• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

တရုတ်နိုင်ငံမှာ ပြသခွင့်ဖျက်သိမ်းခံထားရတဲ့ Fan Bingbing ရဲ့ ရုပ်ရှင်သစ် မကြာမီရုံတင်မည်

by မစ်ကီ
19 October 2018
in Entertainment
A A
မင်းသမီး Fan Bingbing ပါဝင်ထားတဲ့ Air Strike ရုပ်ရှင်ကား

မင်းသမီး Fan Bingbing ပါဝင်ထားတဲ့ Air Strike ရုပ်ရှင်ကား

7.1k
VIEWS
Share on FacebookShare on Twitter

တရုတ်မင်းသမီး Fan Bingbing ပါဝင်သရုပ်ဆောင်ထားတဲ့ “Air Strike” ရုပ်ရှင်ရဲ့ ဒါရိုက်တာက မင်းသမီးရဲ့ အခွန်ရှောင် အရှုပ်တော်ပုံတွေနဲ့ လူမြင်ကွင်းကနေ ကွယ်ပျောက်ခဲ့ရတဲ့ ဖြစ်ရပ်တွေကြောင့် သူ့ရဲ့ ရုပ်ရှင်ပြသမယ့်ရက်ကို ဖျက်သိမ်းခဲ့ရတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

ဟောလိဝုဒ် နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ မင်းသား Bruce Willis နဲ့ မင်းသား Adrien Brody တို့ပါဝင် သရုပ်ဆောင်ထားတဲ့ အဲဒီ ဒုတိယကမ္ဘာစစ်နောက်ခံ သည်းထိတ်ရင်ဖိုရုပ်ရှင်ကို လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့ကစလို့ ကမ္ဘာတဝန်းမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

RelatedPosts

နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
318
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
959
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
381

ဒါပေမယ့် ဒါရိုက်တာ Xiao Feng ကတော့ အဲဒီရုပ်ရှင်အတွက် ၈ နှစ်ကြာအချိန်ကုန်ခဲ့ပြီး ဖြစ်တဲ့အတွက် ပြသဖို့ အချိန်တန်ပြီဖြစ်တဲ့အကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့က သူ့ရဲ့ Weibo အကောင့်မှာ တင်ခဲ့ပါတယ်။

အခုလအစောပိုင်းမှာပဲ မင်းသမီး Fan ကို တရုတ်အခွန်အာဏာပိုင်တွေက အခွန်ရှောင်မှုအတွက် အမေရိကန် ဒေါ်လာ သန်း ၁၃၀ ပမာဏရှိတဲ့ ဒဏ်ကြေးနဲ့ ပေးဆောင်ရမယ့် အခွန်ငွေတွေ အားလုံးကိုပေးဖို့ အမိန့်ချမှတ်ထား ခဲ့တာပါ။ အဲဒီမတိုင်မီ ၃ လလောက်ကစလို့ မင်းသမီးဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံပိုင်မီဒီယာကတော့ မင်းသမီး Fan ဟာ “Air Strike” ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်ကြေးအတွက် သီးခြား စာချုပ်နှစ်ခုကို အသုံးပြုပြီး အခွန်ရှောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

မင်းသမီး Fan ဟာ တရုတ်နိုင်ငံမှာ ဒါဇင်နဲ့ချီတဲ့ ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး “X-Men: Days of Future Past” ရုပ်ရှင်မှာ Blink အဖြစ်နဲ့ “Iron Man 3” တရုတ်ဗားရှင်းမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး နိုင်ငံတကာမှာ နာမည်ကျော်ကြားသူ တယောက်လည်း ဖြစ်ပါတယ်။ မင်းသမီးဟာ ပြီးခဲ့တဲ့ မေလတုန်းကမှ ကိန်းစ်ရုပ်ရှင် ပွဲတော်ကို တက်ရောက်ခဲ့ပါသေးတယ်။

အခုလိုလူမြင်ကွင်းကနေ မပျောက်ကွယ်သွားခင်မှာ မင်းသမီး Fan ဟာ ဟောလိဝုဒ်ရုပ်ရှင ်”355” မှာ စပိန်မင်းသမီး Penelope Cruz နဲ့အတူပါဝင်သရုပ်ဆောင်ဖို့ ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။

သူက အခွန်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကိုလက်ခံမယ့်အကြောင်းနဲ့ အခွန်နဲ့ ဒဏ်ငွေတွေကို ပြန်ပေးဖို့ ငွေစုဆောင်း ပြီး အခက်အခဲအားလုံးကို ကျော်လွှားဖို့ အကောင်းဆုံးကြိုးစားသွားမယ့်အကြောင်း ဖော်ပြထားတဲ့ တောင်းပန်စာတခုကို Weibo အကောင့်မှာ တင်ခဲ့ပါသေးတယ်။

Ref: usatoday

Your Thoughts …
Tags: Air StrikeBruce WillisFan Bingbing
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မင်းသမီး Fan Bingbing ရေးသားခဲ့တဲ့ တောင်းပန်စာ

Fan Bingbing ရဲ့ တောင်းပန်စာကို တရုတ်စာသင်ကျောင်းမှာ သင်ခန်းစာအဖြစ်သင်ကြား

by မစ်ကီ
12 October 2018
8k

အဲဒီဆရာမဟာ အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မင်းသမီးရဲ့ ရှည်လျားတဲ့ စာအတွင်းမှာ စာလုံးပေါင်းနဲ့ သဒ္ဒါအမှား ၁၀ ခု ပါဝင်နေတာကို သတိထားမိခဲ့ပါတယ်။

မင်းသားကြီး Bruce Willis

“Cornerman” ရုပ်ရှင်မှာ မိုက်တိုင်ဆန်ကို လက်ဝှေ့ပညာ လေ့ကျင့်ပေးသူအဖြစ် မင်းသားကြီး Bruce Willis ပါဝင်မည်

by မစ်ကီ
8 May 2018
7.4k

အသက် ၆၃ နှစ်အရွယ် မင်းသားကြီးဟာ ကမ္ဘာကျော်လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်ရဲ့ လက်ဝှေ့လေ့ကျင့်ပေးသူ အဖြစ်ပါဝင်မှာဖြစ်ပြီး "Homeland" ဇာတ်လမ်းတွဲထဲက မင်းသား Rupert Friend က ဇာတ်ညွှန်းရေးသား ရိုက်ကူးပေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်မင်းသမီး Fan Bingbing

အခွန်ရှောင်မှုကြောင့် တရုတ်မင်းသမီး Fan Bingbing ယွမ်ငွေ သန်းနဲ့ချီပြီး ဒဏ်တပ်ခံရ

by မစ်ကီ
3 October 2018
6.6k

တရုတ်နိုင်ငံပိုင်အေဂျင်စီ Xinhua ရဲ့ အဆိုအရ မင်းသမီး Fan ပေးဆောင်ရမယ့် ငွေပမာဏဟာ ဒေါ်လာ သန်း ၇၀ နဲ့ ညီမျှတဲ့ ယွမ်ငွေပမာဏ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်မင်းသမီး Fan Bingbing

မွေးနေ့မှာ Weibo အကောင့်ကို သုံးခဲ့တဲ့ မင်းသမီး Fan Bingbing

by မစ်ကီ
18 September 2018
7.4k

မင်းသမီး Fan ကတော့ ရုပ်ရှင်တခုအတွက် သဘောတူညီချက်များစွာကို လက်မှတ်ထိုးပြီး ငွေပမာဏအများကြီး ရရှိစေခဲ့တဲ့ သဘောတူညီချက်စာချုပ်တွေကို အသုံးပြုပြီး အခွန်ရှောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

နာမည်ကျော် မင်းသားကြီး Bruce Willis

Mask မတပ်လို့ ဆေးဆိုင်ထဲကနေ နှင်ထုတ်ခံခဲ့ရတဲ့ မင်းသား Bruce Willis

by မစ်ကီ
14 January 2021
6.8k

သတင်းတွေရဲ့အဆိုအရ မင်းသား Bruce ဟာ Mask မတပ်ထားခဲ့တဲ့အတွက် တခြားဝယ်သူတွေကို စိတ်ဆိုးမှုတွေ ဖြစ်ပေါ်စေခဲ့လို့ ဆေးဆိုင်ထဲကနေ နှင်ထုတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ပေကျင်းလေဆိပ်ပြင်ပမှာ တွေ့ရတဲ့ မင်းသမီး Fan Bingbing

အခွန်ရှောင်မှု အရှုပ်အထွေးပြီးတဲ့နောက် လူမြင်ကွင်းထွက်လာခဲ့တဲ့ မင်းသမီး Fan Bingbing

by မစ်ကီ
17 October 2018
50.2k

မင်းသမီးဟာ အချိန် ၃ လကျော်ကြာပြီးတဲ့နောက် ပရိသတ် ရှေ့မှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်လည်ထွက်ပေါ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။

Next Post
အုန်းတောချေ စခန်း မီးငြှိမ်းသတ်နေစဉ်  / Rakhine Fire Force

စစ်တွေ အုန်းတောချေ ကယ်ဆယ်ရေး စခန်း မီးလောင်၊ ၆ ဦး သေ

သကြားဓာတ်နဲ့ အက်ဆစ်ဓာတ်တွေဟာ သွားတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်

သွားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အစားအစာများ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.8k

Most Read

  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate