သင်ဟာ Horror နဲ့ Action ရုပ်ရှင်တွေရဲ့ ပရိသတ်တယောက်ဆိုရင် သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေကို မကြာခဏ ရုပ်ရှင်တွေမှာ တွေ့မြင်ဖူးမှာပါ။ တကယ့် သွေးအစစ်အတိုင်း ရုပ်ရှင်ထဲမှာ သွေးအတုတွေကို ဘယ်လိုလုပ်လဲဆိုတာက စိတ်ဝင်စားစရာ မေးခွန်းတခုပဲ ဖြစ်ပါတယ်။
တလောက ထွက်ရှိလာတဲ့ American Chemical Society ရဲ့ ဗီဒီယိုတခုမှာတော့ အတိအလင်းဖော်ပြခဲ့ပါတယ်။ အဲဒီ ဗီဒီယိုဖိုင်အရ ခေတ်အဆက်ဆက် ရုပ်ရှင်ဖန်တီးသူတွေဟာ တယောက်နဲ့ တယောက် မတူညီတဲ့ ပါဝင်ပစ္စည်းတွေ အသုံးပြုခဲ့ကြတာ ဖြစ်သလို တယောက်နဲ့ တယောက် နည်းစနစ်ချင်းလည်း ကွဲပြားတာကို တွေ့ရှိကြရမှာပါ။
လိုအပ်တဲ့ အရောင်ဆိုးဆေးနဲ့ ငွေကြေးချွေတာရမှုတွေကြောင့် အခုလို သွေးအတု လုပ်တဲ့အခါမှာ ခြားနားသွားခဲ့ကြတာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ပြုလုပ်ထားတဲ့ သွေးအတုတွေကို ပြဇာတ်ရုံ စင်မြင့်တွေမှာ နှစ်အတော်ကြာ အသုံးပြုပြီးမှသာ ရုပ်ရှင်ဖန်သားပြင်မှာ လိုအပ်တဲ့ ဇာတ်ကွက်အလိုက် အသက်ဝင်စေဖို့ သုံးစွဲခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပဲရစ်မြို့ရဲ့ ပြဇာတ်ရုံဟာ အနီရောင်ဆေးမှုန့်၊ Glycerol နဲ့ ရောနှော အသုံးပြုတဲ့ သွေးအတုဟာ တကယ့်အစစ်အတိုင်း တွေ့မြင်ရတာကြောင့် နာမည်ကျော်ကြားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။
Psycho နဲ့ Night of the Living Dead ရုပ်ရှင်တွေတုန်းကတော့ အဖြူအမည်းခေတ်ဖြစ်တာကြောင့် ဒါရိုက်တာ Alfred Hitchcock ဟာ သွေးအတုတွေနေရာမှာ ချောကလက်တွေကို အသုံးပြုခဲ့ဖူးတာလည်း ဖြစ်ပါတယ်။
Evil Dead နဲ့ Carrie တို့မှာ အသုံးပြုခဲ့တဲ့ သွေးအတုတွေကတော့ ကိုယ်တိုင်တောင် စမ်းသပ်ပြုလုပ်ကြည့်လို့ ရလောက်တဲ့အထိ ရိုးစင်းတဲ့ ပါဝင်ပစ္စည်းတွေ (သကာရည်နဲ့ အစားအစာ အရောင်တင်မှုန့်)တို့သာ လိုအပ်တာပဲ ဖြစ်ပါတယ်။
နာမည်ကျော်ကြားလှတဲ့ မိတ်ကပ်ပညာရှင် Dick Smith ကတော့ methylparaben ကို သွေးအစစ်နဲ့ ပိုပြီးတူညီစေနိုင်အောင် The Exocrist ရုပ်ရှင်မှာ အသုံးပြုခဲ့တယ်လို့လည်း သိရှိရပါတယ်။
Ref: www.rd.com