နာမည်ကျော်ကြားခဲ့တဲ့ တီဗီစီးရီးတခုဖြစ်တဲ့ “Game Of Thrones” ရဲ့ နောက်ဆုံး Season 8 ဟာ ထွက်ရှိလာတော့ မှာဖြစ်တယ်လို့ HBO က သတင်းထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။
HBO အနေနဲ့ အင်္ဂါနေ့မနက်အစောပိုင်းမှာ ဗီဒီယိုတခုကို ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး နောက်ဆုံး Season 8 အတွက်တော့ တိကျသေချာတဲ့ နေ့စွဲတခုပါဝင်လာခဲ့ခြင်း မရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီဗီဒီယိုမှာ လွန်ခဲ့တဲ့ Season တွေရဲ့ အခန်းပေါင်းများစွာကို ပြန်လည်ပြသထားခဲ့တာဖြစ်ပြီး Season 1 ကိုလည်း ၂၀၁၁ခုနှစ် ဧပြီလမှာ စတင်ပြသခဲ့တာ ဖြစ်ပါတယ်။
HBO ရဲ့ တီဗီပရိုဂရမ်အတွက် တာဝန်ရှိသူတဦးဖြစ်တဲ့ Casey Bloys ကတော့ နောက်ဆုံး Season ဟာ ၂၀၁၉ခုနှစ် နှစ်လယ်ပိုင်းမှာ ပြန်လည်ပြသတော့မှာဖြစ်တဲ့အကြောင်း အင်တာဗျူးတခုကို ဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။
ဇန်နဝါရီလရဲ့ UK’s Metro နဲ့ အင်တာဗျူးတခုမှာတော့ စီးရီးရဲ့ နာမည်ကျော်မင်းသမီးဖြစ်တဲ့ Maisie Williams (Arya Stark)ကလည်း ၂၀၁၉ခုနှစ် ဧပြီလကို Season 8 ရဲ့ ကာလတခုအဖြစ် အရိပ်အမြွက်ဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။
နောက်ဆုံး Season ရဲ့ နောက်ဆုံး ဇာတ်ဝင်ခန်းကို နေရာသုံးနေရာမှာ ၅၅ ရက်နဲ့အထက် ရိုက်ကူးခဲ့ရတာဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းမယ့် ဇာတ်ဝင်ခန်းတခုအဖြစ် ကြည့်ရှုကြရမှာ ယုံကြည်ကြောင်းကိုလည်း HBO အနေနဲ့ သတင်းထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
ပြန့်ကျဲနေတဲ့ ဇာတ်ကောင်တွေအားလုံးဟာ တညီတညွှတ်ထဲနဲ့ ဘုံရန်သူကို တိုက်ခိုက်နိုင်မလားဆိုတဲ့ မေးခွန်းတခု ကတော့ Season 8 အတွက် ကြည့်ရှုသူပရိသတ်တွေဆီကနေ ထွက်ရှိခဲ့ပြီးလည်းဖြစ်ပါတယ်။
နောက်ထပ်နာမည်ကျော်မင်းသမီးတဦးဖြစ်တဲ့ Sophie Turner ကတော့ “ဒီစီးရီးပြီးဆုံးသွားတော့မယ်လို့ ကျမအခုအချိန် ထိ မယုံကြည်နိုင်သေးပါဘူး ၊ ဘာလို့လဲဆိုတော့ ဒီစီးရီးမှာပါဝင်ရတာဟာ ကျမအတွက် ဘဝတခုလုံးရဲ့ အခန်းကဏ္ဍလို ဖြစ်နေလို့ပါပဲ”လို့ EntertainmentWeekly မှာ ဖြေကြားသွားခဲ့ပါတယ်။