• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေတဲ့ အဆိုတော် Liam Payne

by မစ်ကီ
12 October 2018
in Entertainment
A A
ကမ္ဘာကျော် အဆိုတော် Liam Payne

ကမ္ဘာကျော် အဆိုတော် Liam Payne

8.1k
VIEWS
Share on FacebookShare on Twitter

အဆိုတော် Liam Payne ဟာ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖို့ ဒါမှမဟုတ်ရင် Marvelနဲ့ DC Comics ရုပ်ရှင်တခုခုမှာ သရုပ်ဆောင်ချင်နေတယ်လို့ သိရပါတယ်။ ‘Strip That Down’ သီချင်းအဆိုတော် Liam ဟာ သရုပ်ဆောင်လောကဖက် ခြေလှမ်းဖို့ ဟန်ပြင်နေပြီး ကမ္ဘာကျော်ဇာတ်ရုပ်တခုမှာ ပါဝင်နိုင်ဖို့ မျက်စိကျနေတယ်လို့လည်း ဆိုပါတယ်။

သူ့အိပ်မက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့ အဆိုတော် Liam က “ကျနော် အရိုးသားဆုံးပြောရမယ်ဆိုရင် ဂျိမ်းစ်ဘွန်းဖြစ်ချင်ပါတယ်။ ဘွန်းအနေနဲ့ Daniel Craig ကျနော် သဘောကျပါတယ်။ သူဟာ အကောင်းဆုံ းဂျိမ်းစ်ဘွန်း တယောက်လည်း ဖြစ်ပါတယ်” လို့ The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
592
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
304
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
383

ဆက်ပြီးသူက “ကျနော်က စူပါဟီးရိုးရုပ်ရှင်တွေကို သဘောကျပါတယ်။ ဒါကြောင့် Marvel ရုပ်ရှင်တခုမှာ ပါဝင်ချင်ပါတယ်။ ကျနော် ကလေးဘဝကတည်းက စူပါဟီးရိုးတယောက်ဖြစ်ချင်ခဲ့တာပါ။ ပြီးတော့ Marvel မှာပဲ ဖြစ်ဖြစ်၊ DC မှာပဲဖြစ်ဖြစ် ကျနော်တကယ် ပါဝင်ချင်ပါတယ်။ ကျနော်သရုပ်ဆောင်ရတာ သဘောကျပါတယ်။ သီချင်းဆိုတာက ကျနော့်အချစ်ဦး ဖြစ်ပေမယ့် သရုပ်ဆောင်တာကိုလည်း ကျနော် လုပ်ချင်ခဲ့တာပါ”လို့ ဆိုပါတယ်။

အဆိုတော် Liam ဟာ ဒါရိုက်တာ Steven Spielberg ပြန်လည်ရိုက်ကူးမယ့် ‘West Side Story’ ရုပ်ရှင်မှာ လည်းပါဝင်ဖို့ ပြောဆိုနေတယ်လို့ဆိုပါတယ်။ ရုပ်ရှင်သတင်းရင်းမြစ်တခုက “Liam ကိုချဉ်းကပ်ခဲ့ပြီး သူ့ကိုလည်း ထည့်သွင်းစဉ်းစားနေပါတယ်။

သရုပ်ဆောင် အေးဂျင့်တွေကို စကားပြောနေချိန်မှာ အကကနိုင်တဲ့ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်ကြား အဆိုတော်တွေရှာဖို့ အမိန့်ထုတ်ထားပါတယ်။ Liam ဟာ Spielberg နဲ့ အလုပ်လုပ်ဖို့ အခွင့်အရေးကို စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေပါတယ်လို့ ဆိုပါတယ်။

အခုလိုမျိုး Liam ရဲ့ ရုပ်ရှင်လောကဖက် ချဉ်းကပ်မှုဟာ ‘Dunkirk’ ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ သူ့ရဲ့ One Direction အဖွဲ့သား Harry Styles ရဲ့ ခြေလှမ်းအတိုင်း လိုက်လံလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ Liam ဟာ သရုပ်ဆောင်ချင်တဲ့အကြောင်း ပြောဆိုခဲ့ဖူးပြီး လင်းနို့လူသားအဖြစ် သရုပ်ဆောင်ဖူးချင်တဲ့အကြောင်း ထုတ်ပြောခဲ့ဖူးပါတယ်။

BANG Showbiz မီဒီယာကိုပြောကြားရာမှာ သူက “ကျနော့်ရဲ့ အကြီးမားဆုံး ရည်မှန်းချက်ကတော့ သရုပ်ဆောင်လုပ်ဖို့ဖြစ်ပါတယ်။ ကျနော် ရုပ်ရှင်တခုကိုကြည့်လိုက်တိုင်း တနည်းနည်းနဲ့ ခံစားရပါတယ်။ လင်းနို့လူသားပဲဖြစ်ဖြစ် တခြား ဘာဇာတ်ကောင်ပဲဖြစ်ဖြစ် သရုပ်ဆောင်ချင်ပါတယ်” လု့ိ ပြောကြားခဲ့ပါတယ်။

Ref: contactmusic

Your Thoughts …
Tags: Liam Payneဂျိမ်းစ်ဘွန်း
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

Cheryl Cole နဲ့ အဆိုတော် Liam Payne

ကလေးတယောက်ရပြီးမှ ချစ်သူ Cheryl Cole နဲ့လမ်းခွဲလိုက်တဲ့ အဆိုတော် Liam Payne

by မစ်ကီ
2 July 2018
5k

Cheryl နဲ့ ကျနော်တို့ဟာ ကိုယ့်လမ်းကိုယ်လျှောက်ပြီဆိုတာကို ဝမ်းနည်းစွာ ကြေညာလိုက်ပါတယ်။ အခုလိုမျိုး သတ်မှတ်ဖို့အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ရတာလည်း ဖြစ်ပါတယ်။

ဂျိမ်းစ်ဘွန်းအဖြစ် ဇာတ်ကား အသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ လျာထားခံရသူများ

ဂျိမ်းစ်ဘွန်းရုပ်ရှင် မင်းသားအသစ် ဘယ်သူ ဖြစ်လာမလဲ

by မစ်ကီ
21 February 2018
5.2k

ဂျိမ်းစ်ဘွန်းနေရာမှာ သရုပ်ဆောင်ဖို့ အရင်ကတည်းက ရေပန်းစားနေသူတွေ ဖြစ်ကြတဲ့ Aidan Turner နဲ့ Idris Elba (၈ မဲ/၁ မဲ)၊ Tom Hiddleston (၁၀ မဲ/၁ မဲ)

ဂျိမ်းစ်ဘွန်းရုပ်ရှင် “No Time To Die”

၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကို “No Time To Die” လို့ နာမည်ပေး

by မစ်ကီ
21 August 2019
7.3k

အဆိုပါ ရုပ်ရှင်ကို ဒါရိုက်တာ Cary Joji Fukunaga က ရိုက်ကူးမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဒါရိုက်တာကတော့ HBO ရဲ့ True Detective ပထမစီးရီးနဲ့ Netflix ရဲ့ Maniac တွေမှာ...

မင်းသား Daniel Craig

ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့ရတာဟာ ထူးခြားတဲ့ အတွေ့အကြုံလို့ Daniel Craig ပြော

by မစ်ကီ
2 October 2019
3.3k

အခုလိုမျိုး ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေအတွက် လွန်ခဲ့တဲ့ ၁၃ နှစ်တာ ကာလအတွင်း အလုပ်လုပ်ခဲ့ရတာဟာ ထူးခြားတဲ့ အတွေ့အကြုံဖြစ်ခဲ့တယ်လို့ မင်းသားက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာကျော် အဆိုတော် Liam Payne နဲ့ Cheryl Tweedy တို့ စုံတွဲ / aceshowbiz

အဆိုတော် Liam Payne နဲ့ Cheryl Tweedy တို့ရဲ့ အချစ်ရေး မုန်တိုင်းထန်နေပြီလား

by မစ်ကီ
23 February 2018
4.5k

သူတို့ စုံတွဲနှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ BRIT ဆုပေးပွဲမှာ အတူတကွ ပွဲတက်ပြီး သူတို့နှစ်ဦးရဲ့ အကွဲအပြဲ သတင်းတွေကို မဟုတ်ဘူးလို့ ပယ်ချနိုင်ခဲ့ပေမယ့်

ဂျိမ်းစ်ဘွန်း ရုပ်ရှင် "No Time To Die"

“No Time To Die” ရုပ်ရှင်ကို ၂၀၂၁ အထိ ရွှေ့ဆိုင်းဖွယ်ရှိ

by မစ်ကီ
4 May 2020
4.1k

ဒါရိုက်တာကြီး Christopher Nolan ရဲ့ "Tenet" ရုပ်ရှင်ကို ပြသမယ့် လာမယ့် ဇူလိုင်လလယ်အထိ ဟောလိဝုဒ် ရုပ်ရှင်လုပ်ငန်းကို ပိတ်ထားဦးမှာလည်းဖြစ်ပါတယ်။

Next Post
ကားပါကင်ကြေး ကောက်ခံမှုအပေါ် သူတို့အသံ (ရုပ်/သံ)

ကားပါကင်ကြေး ကောက်ခံမှုအပေါ် သူတို့အသံ (ရုပ်/သံ)

Cyberbullying ပြုလုပ်ခြင်းခံခဲ့ရတဲ့ နာမည်ကြီး အနုပညာရှင်များ

Cyberbullying ပြုလုပ်ခံခဲ့ရတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate