Entertainment

ကိုယ့်ကို တကယ်ချစ်ပြီး သစ္စာရှိတဲ့သူကို လက်တွဲဖော်အဖြစ် ရွေးချယ်မယ့် စံရတီမိုးမြင့်

Want create site? Find Free WordPress Themes and plugins.

မော်ဒယ်၊ သရုပ်ဆောင် စံရတီမိုးမြင့်ဟာ ဇာတ်ကားကောင်းတွေ ပရိသတ်ကို ကြည့်စေချင်တာကြောင့် ကားကောင်းတွေ ရွေးရိုက်ဖြစ်နေပြီး သူမဇာတ်ကားကို စောင့်နေကာ မကြည့်ရလို့ပြောနေတဲ့ ပရိသတ်တွေကို တောင်းပန်တယ်လို့ ဆိုပါတယ်။

“လတ်တလောမှာတော့ သဲစီးရီးတွဲ ရိုက်ထားတယ်။ ကားနာမည်က “သစ္စာချည်တိုင်”ပါ။ အသံတွေတော့ မသွင်းရသေးဘူး။ စီးရီးတွဲတခု ရိုက်ဖို့လည်း ရှိတယ်။ မသေချာသေးဘူး။ ဇာတ် မဖတ်ရသေးလို့။ ကြော်ငြာတွေလည်း ရိုက်ဖြစ်ပါတယ်။ ကားလေးတွေ aကာင်းစေချင်လို့ ရွေးပြီးတော့ ရိုက်ဖြစ်နေတယ်။ အဲ့အတွက်လည်း ဆောရီးပါ။ သဲကားတွေ မကြည့်ရလို့ပြောတဲ့ ပရိသတ်တွေကို တောင်းပန်ပါတယ်”လို့ စံရတီမိုးမြင့်က ပြောပါတယ်။

စံရတီမိုးမြင့်ကတော့ ဖက်ရှင်အပိုင်းမှာ လူကြီးဆန်ပြီး တည်ငြိမ်တာကို ကြိုက်တယ်လို့ ဆိုပါတယ်။ “သဲ ဒီရက်ပိုင်း လေ့ကျင့်ခန်းလည်း မလုပ်တော့ အစားလျော့တယ်။ ပိန်သွားတယ်ထင်လည်းပြန်စားတာပေါ့။ ဖက်ရှင်တော့ နည်းနည်းလူကြီးဆန်ပြီး ငြိမ်တာကိုပိုကြိုက်လာတယ်။ ကလေးတုန်းကလိုမျိုးတော့ မကြိုက်တော့ဘူး။ သဲ လွတ်လွတ်လပ်လပ် ဖြစ်တာတော့ ပိုကြိုက်တယ်”လို့ သူက ပြောပါတယ်။

အရင်ကထက် ပိုလှလာတဲ့ စံရတီမိုးမြင့်ကတော့ လက်ရှိ အချစ်ရေးမှာ အပူအပင် မရှိလို့ ပိုလှလာတယ်လို့ ဆိုပါတယ်။

“ပိုလှလာတာက အချစ်မရှိလို့ အပူမရှိလို့ ဒုက္ခပေးမယ့် သူတွမရှိလို့ ပိုလှလာတာဖြစ်မယ်။ အခုတော့ ခွေးလေးတွေနဲ့ပဲ ပျော်နေတယ်။ သူတို့က ကိုယ်ပြုသမျှနုတယ်။ ရည်းစားတွေက ကိုယ်ပြုသမျှ မနုကြဘူးလေ”လို့ စံရတီမိုးမြင့်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ သူမက ချစ်သူ မရှိသေးဘဲ ရွေးချယ်ဖြစ်ရင်လည်း တကယ်ချစ်ပြီး ဂရုစိုက်ကာ သစ္စာရှိနိုင်တဲ့သူကိုပဲ ရွေးချယ်မယ်လို့ ဆိုပါတယ်။

“အခုလက်ရှိအချစ်ရေးက အေးဆေးပါ။ အေးဆေးဆိုတာက အခုလက်ရှိလည်း ဘယ်သူမှမရှိဘူး။ အပူ မရှိဘူး။ ကိုယ့်မှာ ရည်းစား မရှိသေးတဲ့အတွက် ယောကျာ်းယူမယ်၊ မယူဘူးဆိုတာလည်း ကတိ မပေးနိုင်သေးဘူး။ သေချာလည်း ရွေးနေရတယ်။ ရွေးနေတုန်းပါ။ မိန်းကလေးပဲ ကမ်းလှမ်းတာတွေတော့ ရှိတာပေါ့”

“ကိုယ့်အသက်အရွယ်က ရွေးရတာပေါ့။ အရင်ငယ်တုန်းကတော့ ရုပ်ရည်တွေ မက်မောတယ်။ အခုတော့ အရည်အချင်းရှိရှိနဲ့ ကိုယ့်ကို တကယ်ချစ်ပြီး ဂရုစိုက်တာကို ရွေးမယ်။ စီးပွားရေးဆိုတာ အတူတူရှာလို့ ရပါတယ်။ ချမ်းသာတဲ့ ယောကျာ်းကြီးကိုယူပြီး ကိုယ်နဲ့ ယူပြီးမှ ကံမပါပဲ မွဲရင်လည်း မွဲသွားနိုင်တာပဲလေ။ ကိုယ့်ကို တကယ်ချစ်ပြီး သစ္စာရှိနိုင်တဲ့သူပဲလိုပါတယ်”လို့ စံရတီမိုးမြင့်က ပြောပါတယ်။

စံရတီမိုးမြင့်ဟာ ဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်နေသလို တီဗီကြော်ငြာတွေနဲ့ ဇာတ်ကားတွေလည်း ရိုက်ကူးနေသူ ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့တဲ့ သူ့အနေနဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်အောင် Facebook ကနေ ဆက်သွယ်လျက်ရှိတယ်လို့ သိရပါတယ်။ မကြာခင်မှာလည်း သူမပါဝင်ထားတဲ့ “သစ္စာချည်တိုင်” ဇာတ်ကားလည်း ပြသတော့မှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading