ကမ္ဘာကျော်ဟောလိဝုဒ်မင်းသမီး Nicole Kidman ဟာ မကြာမီကျင်းပတော့မယ့် ဟောလိဝုဒ် ရုပ်ရှင်ဆုပေးပွဲမှာ ဟောလိဝုဒ်အနုပညာလုပ်ငန်း အောင်မြင်မှုဆုနဲ့ ဂုဏ်ပြုခံရမယ်လို့ သိရပါတယ်။
အသက် ၅၁ နှစ်အရွယ် မင်းသမီးဟာ လွတ်လပ်တဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေအထူးသဖြင့် အမျိုးသမီးတွေကို ထောက်ခံပေးမှုနဲ့ သဏ္ဍာန်လုပ်သရုပ်တူ တင်ဆက်မှုတို့ကြောင့် အခုလိုမျိုး ဂုဏ်ပြုဆုနဲ့ ချီးမြှင့်ဖို့ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပွဲစီစဉ်သူတွေက “ဒီဆုအတွက် သူ့ကို ရွေးချယ်လိုက်ရတာဟာ နှစ်ပေါင်းများစွာကြာ သဏ္ဍာန်လုပ် သရုပ်တူ တင်ဆက်မှုတွေနဲ့ ဂုဏ်ပြုတာဖြစ်ပါတယ်။ ဒါရိုက်တာ Gus Van Sant ရိုက်ကူးခဲ့တဲ့ ‘To Die For’ ရုပ်ရှင်မှာဆိုရင် ရုပ်သံအစီအစဉ်တင်ဆက်သူတဦးလို၊ ‘The Hours’ ရုပ်ရှင်မှာ ထင်ရှားပြီး ရှုပ်ထွေးတဲ့ Virginia Woolf ဆိုတဲ့ အမျိုးသမီးတဦးလို၊ ‘Eyes Wide Shut’ ရုပ်ရှင်မှာ လိင်ပိုင်းဆိုင်ရာနဲ့ စာရိတ္တပိုင်းဆိုင်ရာ ညီမျှမှုကို ရှာဖွေရမယ့် အိမ်ထောင်ရှင်အမျိုးသမီးလို”
“Moulin Rouge! ရုပ်ရှင်မှာဆိုရင် အဆိုနဲ့အကမှာ ထူးချွန်တဲ့ လိင်ဖျော်ဖြေရေးမယ်တဦးလို၊ ‘Lion’ ရုပ်ရှင်မှာ လိုအပ်နေတဲ့မိဘမဲ့ကလေးတဦးကို မွေးစားခဲ့တဲ့ မိခင်တဦးလို၊ တန်ဖိုးကြီးကြီး ပြန်ပေးရမှာစိုးလိ့ု့ ပြေးလွှားနေရတဲ့ အမျိုးသမီးတဦးလို၊ စရိုက်စုံမှာ ထူးထူးခြားခြားဇာတ်ကောင်စုံ မှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒီနှစ်ကုန်မတိုင်မီ ထွက်ရှိလာမယ့် ရုပ်ရှင် ၃ ခုရှိနေပြီး ‘Destroyer’ နဲ့ Boy Erased’ ရုပ်ရှင်တို့မှာ အသွင်ကွဲတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ချီးကျူးခံထားရပါတယ်။
ဒါ့အပြင် လွတ်လပ်တဲ့ရုပ်ရှင်ထုတ်လုပ်သူ တွေ၊ အထူးသဖြင့် အမျိုးသမီး ထုတ်လုပ်သူတွေကို ထောက်ပံ့ပေးခဲ့လို့ အသိအမှတ်ပြုခံထားရပြီး သူ့ရဲ့ Blossom Films ကုမ္ပဏီကနေ တဆင့်အခုလိုမျိုး ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။
သူကိုယ်တိုင်ထုတ်လုပ်ခဲ့တဲ့ ဒရမ်မာတွေထဲမှာ ပြီးခဲ့တဲ့နှစ်မှာ ပြသခဲ့တဲ့ ‘Big Little Lies’ ဇာတ်လမ်းတွဲဟာ ယဉ်ကျေးမှု ကိုရော လူမှုဘဝကိုရော ထင်ဟပ်စေခဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်ခဲ့ပါတယ်။
ဟောလိဝုဒ် ရုပ်ရှင်ဆုပေးပွဲကို လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့မှာ ကယ်လီဖိုးနီးယားမှာရှိတဲ့ Beverly Hilton Hotel မှာ ပြုလုပ်မှာဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး Nicole Kidman ရဲ့ လူမသိသေးတဲ့ အကျင့်
Ref: entertainment.toggle.sg