Entertainment

အဆိုတော် Miley Cyrus ရဲ့အိမ် ကယ်လီဖိုးနီးယားတောမီးကြောင့် ပျက်စီးသွား

Want create site? Find Free WordPress Themes and plugins.

အဆိုတော် Miley Cyrus ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် နေအိမ်ကို ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အဆိုတော် Miley ဟာ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ပျက်စီးသွားခဲ့ရတဲ့အတွက် စိုးရိမ်ထိခိုက်နေရခဲ့ရပေမယ့် မီးမလောင်ခင် ခင်ပွန်းလောင်း မင်းသား Liam Hemsworth နဲ့အတူ သူ့ရဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေကို နေရာရွှေ့ပြောင်းပေးနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်မိကြောင်းနဲ့ အဲဒီအိမ်မှာ အမှတ်တရတွေ အမြဲရှိနေမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

အဆိုတော် Miley က “မီးလောင်မှုကြောင့် ကျမရဲ့ အသိုက်အမြုံလေး လုံးဝပျက်စီးခဲ့ရပါတယ်။ ကျမက ကံကောင်းတဲ့ သူတွေထဲက တယောက်ပါ။ ကျမရဲ့ တိရိစ္ဆာန်လေးတွေနဲ့ ကျမရဲ့ အချစ်ကိုတော့ ဘေးကင်း လုံခြုံရာကို ပို့လိုက်နိုင်ပါပြီ။ ကျမအိမ်ကတော့ မရှိတော့ပေမယ့် မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ မျှဝေခဲ့တဲ့ အမှတ်တရတွေကတော့ ခိုင်မာစွာ ကျန်ရှိနေဦးမှာပါ”

“ကျမ ရှိတာလေးတွေနဲ့ပဲ ကျေးဇူးတင်ရမှာပါ။ မီးသတ်သမားတွေနဲ့ LA ကောင်တီရဲမှူးရဲ့ ဌာနကို အများကြီးချစ်ပြီး ကျေးဇူးလည်း တင်ပါတယ်။ တကယ်လို့ ရှင်တို့လည်း စိတ်ဝင်စားတယ်ဆိုရင် ဒေါ်လာလှူချင်တယ်၊ အချိန်နဲ့ ထောက်ပံ့မှုတွေ လှူလို့ရပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

အဲဒီနောက် သူဟာ မီးဘေးသင့်ခဲ့သူတွေအတွက် အထောက်အပံ့နဲ့ အကူအညီတွေကို ဝေပေးမယ့် အဖွဲ့အစည်းတချို့ရဲ့ လင့်ခ်တွေကိုလည်း ဝေမျှခဲ့ပါတယ်။

အခုလိုမျိုး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကတည်းက စတင်လောင်ကျွမ်းနေခဲ့တဲ့ တောမီးကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့ အနုပညာရှင်က Miley တဦးတည်း မဟုတ်ပါဘူး။ Robin Thicke နဲ့ April Love Geary တို့ရဲ့ အိမ်ဟာလည်း ပိုင်ဆိုင်မှု ပစ္စည်းတွေ ရွှေ့ပြောင်းပြီး မကြာမီမှာပဲ မီးလောင်ပြာကျခဲ့ပါတယ်။

ဒါ့အပြင် Cher, Liam Payne နဲ့ Iggy Azalea တို့ဟာလည်း အိမ်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် စိုးရိမ်ထိတ်လန့်မိတဲ့ အကြောင်း ပြောကြားခဲ့ကြပါတယ်။

Ref: asiaone

Did you find apk for android? You can find new Free Android Games and apps.
Loading