Entertainment

အိုက်တင်တွေကို ပရိသတ်တွေဆီက ကြည့်ပြီး သရုပ်ဆောင်တဲ့ မြင့်မြတ်

Want create site? Find Free WordPress Themes and plugins.

မြင့်မြတ်က မကြာခင်ရုံတင်ပြသတော့မယ့် “တော်တော်ဖြစ်နေလား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်တဲ့ ရယ်စရာ အမှတ်တရတွေကို ပြောပြလာပါတယ်။ မြင့်မြတ်ကတော့ အိုက်တင်တွေကို ပရိသတ်တွေဆီကပဲ ကြည့်ပြီးလုပ်တာပါလို့ မြင့်မြတ်က ပြောပါတယ်။

“‘တော်တော်ဖြစ်နေလား’ မှာဆိုရင် ကျနော် အသိတယောက် ရှိတယ်။ စကားပြောရင် ကျနော့်ကာရိုက်တာထဲကလို လက်ပါပြီး စကားပြောတာပေါ့။ အဲ့ပုံစံလေး လုပ်ထားတယ်။ ကျနော် ကုန်ကြမ်းတွေကလည်း ပရိသတ်တွေဆီကပဲ ကြည့်ပြီးလုပ်တယ်လို့ ဆိုရမှာပေါ့။ အဲ့လိုကြည့်ပြီးလုပ်ရင်း အိုက်တင်တခုဖြစ်နေတယ်ပေါ့” လို့ မြင့်မြတ်က ဆိုပါတယ်။

“ဒီဇာတ်ကားလေးက ၂ နှစ်လောက်ရှိပြီ။ တော်တော်လည်း ရယ်ရတဲ့ကားပါ။ တက်ညီလက်ညီနဲ့ ရိုက်ခဲ့တဲ့ကားပါ။ တော်တော်ဖြစ်နေဖို့လည်း မှန်းပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရိုက်တယ်ဆိုပေမယ့် ရယ်စရာ ဟာသကားလေး ချစ်စရာလား ကောင်းပါတယ်။ ကိုနိုင်ကြီး(ကျော်ရဲအောင်)တို့က တကယ်တော်တဲ့ စီနီယာတွေနဲ့ တွဲရိုက်ရတာ ပျော်စရာကောင်းပါတယ်”လို့ မြင့်မြတ်က ပြောပါတယ်။

“ကားတွေရိုက်တယ် ဆိုတာလည်း အပြင်မှာ ဖြစ်ပျက်နေတာလေးတွေကိုပဲ ရိုက်တာဆိုတော့ ဒီလိုထူးခြားတဲ့ ကာရိုက်တာလေးတွေလည်း ရှာရတာပေါ့။ ကျနော့်ကားတွေ ရုံတင်ပေးတာတော့ ကျေးဇူးတင်တယ်။ အမြဲတမ်းကြီး တိုက်နေတော့ အဆင်မပြေဘူးပေါ့နော်။ တကားချင်းစီသာ တင်ပေးရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ ရုံများတာ ကောင်းတယ်။ ကျနော်ကားတွေ တိုက်နေတာ မကောင်းဘူး။ နောက်ပိုင် းဟာသကားတွေတောင် အရိုက်နည်းဖို့ များတယ်”လို့လည်း မြင့်မြတ်က ပြောပါတယ်။

မြင့်မြတ်က ကာရိုက်တာတိုင်းအပေါ် အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်သူဖြစ်ပါတယ်။ အက်ရှင်ဇာတ်ရုပ်တွေမှာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့သလို၊ ဟာသဇာတ်ကား၊ အချစ်ဇာတ်ကား၊ ဒရာမာ ဇာတ်ကားတွေမှာလည်း ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့သူပါ။ လက်ရှိမှာတော့ သူပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေဟာ ဆက်တိုက်ဆိုသလို ရုံတင်ပြသလျှက် ရှိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading