ဧရာဝတီသတင်းဌာန၏ ၂၅နှစ်မြောက်အထိမ်းအမှတ် နှစ်ပတ်လည်နှင့်ပတ်သက်ပြီး Myanmar Idol သီချင်းဆိုပြိုင်ပွဲမှ တဆင့် ပရိသတ်ချစ်ခင်မှုရရှိခဲ့တဲ့ အဆိုတော်ဘီလီလမင်းအေးရဲ့ ဆုတောင်းစကားသံကို ဖော်ပြပေးလိုက်ပါတယ်။
“ဧရာဝတီသတင်းဌာနက အခုဆိုရင် ၂၅နှစ်တိုင်ရှိခဲ့ပြီ။ ဆက်လက်ပြီးတော့ အောင်မြင်မှုတွေ အများကြီးရရှိပါစေလို့ ဖူးအနေနဲ့ ဆုတောင်းပေးပါတယ်” ဘီလီလမင်းအေးက ပြောပါတယ်။
ဧရာဝတီသတင်းဌာနကို ၁၉၉၃ခုနှစ် စတင်တည်ထောင်ခဲ့ပါတယ်။ ထိုအချိန်မှစ၍ ဧရာဝတီဟာ အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် မြန်မာနှင့် အရှေ့တောင်အာရှရေးရာ သတင်း ၊ သတင်းဆောင်းပါး၊ သတင်းသုံးသပ်ချက်နှင့် အယ်ဒီတာ့အာဘော်များဖြင့် စာဖတ်ပရိသတ်၏ ယုံကြည်ကိုးစားသော သတင်းဌာနဖြစ်လာခဲ့ပါတယ်။
ဆက်လက်ပြီးတော့ ဘီလီလမင်းအေးက သူမတို့လို အနုပညာရှင်တွေရဲ့ သတင်းအကြောင်းအရာများကို ဖော်ပြပေးတဲ့ သတင်းဌာနတခုဖြစ်တဲ့ ဧရာဝတီသတင်းဌာနကို ကျေးဇူးတင်ကြောင်းကို ပြောထားပါတယ်။
“မီဒီယာနဲ့ အနုပညာရှင်ဆိုတာကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမီဒီယာကနေတဆင့် ဖူးတို့ကိုချစ်တဲ့ ပြည်သူတွေဆီကို သတင်းတွေ ၊ လှုပ်ရှားမှုတွေကို ကြားသိခွင့်ရတာဖြစ်တဲ့အတွက် ဧရာဝတီကိုကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးအောင်မြင်မှုတွေ ရရှိပါစေ” လို့ဘီလီလမင်းအေး ကပြောပါတယ်။
ဘီလီလမင်းအေးကတော့ Myanmar Idol Season 2ရဲ့ 1st Runner up ဆုရှင်တယောက်ဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးခဲ့ပြီးနောက်မှာ ဂီတအလုပ်ကို တစိုက်မတ်မတ်လုပ်ကိုင်လာခဲ့ကာ သူမရဲ့ပထမဆုံးတကိုယ်တော်အခွေဖြစ်တဲ့ “အရှုံးမပေးတဲ့ ဝိဉာဉ်” ဆိုတဲ့အခွေထွက်ရှိထားပါတယ်။