Entertainment

အခွန်ရှောင်မှု အရှုပ်အထွေးပြီးတဲ့နောက် လူမြင်ကွင်းထွက်လာခဲ့တဲ့ မင်းသမီး Fan Bingbing

Want create site? Find Free WordPress Themes and plugins.

မကြာသေးမီကာလတုန်းက အခွန်ရှောင်မှု ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ တရုတ်မင်းသမီး Fan Bingbing ဟာ အခုတော့ အနက်ရောင် ကုတ်အင်္ကျီအရှည်၊ ဦးထုပ်နဲ့ အနက်ရောင်မျက်မှန်တွေကို ဝတ်ဆင်ပြီး သူ့ကို စောင့်ဆိုင်းနေတဲ့ ကားတစီးပေါ် တက်သွားခဲ့တာကို မြင်တွေ့လိုက်ရပါတယ်။

ဒါပေမယ့် မင်းသမီးရဲ့ အနောက်မှာ လိုက်ပါလာတဲ့ အမျိုးသားကတော့ စောင့်ဆိုင်းနေတဲ့ ပါပါရာဇီတွေကို ဟန့်တားနေတာကိုလည်း တွေ့ရပါတယ်။ အဲဒီအမျိုးသားက ကြီးမားတဲ့ အနက်ရောင်ထီးတလက်ကို ကိုင်ဆောင်ထားပြီး မင်းသမီးကို ကာကွယ်ပေးဖို့အတွက် အသင့်နေရာယူထားတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်နေ့တုန်းက ပေကျင်းလေဆိပ်ပြင်ပမှာ ရုတ်တရက်ရိုက်ယူခဲ့တဲ့ အဲဒီဓါတ်ပုံမှာတော့ တရုတ်နိုင်ငံရဲ့ နာမည်အကြီးဆုံးမင်းသမီးဟာ အချိန် ၃ လကျော်ကြာပြီးတဲ့နောက် ပရိသတ် ရှေ့မှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်လည်ထွက်ပေါ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။

Forbes မဂ္ဂဇင်းကနေ ထုတ်ပြန်တဲ့စာရင်းမှာ ၄ နှစ်ဆက်တိုက် နိုင်ငံရဲ့ အနုပညာကြေးအမြင့်ဆုံး နာမည်ကျော်မင်းသမီး Fan ဟာ အခွန်ရှောင်မှုအရှုပ်တော်ပုံကြောင့် အာဏာပိုင်တွေရဲ့ စစ်ဆေးမှုကို ခံနေခဲ့ရတဲ့ လနဲ့ချီတဲ့ကာလအတွင်း ပရိသတ်ရှေ့မှောက်ကနေ ကွယ်ပျောက်နေခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသမီးအနေနဲ့ အဖမ်းခံခဲ့ရပြီဖြစ်ကြောင်း၊ မင်းသားကြီး ဂျက်ကီချန်းနဲ့ အကူအညီနဲ့ အမေရိကန်နိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ကောလာဟလတွေလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ထွက်ပေါ်ခဲ့တဲ့ ကောလာဟလအားလုံးဟာ အောက်တိုဘာလ ၃ ရက်မှာ ရှင်းလင်းသွားခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ်မင်းသမီး Fan ကို တရုတ်ယွမ် ၈၈၃ သန်းရှိတဲ့ ဒဏ်ငွေပေးဆောင်စေဖို့ အာဏာပိုင်တွေက အမိန့်ချမှတ်ခဲ့ပါတယ်။

သတင်း ဝက်ဘ်ဆိုက်တွေရဲ့အဆိုအရ မင်းသမီးက လနဲ့ချီပြီး မသုံးဘဲထားခဲ့တဲ့ Weibo မှာ ဝင်ငွေကို လျှော့ပြီးပြသခဲ့တာနဲ့ ပတ်သက်လို့ သူ့အနေနဲ့ နက်နက်ရှိုင်းရှိုင်းအရှက်ရမိပါကြောင်း ပြောဆိုခဲ့ပြီးတဲ့နောက် အဲဒီလိုအမိန့်ချမှတ် ကြေညာချက်ထွက်ပေါ်လာတာလို့ဆိုပါတယ်။

အင်တာနက်သုံးစွဲသူတွေကတော့ မင်းသမီး ထောင်ချခံရမှာကို စိုးရိမ်ခဲ့ကြပေမယ့် ပရိသတ် တချို့ကတော့ တရုတ်နိုင်ငံရဲ့ ရာဇဝတ်မှုဥပဒေဆိုင်ရာ ၂၀၀၉ ခုနှစ် ပြင်ဆင်ချက်မှာ ပထမဆုံးပြစ်မှုကျူးလွန်သူကို ဒဏ်ငွေတရပ်ရပ်သာ ချမှတ်ရမယ်လို့ ဖော်ပြထားတဲ့ အကြောင်း ပြောဆိုကြပါတယ်။ ဒါပေမယ့် မင်းသမီးရဲ့ အမှုကို ကိုင်တွယ်ခဲ့တဲ့ အခွန်အရာရှိ အချို့ကတော့ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့တဲ့အတွက် ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။

Ref: asiaone

Did you find apk for android? You can find new Free Android Games and apps.
Loading