• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“မရွှေသော်” နာမည်နဲ့ Food Service လုပ်ငန်း လုပ်ကိုင်နေတဲ့ အဆိုတော် ရှင်ဖုန်း

by ချစ်ပိုး
29 October 2018
in Entertainment
A A
အဆိုတော် ရှင်ဖုန်း  /  ချစ်ပိုး / ဧရာဝတီ

အဆိုတော် ရှင်ဖုန်း / ချစ်ပိုး / ဧရာဝတီ

48k
VIEWS
Share on FacebookShare on Twitter

သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့ ရှင်ဖုန်းက အစားအသောက် အရမ်းကြိုက်သူလည်းဖြစ်တာကြောင့် အိမ်မှာ အွန်လိုင်း Food Service လုပ်ငန်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“အနုပညာအလုပ်တွေ ဝေးနေတာက လူမှုရေးတွေရော စီးပွားရေးတွေရော အိမ်ထောင်ရေးတွေရောပေါ့။ နောက်ကိုယ်ကလည်း အစားအသောက် အရမ်းကြိုက်တဲ့ သူဆိုတော့ အိမ်မှာ အွန်လိုင်း food service ပေးနေတာ ရှိတယ်။ ‘မရွှေသော်’ ဆိုတဲ့ နာမည်လေးနဲ့ လုပ်နေတယ်။ မကြော်ငြာရသေးဘူး။ ကိုယ့်အသိ မိတ်ဆွေတွေ၊ အော်ဒါများတာတွေကိုပဲ လုပ်ပေးဖြစ်နေပါတယ်” လို့ ရှင်ဖုန်းက ပြောပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
761
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.4k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
518

“ဆိုင်အနေနဲ့တော့ လုပ်ဖို့ မရှိဘူး။ ဆိုင်လုပ်ဖို့ အတွက် အချိန်မပေးနိုင်သလို လူလည်းပင်ပန်းတယ်။ စရိတ်လည်း ပိုကြီးတော့ ဆိုင်လုပ်ဖို့ စိတ်မပါဘူး။ အိမ်မှာပဲ ပျော်ပျော်ပါးပါး အော်ဒါတွေ လုပ်ပေးဖြစ်တယ်။ အိမ်မှာ မြန်မာမုန့်တွေ လုပ်တယ်။ သူငယ်ချင်းတွေကမှာရင်းနဲ့ လုပ်ပေးရင်း တဆင့်တဆင့်ကနေ လုပ်ဖြစ်သွားတာပါ။ မြန်မာအချိုပွဲလေးတွေ မြန်မာမုန့်လေးတွေရယ် နောက် မြန်မာထမင်းဟင်း၊ ထောပတ်ထမင်းတို့ မြီးရှည်တို့ မျိုးစုံပေါ့။ အကုန်ရတယ်။ အိမ်မှာ လုပ်စားနေကြဆိုတော့ တကူးတကကြီး သွားသင်စရာ မလိုဘူးပေါ့”လို့ ရှင်ဖုန်းက ဆိုပါတယ်။

ဂီတလောကနဲ့ ၅ နှစ်လောက် ဝေးကွာနေပြီဖြစ်တဲ့ ရှင်ဖုန်းက သူမရဲ့သီချင်းတွေကို cover song ပြန်လည်သီဆိုကြတဲ့အပေါ် ဝမ်းသာတယ်လို့လည်း ပြောပါတယ်။ သီချင်းတွေ ထွက်ဖို့ မရှိသေးတဲ့ ရှင်ဖုန်းက အွန်လိုင်းကနေလည်း Mini Album တွေ ထွက်နိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“သီချင်းတွေ ထွက်ဖို့ မရှိသေးဘူး။ ထွက်ဖြစ်ရင်တော့ ပြောပါမယ်။ ခွေကတော့ စီစဉ်တာ လွယ်လည်း မလွယ်ဘူ။း ကြာလည်းကြာတယ်ပေါ့။ တင်ဖြစ်ရင်တော့ အွန်လိုင်းကနေ တင်ဖြစ်ပါမယ်။ အခုကတော့ သီချင်းလည်း မရှာရသေးသလိုရှိလည်း မရှိသေးပါဘူး။ ဖျော်ဖြေပွဲတော့ တခါတလေသွားဖြစ်ပါတယ်။

“သီချင်းတွေကို cover song အနေနဲ့ ရှင်ဖုန်းရဲ့ သီချင်းတွေ ပြန်ဆိုတာတွေ့တယ်။ နီလန်းက ‘ခုံတန်းလေး’ကို ပြန်ဆိုတာတွေ့တယ်။ ပရိသတ်တွေ ခံစားမှုအသစ်ရတာပေါ့။ သူတို့လေးတွေပြန်ဆိုတာလည်းကောင်းပါတယ်။ တခါတလေ ကိုယ့်သီချင်းလေးတွေကို ပြိုင်ပွဲမှာဆိုတော့ ကြိုက်လည်းကြိုက်တယ်။ ဝမ်းလည်း ဝမ်းသာတယ်။ ရှင်ဖုန်းရဲ့ အချို့ သီချင်းလေးတွေက လွယ်တယ်။ လွယ်တော့ ပြိုင်ပွဲစည်းမျဉ်းနဲ့ မလိုက်ဖက်မှာတော့ စိုးရိမ်တာပေါ့။ ပြိုင်မယ်ဆိုရင်လည်း သေချာလေးရွေးကြပါပေါ့”

“ပြိုင်သင့်တဲ့ သီချင်းမျိုးကိုရွေးပြီး ပြိုင်တာကပို ပြီးတော့ အဆင်ပြေတယ်။ ပိုပြီးတော့ ကောင်းတယ်။ ၂၀၁၆ လောက်တုန်းက သီချင်းလေးတခွေထွက်ခဲ့တယ်။ တပုဒ်ကို Mini Album လေး ထွက်ဖြစ်အောင်တော့ ကြိုးစားပါ့ဦးမယ်”လို့ ရှင်ဖုန်းက ပြောပါတယ်။

အဆိုတော် ရှင်ဖုန်းကတော့ “တယ်လီဖုန်း”၊ “ကိုယ်ပိုင်တဲ့ ကိုယ့်နေရာ” စတဲ့ သီချင်းတွေနဲ့ ပရိသတ်ရင်ထဲရောက်ခဲ့ပြီး တကိုယ်တော် သီချင်းခွေများစွာလည်း ထွက်ရှိထားပါတယ်။

Your Thoughts …
Tags: ရှင်ဖုန်း
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက် နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စောမူတူးစေးဖောတို့ တွေ့ဆုံ နှုတ်ဆက်စဉ် / နိုင်ငံတော် အတိုင်ပင်ခံ ရုံး

ဘာ့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းက KNU ထွက်ရသလဲ

ကျန်းမာရေးမကောင်းသူ သရုပ်ဆောင် ကစ်ကစ်ကို အနုပညာရှင်များကလည်း လိုအပ်တဲ့ ငွေကြေးများ လှူဒါန်းလျက်ရှိပါတယ်

သရုပ်ဆောင် ကစ်ကစ်အတွက် ကျောက်ကပ် လှူဒါန်းမယ့်သူ အယောက် ၂၀ ခန့်ရှိနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate