင်တော်ကောက်ခံခဲ့ရခြင်း ဖြစ်ပြီး ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာတော့ သူတို့ရဲ့ ပထမဆုံး ပွဲဦးထွက် အယ်လ်ဘမ် “Girl’s Dorm” ကို ဖြန့်ချိခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ တရက်တည်း ပွဲဦးထွက်ခဲ့တာ ဖြစ်တဲ့အတွက် လူသိပ် မသိလိုက်မှာကို စိုးရိမ်မှုတွေရှိခဲ့ပေမယ့် သူတို့ ၃ ဦးရဲ့ ပထမဆုံး အယ်လ်ဘမ်ဟာ အရမ်းအောင်မြင်ခဲ့ပါတယ်။

သူတို့ရဲ့ “Not Yet Lovers” သီချင်းဟာ ဂီတဇယားတော်တော်များများမှာ နံပါတ် ၁ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် Tropical Rainforest, Persian Cat နဲ့ Super Star တို့လိုမျိုး နာမည်ကျော် သီချင်းတွေကို ဖြန့်ချိခဲ့ပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း သူတို့ဟာ အဖွဲ့တခုအနေနဲ့ မကြာခဏ ဖျော်ဖြေတာမျိုး မလုပ်တော့ဘဲ အဖွဲ့ဝင် တဦးချင်းစီက သီးခြားအနုပညာလုပ်ငန်းတွေကို စတင် လုပ်ဆောင်ခဲ့ကြပါတယ်။

သူတို့ ၃ ဦးထဲမှာ တကိုယ်တော် အောင်မြင်မှုအရှိဆုံးက အသက် ၃၅ နှစ်အရွယ် Hebe ဖြစ်ပြီး ကျန်တဲ့ အဖွဲ့ဝင် နှစ်ဦး ကလည်း တကိုယ်တော်အယ်လ်ဘမ်တွေ ဖြန့်ချိခဲ့တဲ့အပြင် ဒရာမာတွေနဲ့ အစီအစဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် Ella ကတော့ ပြီးခဲ့တဲ့နှစ်မှာပဲ သားတဦးကို မွေးဖွားခဲ့ပြီး ဖြစ်ပါတယ်။

Ref: straitstimes

Did you find apk for android? You can find new Free Android Games and apps.
Loading