ကမ္ဘာကျော်တွေရဲ့ စတိတ်စင်အောက်က ဘဝနေထိုင်မှုများ
ကမ္ဘာကျော် အဆိုတော်တွေအများစုဟာ စတိတ်စင်ပေါ်မှာ ထူးခြားတဲ့ ဝတ်စားဆင်ယင်မှုတွေကို ဝတ်ဆင်လေ့ ရှိပါတယ်။ သူတို့ရဲ့ အမာခံပရိတ်သတ်တွေကသာ သူတို့ရဲ့ လက်တွေဘဝကို မြင်ဖူးကြပါတယ်။
ဒါပေမယ့် တော်တော်များများကတော့ လူတို့ရဲ့ သာမန်နေထိုင်မှုဘဝကို မမြင်ဖူးကြပါဘူး။ ဒါကြောင့် ဒီတခါမှာ သူတို့ရဲ့ စတိတ်စင်အောက်က နေထိုင်မှုတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Nicki Minaj

အမေရိကန် အမျိုးသမီး ဟစ်ဟော့ အဆိုတော် Nicki Minaj ဟာ ပရိသတ်အရှေ့ကို ထွက်ရင် အမြဲ ပြင်ဆင်ပြီးမှု ထွက်လေ့ရှိပါတယ်။ ဒါပေမယ့် သူမဟာ သာမန် အဝတ်အစားတွေကို ဝတ်ရင်တောင်မှ သူမရဲ့ ထူးခြားတဲ့ သွင်ပြင်ကြောင့် လူတွေရဲ့ စိတ်ဝင်စားခြင်းကို အမြဲခံရပါတယ်။
(၂) Marilyn Manson

Gothic Icon တခုအဖြစ်တည်ရှိနေတဲ့ Marilyn Manson ဟာ စတိတ်စင်ပေါ်မှာ အလွန်ထူးခြားတဲ့ အဝတ်အစား၊ ဖျော်ဖြေမှုတွေနဲ့ တင်ဆက်လေ့ရှိပါတယ်။ သူ့ကို မနှစ်သက်တဲ့ လူတွေအတွက် သူ့ပုံစံဟာ အပိုးမကျိုးသလို ဖြစ်နေပေမယ့် နေ့စဉ်သာမန်နေထိုင်မှုဘဝမှာတော့ သူလို့တောင် မထင်ရတဲ့ ပုံစံနဲ့ နေထိုင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
(၃) Lady GaGa

မြန်မာပရိသတ်တွေလည်း အလွန်ကြိုက်ကြတဲ့ Lady GaGa ဟာ အဆိုတော် လောကကို စတင်ဝင်ရောက်တည်းက သူမရဲ့ ထူးခြားတဲ့ အဝတ်အစား၊ MV(music video) တွေကြောင့် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရခဲ့သူပါ။ သူမရဲ့ ပြင်ပလောက နေထိုင်မှုပုံစံကို မကြာသေးမှီက ထွက်ရှိထားတဲ့ သူမရဲ့ ဇာတ်ကားမှာမှ သူမရဲ့ ပုံအမှန်ကို ပရိသတ်တွေက တွေ့ခွင့်ရရှိခဲ့ပါတယ်။
(၄) Till Lindemann

Rock အဆိုတော် Till Lindemann ဟာ သူ့ရဲ့ ဖျော်ဖြေရေးပွဲတိုင်းမှာ တခြားလူတွေနဲ့ မတူအောင် ဝတ်ဆင်လေ့ရှိပါတယ်။ သူ့ပရိသတ်တွေကလည်း သူ့ရဲ့ အဲ့လို ဖျော်ဖြေမှုတွေကို ကြိုက်နှစ်သက်ကြတဲ့အတွက် သူ့ရဲ့ စတိတ်စင်အောက်က ဝတ်စားမှုတွေကို အံ့သြနေကြပါတယ်။
(၅) Miley Cyrus

အဆိုတော် Miley Cyrus ကတော့ အားလုံးသိတဲ့ အတိုင်း ၂၀၁၅ ခုနှစ်လောက်ကစပြီး ထူးခြားတဲ့ ဖက်ရှင်တွေကို ဝတ်ဆင်ခဲ့ပါတယ်။ သူမရဲ့ ပြောင်းလဲမှုကို တချို့ပရိသတ်တွေက နှစ်သက်ကြပေမယ့် တချို့ပရိသတ်တွေကတော့ ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ခဲ့ကြပါတယ်။
ဒါပေမယ့် စင်ပေါ်မှာ ဖျော်ဖြေတာမဟုတ်တဲ့ အချိန်တွေမှာတော့ သာမန်မိန်းကလေးတယောက်လိုပဲ ဝတ်စားနေထိုင် လေ့ရှိပါတယ်။
Ref;mmn.com