လူတဦးတယောက်ဟာ မွေးဖွားလာကတည်းက ကံဇာတာတွေဟာ မတူကြပါဘူး။ တချို့တွေအတွက် အောင်မြင်မှုက အလွန်ကြိုးစားရသလို တချို့ကျတော့လည်း သူများတွေက အားကျရလောက်အောင် အောင်မြင်တဲ့ဘဝတွေ ပိုင်ဆိုင်ထားကြပါတယ်။
သူတို့တွေထဲကမှ ကောင်းမွန်တဲ့ဘဝတွေကို ပိုင်ဆိုင်ထားတဲ့ ကိုရီးယားနိုင်ငံရဲ့ အိုင်ဒေါတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Ten (NCT)
ကိုရီးယားအဆိုတော်အဖွဲ့ထဲက NCT ရဲ့ အဖွဲ့ဝင်တယောက်ဖြစ်သူ Ten ကံကောင်းသူတဦးလို့ ပြောလို့ရပါတယ်။ သူဟာ ထိုင်းနိုင်ငံက ချမ်းသာတဲ့မိသားစုကနေ ပေါက်ဖွားလာတာဖြစ်ပြီး ဒီဇိုင်းဘာသာရပ်အထူးပြုနဲ့ Shrewsbury International School ကနေ ကျောင်းပြီးထားပါတယ်။
သူ့ရဲ့ကျောင်းစရိတ်ဟာ ဝမ် ၂၀ မီလီယံတောင် ရှိပါတယ်တဲ့။ သူ့ရဲ့မိသားစုနောက်ခံနဲ့ အတူ သူ့ရဲ့ပညာ အရည်အချင်းတွေကြောင့် Ten ဟာ ကိုရီးယားအဆိုတော် မဟုတ်ခဲ့ရင် တခြားနေရာမှာလည်း အောင်မြင်နိုင်သူဖြစ်တယ်လို့ ပရိသတ်တွေက သတ်မှတ်ကြပါတယ်။
(၂) Aron (Nu’est)
Aron ဟာလည်း ဉာဏ်ကောင်းသူတဦးဖြစ်ပြီး US က SAT စာမေးပွဲမှာ ရလဒ်ကောင်းကောင်းရထားသူပါ။ သူဟာ New York University မှာ ကျောင်းတက်ခွင့် ရခဲ့ပေမယ့် Kpop Star တယောက်ဖြစ်ဖို့ ဒီအခွင့်အရေးကို လက်လွှတ်ခဲ့သူပါ။
(၃) Kyuhyun (Super Junior)
Kyuhyun ရဲ့ဖခင်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းပေါင်းများစွာကို ဖွင့်လှစ်ထားပြီး မိခင်ဖြစ်သူက Art Academy ကို တည်ထောင်ထားပါတယ်။ သူကအိုင်ဒေါ တယောက် မဖြစ်ခဲ့ရင် ဥပဒေပိုင်းနဲ့ အသက်မွေးဖြစ်မယ်လို့ ဆိုပါတယ်။
(၄) RM (BTS)
Army တွေရဲ့အသည်းစွဲဖြစ်တဲ့ Rap Monster ဟာ ဉာဏ်ကောင်းသူတယောက်ဖြစ်သလို အလွန်တော်တယ်လို့ သိရပါတယ်။ သူ့ရဲ့IQ ဟာ ၁၄၈ ရှိပြီး တောင်ကိုရီးယားက အထူးချွန်ဆုံး ကျောင်းသားတယောက်လည်း ဖြစ်ပါတယ်။ ဘာသာစကားနဲ့ ပတ်သက်လို့ ထူးချွန်တဲ့သူတယောက်ဆိုလည်း မမှားပါဘူး။
(၅) Siwon (Super Junior)
Siwon ဟာလည်း ကံကောင်းသူတဦးလို့ ပြောလို့ရပါတယ်။ ချောမောတဲ့ ရုပ်ရည်နဲ့အတူ မိသားစုနောက်ခံလည်း ကောင်းသူပါ။ သူ့ဖခင်က ကိုရီးယားဆေးဝါး ကုမ္ပဏီတခုက CEO ပါ။ သူူဟာ Idol ဖြစ်ဖို့အတွက် မိဘတွေဆီက ဘာအကူအညီမှ မရခဲ့သလို SM ရဲ့လူရွေးပွဲဝင်ပြိုင်တာကိုတောင် မိဘတွေကို အသိမပေးခဲ့ဘဲ ကိုယ့်ထူး ကိုယ်ချွန်ခဲ့သူ တယောက်ပါ။
(၆) Wendy (Red Velvet)
Red Velvet ရဲ့ main vocal ဖြစ်တဲ့ Wendy ဟာလည်း ၂၀၀၉ ခုနှစ်တုန်းက President’s Education Awards Program Certificate ကိုလည်း ရရှိခဲ့ပါတယ်။ Minnesota Junior High School ကနေ ကျောင်းပြီးခဲ့ပြီး Top 5 ကျောင်းသား စာရင်းမှာလည်း ပါခဲ့ပါတယ်။
(၇) Hani (EXID)
EXID က အချောဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Hani ဟာလည်း တက်သစ်စ အနုပညာရှင်တွေထဲမှာ တော်ပြီ းထက်မြက်သူတဦး ဖြစ်ပါတယ်။ သူမရဲ့ IQ က ၁၄၅ ရှိပြီး TOEIC (Test of English For International Communication) score 990 မှာ 900 ရခဲ့တာ ဖြစ်ပါတယ်။
သူမသာ အဆိုတော် မဖြစ်ခဲ့ရင်လည်း နယ်ပယ်တခုမှာ အောင်အောင်မြင်မြင် ရပ်တည်နိုင်မယ်လို့ ပရိသတ်တွေက ယုံကြည်ပါတယ်။
Ref ; www.sbs.com.au