• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ချူဆီ” ရုပ်ရှင်ကို ပရိသတ်တွေ အားပေးကြလို့ ဝမ်းသာနေတဲ့ မင်းဦး

by ချစ်ပိုး
15 October 2018
in Entertainment
A A
ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မင်းဦး  / ချစ်ပိုး / ဧရာဝတီ

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မင်းဦး / ချစ်ပိုး / ဧရာဝတီ

7.8k
VIEWS
Share on FacebookShare on Twitter

ကိုယ်တိုင်လည်း ဒါရိုက်တာအဖြစ် ရိုက်ကူးနေသလို စီးရီးတွဲတွေမှာလည်း ပရိသတ်အကြိုက်တွေ့အောင် သရုပ်ဆောင်ပီပြင်တဲ့ မင်းဦးက သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးထားတဲ့ “ချူဆီ” ရုပ်ရှင်ကို ပရိသတ်တွေကြိုက်ကြတာ ဝမ်းသာတယ်လို့ ဆိုပါတယ်။

“ကျနော့်ကို စီးရီးတွဲမှာ သရုပ်ကောင်းတယ်ကြိုက်ကြတယ်ဆိုတော့ အရမ်းဝမ်းသာရတယ်။ ဘယ်လို ပြောရမှန်း မသိဘူး။ နောက် ကျနော်ရိုက်တဲ့ ‘ချူဆီ’ကိုလည်း ကြိုက်ကြတော့ အရမ်းဝမ်းသာရတယ်။ ပထမဦးဆုံးကားလေးလည်း ဖြစ်တယ်။ ကျနော် အပြည့်အဝတော့ မပျော်ဘူး။ ဘာလို့လဲဆိုတော့ ငါဒီထက် ပိုပြီးကြိုးစားဦိးမယ်။ ဒီထက်ကောင်းအောင် လုပ်ရဦးမယ်ဆိုတဲ့ အသိတခုရတယ်။ နောက်ပိုင်းတော့ စီးရီးကားလေးတွေလည်း ရိုက်မယ်။ ဇာတ်ကားကြီးတွေလည်း ရိုက်သွားမယ်”လို့ မင်းဦးက ပြောပါတယ်။

RelatedPosts

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
1.2k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
755
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
550

မင်းဦးက လတ်တလောမှာလည်း ရုပ်ရှင်ကားကြီးနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်နေရတဲ့ အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။

“လတ်တလောတော့ ကားကြီး ‘တခါက ဆတ်သေချောင်း’ ကား ရိုက်တယ်။ ပြီးတော့ MRTV-4နဲ့ ဇာတ်လမ်းတွဲ ရိုက်မယ်။ စီးရီးတွဲတွေကို အရင်တည်းက စိတ်ဝင်စားတယ်။ ကာရိုက်တာကိုလည်း ပီပီပြင်ပြင်လုပ်ရတယ်။ ပရိသတ်ကိုလည်း အကြာကြီးပြလို့ ရတယ်။ ဗီဒီယိုတို့ ရုပ်ရှင်တို့က ၂ နာရီထက် ပိုပြလို့မရဘူးပေါ့။ စီးရီးတွဲက ဇာတ်လမ်းရှည်ရင် ရှည်သလောက် အပိုင်းနဲ့ ပြရတာဆိုတော့ ပရိသတ်နဲ့ နီးတယ်။ ဗီလိန်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ပြချင်တာကို အများကြီး လုပ်ပြလို့ရတယ်” လို့ မင်းဦးက ဆိုပါတယ်။

အိမ်ထောင်သက်၂ နှစ်ကျော်ပြီဖြစ်တဲ့ မင်းဦးက အိမ်ထောင်ရေး သာသာယာယာနဲ့ အေးအေးဆေးဆေးဖြတ်သန်းနေပြီး ရင်သွေးလည်းယူဖို့ကိုတော့ “ကျနော် ရင်သွေးက ယူတယ်။ မရသေးဘူး။ ရရင်လည်းပြောပြပါမယ်။ အခုချိန်မှာတော့ အိမ်ထောင်ရေးသာသာယာယာနဲ့ အေးအေးဆေးဆေးဖြတ်သန်းနေပါတယ်။ ကျနော်တို့ တားထားတာတော့ မရှိပါဘူး။ မရသေးတာပါ” လို့ ပြောပါတယ်။

“ရုပ်ရှင် အနုပညာဆိုတာ ကျနော့်ဘဝပါပဲ။ ဘာပဲဖြစ်ဖြစ် ပရိသတ်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အနုပညာတွေ လုပ်သွားတယ်။ သူများတွေလောက်တော်ချင်မှတော်မယ်။ တတ်ချင်မှ တတ်မယ်။ ကျနော်အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေမှာပါ။ ကျနော်ဖန်တီးလိုက်တဲ့ အနုပညာတခုက ပရိသတ်ရင်ထဲရောက်ရင် ကျေနပ်ပါပြီ”လို့ မင်းဦးက ပြောပါတယ်။

မင်းဦးက ၂၀၁၆ ခုနှစ်မှာ အကယ်ဒမီဆု ရရှိခဲ့သလို ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးခွင့်ရလာပြီး ဇာတ်ကားရိုက်ကူးတဲ့နေရာတွေမှာ အရင်ကထက် နေရာပိုရရှိလာသလို သရုပ်ဆောင်ကောင်းတာကြောင့် ပရိသတ် အားပေးမှုလည်း အခိုင်အမာ ရရှိထားပါတယ်။

Your Thoughts …
Tags: မင်းဦး
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် မင်းဦး / ချစ်ပိုး / ဧရာဝတီ

“ဒါရိုက်တာ အလုပ်က အရမ်းကို တာဝန်ကြီးတယ်”လို့ မင်းဦး ပြော

by ချစ်ပိုး
30 May 2019
6.9k

သမီးရေ ဒီဇာတ်ကားကတော့ နင်နဲ့လိုက်တယ်။ ဦးမင်းဦးက တာဝန်ယူတယ် စသဖြင့် တယောက်ချင်းစီကို တာဝန်ယူရတယ်။ ဇာတ်တခုလုံးပေါ်မှာလည်း တာဝန်ယူရတာ ဆိုတော့ ဒါရိုက်တာ အလုပ်က အရမ်းကို တာဝန်ကြီးတယ်"

သရုပ်ဆောင် မင်းဦး / ချစ်ပိုး / ဧရာဝတီ

ရုပ်ရှင်လောကသားတွေ အချင်းချင်း သဘောထားကွဲလွဲနေကြတာမျိုး မဖြစ်စေချင်တဲ့ မင်းဦး

by ချစ်ပိုး
26 April 2019
5.2k

“ကျနော်တို့ ရုပ်ရှင်လောက အရမ်းတိုးတက်လာပါတယ်။ အဲ့အတွက် အရမ်းဝမ်းသာတယ်။ ဒီလို အခြေအနေ ရောက်သွားတဲ့အတွက် ကျနော်တို့ ရုပ်ရှင်လောကသားတချို့ ဒုက္ခရောက်သွားကြတယ်။

Next Post
မွန်ပြည်နယ်မှာ သက်ငယ်မုဒိန်းမှု ဘာကြောင့်တိုးလာတာလဲ (ရုပ်/သံ)

မွန်ပြည်နယ်မှာ သက်ငယ်မုဒိန်းမှု ဘာကြောင့်တိုးလာတာလဲ (ရုပ်/သံ)

အဆိုတော် ပန်းရောင်ခြယ်  / Pan Yaung Chel's Facebook

ဒေါင်းနဲ့အတူ ရိုက်ကူးထားတဲ့ Music Video အကြောင်းပြောပြတဲ့ ပန်းရောင်ခြယ်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.7k
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

7 hours ago
4.6k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate