• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဇာတ်ကားတကားရိုက်ဖို့ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲနေတဲ့ အေးမြတ်သူ

by ယုဖြူဟန်
4 November 2018
in Entertainment
A A
သရုပ်ဆောင် အေးမြတ်သူ  / ထက်ဝေ / ဧရာဝတီ

သရုပ်ဆောင် အေးမြတ်သူ / ထက်ဝေ / ဧရာဝတီ

7.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံက မင်းသမီးတွေထဲမှာ ခန္ဓာကိုယ်ကောက်ကြောင်း လှပမှုကြောင့် ပရိသတ်များ နှစ်သက်သဘောကျကြတဲ့ အေးမြတ်သူကတော့ လတ်တလောမှာ ဇာတ်ကားတကား ရိုက်ဖို့အတွက် ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲဖို့ လေ့ကျင့်နေတယ်လို့ ဆိုပါတယ်။

“ဒီရက်ပိုင်းမှာတော့ ကားရိုက်အတွက် ခန္ဓာကိုယ်ကို အချိုးအစား နည်းနည်း ပြောင်းအောင် လေ့ကျင့်နေပါတယ်။ ပြီးရင် လကုန်လောက်မှာ ရိုက်ပါမယ်။ ဘာကားရိုက်မလဲ ဆိုတာကိုတော့ ကြိုမပြောချင်သေးဘူး”လို့ အေးမြတ်သူ ကပြောပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
572
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
302
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
382

အဆိုပါ ရိုက်ကူးမယ့်ဇာတ်လမ်းကိုတော့ ပြောမပြချင်သေးဘဲ လျှို့ဝှက်ထားဦးမယ်လို့ ဆိုပါတယ်။ ယခုနောက်ပိုင်းမှာ အေးမြတ်သူကို ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများမှာ ခပ်စိပ်စိပ်နဲ့ ပါဝင်လာတာကို တွေ့လာရပြီး အေးမြတ်သူက ဝတ္ထုထဲက ဇာတ်ကောင်တခုကို ဖန်တီးခွင့်ရမယ်ဆိုရင် ဘဝမှာ ဆုထူးတခုရသလို ပျော်ရွှင်ဝမ်းမြောက်မိမှာဖြစ်ပြီး ဖန်တီးခွင့်ရဖို့အတွက် အမြဲတမ်း ဆုတောင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ဇာတ်ကောင်တခုကို ဖန်တီးခွင့်ရမယ်ဆိုရင်တော့ အတိုင်းမသိအောင် ပျော်ရွှင်မိမှာပေါ့။ ဘဝမှာ ဆုထူးတခုလို့ပဲ ပြောရမလား။ ကံကောင်းခြင်းတခုလို့ ခံစားလို့ရတယ်။ အဲဒီလိုမျိုးဇာတ်ကားတခုမှာ ဇာတ်ကောင်တခုအနေနဲ့ ဖန်တီးခွင့် ရဖို့အတွက် အမြဲတမ်းဆုတောင်းပါတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

စိတ်ထဲမှာ ဖန်တီးချင်တဲ့ ဇာတ်ကောင်ရယ်လို့ သီးသန့်သတ်မှတ်ထားတာမျိုး မရှိဘဲ သူမဆီ ရောက်ရှိလာတဲ့ ဇာတ်ရုပ်ကို အကောင်းဆုံး ဖန်တီးသွားမယ်ဆိုတဲ့ စိတ်နဲ့ပဲ လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ဖန်တီးချင်တဲ့ ဇာတ်ကောင်ဆိုတာမျိုးတော့ မရှိဘူး။ ကိုယ့်ဆီရောက်လာတာကို အကောင်းဆုံးလုပ်သွားမယ် ဆိုတာမျိုးပဲရှိတယ်။ အေးမြတ်သူကကျတော့ စိတ်ကူးယဉ် သိပ်မဆန်ဘူး။ ကြိုးစားအားထုတ်မှုနဲ့ အချိန်ပေးနိုင်မှု၊ ဒီကားမှာ ကိုယ့်ရဲ့ ပေးဆပ်နိုင်စွမ်းကိုပဲ စဉ်းစားတယ်။ ပြီးရင် ငါတော့ ဒီဇာတ်ကောင် လုပ်ချင်တယ်ဆိုမျိုး စိတ်မကူးခဲ့ဘူး”လို့ အေးမြတ်သူက ပြောပါတယ်။

မကြာသေးမီ ရက်ပိုင်းအတွင်းက MRTV – 4 မှ ထုတ်လွှင့်ပြသပြီးသွားတဲ့ “မနေ့ကဖြစ်သည် ၂” မှာ ရဲအုပ်ခက်ခက်ခိုင် နေရာက သရုပ်ဆောင်ခဲ့တဲ့ အေးမြတ်သူဟာ ပရိသတ်ရဲ့ ကြိုက်နှစ်သက်မှုနဲ့အတူ ဝေဖန်မှု အနည်းငယ်လည်း ကြုံတွေ့ခဲ့ရပါတယ်။

“မနေ့ကဖြစ်သည် ၁ ရော ၂ ရော ပြီးသွားတယ်ဆိုပေမယ့် ပရိသတ်ရဲ့ အားပေးမှုနဲ့ ‘မနေ့ကဖြစ်သည် ၃’ များ ရိုက်ရလေမလားလို့ မျှော်လင့်ရတာပေါ့။ ပရိသတ် အားပေးမှုအဓိကပါ။ ၁ ရော ၂ရော အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကောင်းမှုကြောင့် ထုတ်လုပ်ရေးကလည်း စဉ်းစားနေပါတယ်။ နောက်ထပ် ဇာတ်လမ်းကောင်းတွေကို။ ၁ ရော ၂ ရောမှာ ပါဝင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခက်ခက်ခိုင်ရဲ့ ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ဝေဖန်တဲ့သူတွေကို လည်း ကျေးဇူးတင်ပါတယ်”လို့အေးမြတ်သူက ပြောပါတယ်။

Your Thoughts …
Tags: အေးမြတ်သူ
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ထဘီရင်လျားနဲ့ ဓာတ်ပုံ ရိုက်ခဲ့တဲ့ သရုပ်ဆောင် အေးမြတ်သူ  /  Aye Myat Thu's Fcaebook

ရွှေစက်တော်မှာ ထဘီရင်လျားနဲ့ ဓာတ်ပုံ ရိုက်ခဲ့တဲ့အကြောင်း ပြောပြတဲ့ အေးမြတ်သူ

by ချစ်ပိုး
27 February 2020
40.7k

ရွှေစက်တော်မှာ ရင်လျားတဲ့ပုံ ရိုက်ခဲ့တာက အရမ်း အမြင်မရိုင်းဘူးလို့ မြင်ပါတယ်။ လူတွေ အရမ်းစည်ကားနေရင်တော့ ရင်လျားလို့ အဆင်ပြေမှာ မဟုတ်ဘူး။

၂၀၁၆ ခုနှစ် သင်္ကြန်မှာ ရေကစားနေတဲ့ သရုပ်ဆောင် အေးမြတ်သူ / အေးမြတ်သူ / facebook

အေးမြတ်သူနဲ့ သင်္ကြန် ဖက်ရှင်

by ဧရာဝတီ
6 April 2017
13.4k

ပြီးခဲ့တဲ့ သင်္ကြန်ကဆိုရင် အေးမြတ်သူကို အားလုံးလည်း ပိုချစ်ကြတယ်။ ဒီလိုလေး ရေပက်တာကို အမြဲတမ်းပဲ ကောင်းတယ် ဆိုပြီး ချီးမွမ်းစကား ပြောပေးကြတယ်ဆိုတော့ အေးမြတ်သူ အသက် ၃၀ မှာ ပြီးခဲ့နှစ်သင်္ကြန်က အေးမြတ်သူအတွက် တသက်လုံး အမှတ်ရနေမယ့်...

သရုပ်ဆောင် နေမင်းနဲ့ အေးမြတ်သူ / ချစ်ပိုး / ဧရာဝတီ

“အပျိုကြီး မလုပ်ပါဘူး၊ အိမ်ထောင်ပြုဖို့ ဆန္ဒ ရှိပါတယ်”လို့ ပြောတဲ့ အေးမြတ်သူ

by ချစ်ပိုး
26 February 2019
14.9k

"အိမ်ထောင်ဘက်က ပိုက်ဆံရှိတယ်၊ အရမ်းချမ်းသာတယ်ဆိုတာထက် ပညာဉာဏ် ရှိစေချင်တယ်။ အဆိုး၊ အကောင်းကို ခွဲခြားနိုင်တယ်။ ဘာသာတရား လက်ကိုင်ထားပြီး အကောင်းမြင်တတ်သူကို အေးမြတ်သူ ရွေးချယ်မယ်။

အကယ်ဒမီ အေးမြတ်သူ / Aye Myat Thu's Facebook

“အကယ်ဒမီ မင်းသမီးလို့ ပြောတာနဲ့ ကံကောင်းတယ်လို့ ခံစားရတယ်”

by ချစ်ပိုး
20 January 2021
4.5k

အကယ်ဒမီ သရုပ်ဆောင်ဆိုတာ ဘာနဲ့မှ လဲလို့ မရတဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမှု ဖြစ်နေတာ။ ပြောတိုင်း ကြည်နူးရတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

သရုပ်ဆောင် အေးမြတ်သူ / ချစ်ပိုး / ဧရာဝတီ

အကယ်ဒမီရပြီးနောက်ပိုင်း စကားပြောတာနဲ့ အနေအထိုင်ကို ထိန်းသိမ်းလာတယ်လို့ အေးမြတ်သူပြော

by ချစ်ပိုး
22 May 2019
8.3k

“ ကိုယ့်ရဲ့ အပြုအမူတွေက တဖက်သားအတွက် စရိုက်ဆန်သွားတာမျိုးတွေ၊ တဖက်သားက အထင်သေးသွားမယ့် အပြုအမူမျိုးတွေ မဖြစ်အောင်လို့ သေသေချာချာလေးတော့ ကြိုးစားပြီး တည်ဆောက်နေပါတယ်။

သရုပ်ဆောင် အေးမြတ်သူ  / ချစ်ပိုး / ဧရာဝတီ

“ကိုဗစ်ကာလမှာ အနုပညာရှင်တွေလည်း လှုပ်ရှားရုန်းကန်နေကြတာပါ”

by ချစ်ပိုး
10 June 2020
4.7k

“အနုပညာရှင်တွေကို ချစ်တဲ့ စိတ်နဲ့ ဝယ်ယူအားပေးနေကြတာကိုလည်း ကျေးဇူးတင်ပါတယ်။ ရောင်းနေတဲ့သူတွေ ပြောရင်လည်း ကိုယ်လည်း အားကျတယ်။

Next Post
သင်ကိုယ်တိုင်က စာအုပ်ကို သဘောအရမ်းကျတဲ့ အခါမျိုးမှာ ဇာတ်သိမ်း လာပြောပြတာကို မကြိုက်တဲ့သူ အစားထဲမှာလည်း ပါနိုင်ပါတယ်

ဖတ်လက်စ စာအုပ်ရဲ့ ဇာတ်သိမ်းကို ပြောပြလို့ လုပ်ဖော်ကိုင်ဖက်ကို ဓားနဲ့ ထိုးလိုက်တဲ့ ဖြစ်ရပ်

သင်နေ့စဉ် စားနေသည့် ငါး၊ ပုဇွန်များတွင် ခေတ်သစ်ကျွန်တို့၏ သွေးညှီနံ့ ကင်းပါရဲ့လား / Reuters

ပြည်တွင်း ငါးလုပ်ငန်းက ခေတ်သစ်ကျွန်ပြုမှုကို ကန့်ကွက်ကြပါ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate