• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အလုပ်တည်ငြိမ်တဲ့အခါ ဒုတိယ ကလေးတယောက် ထပ်လိုချင်တဲ့ ယွန်းဝတီလွင်မိုး

by ယုဖြူဟန်
18 November 2018
in Entertainment
A A
သရုပ်ဆောင် လွင်မိုးရဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုး  / ယုဖြူဟန် / ဧရာဝတီ

သရုပ်ဆောင် လွင်မိုးရဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုး / ယုဖြူဟန် / ဧရာဝတီ

30.7k
VIEWS
Share on FacebookShare on Twitter

“Liam” ဆိုတဲ့ သားလေးတယောက်ကို ပိုင်ဆိုင်ထားတဲ့ ယွန်းဝတီလွင်မိုးကတော့ ငယ်ရွယ်နေသေးတဲ့အချိန်မှာ ကလေး မွေးဖွားခဲ့ပြီး ပရိသတ်များကို အံ့အားသင့်စေခဲ့ပါတယ်။

အခုအချိန်မှာဆိုရင် ယွန်းဝတီလွင်မိုးကို ချစ်ခင်ကြတဲ့ပရိသတ်များက သူမရဲ့သားဖြစ်သူ Liam လေးကိုပါ ချစ်ခင်လာကြပါတယ်။ ယွန်းဝတီလွင်မိုးက သူမရဲ့သားလေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.1k
မြိတ်မြို့

မြိတ်မြို့

11 May 2025
589
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
257

“Liam လေးကအခု အဖွားနဲ့ အတူနေတယ်။ အပေါ်နဲ့ အောက်နဲ့ပဲ။ ညီမနဲ့ အိပ်လိုက်၊ မနက်မိုးလင်းရင် သွားတွေ့လိုက်နဲ့ပဲ။ သူက ၁ လကျော်နဲ့ ခေါင်း စထောင်ပြီ။ စကားလေးတွေ ပြောတတ်နေပြီ။ လူကြီးလို တပုံစံထဲပြန်လုပ်တတ်နေပြီ။ အိပ်ရာပေါ်မှာ လှိမ့်နေပြီ”

“၃ လကျော်ပဲ ရှိသေးတယ်။ လမ်းကလည်း လျှောက်ချင်နေပြီ။ ခြေထောက်ကို ဆန့်ပြီး တောင့်ပြီးတော့ လူကြီးပေါ်မှာ လျှောက်တာပဲ ကြိုက်တယ်။ သူ့ကို လှဲလိုက်ရင် ငိုတယ်။ အမေကလည်း ကလေးမွေးတာ စောလို့လား မသိဘူး။ သူလည်း လူကြီးဖြစ်ချင်တာ အရမ်းစောနေတယ်” လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။

ယွန်းဝတီလွင်မိုးက နောက်နှစ်၊ ၂ လပိုင်းရောက်တဲ့အခါ သြစတြေးလျနိုင်ငံမှာ ကျောင်းသွားတက်ရတော့မှာဖြစ်ပြီး သားလေးကို အဘွားဖြစ်သူနဲ့ပဲ ထားခဲ့ရမှာ ဖြစ်တာကြောင့် မသွားခင်အချိန်မှာ သားလေးကိုပဲ အချိန်ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။

“ညီမ ကိုယ်ဝန် ၆ လထိ တက္ကသိုလ်သွားတုန်းပဲ။ ကိုယ်ဝန်နဲ့ ကျောင်းတက်တယ်။ ကိုယ်ဝန်နဲ့ စာမေးပွဲအောင်ခဲ့ပြီးပြီ။ အခု ဒုတိယပိုင်း သွားတက်မယ်။ နောက်တယောက်တော့ လိုချင်တယ်။ တက္ကသိုလ်ပြီးအောင် တက်မယ်။ တက္ကသိုလ်ပြီးရင် အလုပ်လျှောက်လို့ရတယ်။ အတွေ့အကြုံရအောင် လုပ်ပြီး မြန်မာပြည်မှာ ပြန်လာလုပ်မယ်။ အလုပ်က တည်ငြိမ်တဲ့အချိန်ရောက်ရင် ဒုတိယတယောက် လိုချင်တယ်”လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။

တခြား လူငယ်များနဲ့ မတူဘဲ ရင့်ကျက်တည်ငြိမ်မှု ရှိတဲ့ပုံစံက ယွန်းဝတီလွင်မိုးကို ပရိသတ်တွေ ချစ်ကြရတဲ့ အချက်တွေထဲက တခုဖြစ်ပြီး သားလေးမွေးဖွားပြီးတဲ့ အခါမှာဆိုရင် ပိုပြီးရင့်ကျက် တည်ငြိမ်တဲ့ပုံစံကို တွေ့မြင်ရပါတယ်။

“ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျသွားတယ်။ ငယ်ငယ်လေးနဲ့ ကလေးရသွားတယ်ဆိုတာ ညီမက ပြောရင်လည်း သေချာ ရှောင်ပြောရတယ်။ လူတွေက အထင်လွဲသွားမှာ ကြောက်တယ်။ ပြောချင်တာကတောာ့ စိတ်ကရင့်ကျက်ဖို့လိုတယ်။ ကိုယ်ဝန်မရခင် ၆ လကတည်းက ယောကျ်ားနဲ့ စေ့စပ်ထားတာ။ အစကတည်းက စိတ်ကို အဆင်သင့် လုပ်ထားတယ်။ ရင့်ကျက်ရတော့မယ်။ အသက်လည်း ၂၀ ပြည့်ပြီ”

“အခု ကလေးလည်း ရှိတော့ အရာရာက ကလေးအတွက် စဉ်းစားတယ်။ စိတ်က အလိုလိုရင့်ကျက်သွားတယ်။ ငယ်ငယ်ကတည်းက မိဘ ဆုံးမတယ်။ စိတ်ရင့်ကျက်သွားတယ်ဆိုတာ ငယ်ငယ်ကတည်းက တဖြည်းဖြည်းလေးနဲ့ ဖြစ်လာတဲ့ အရာတွေပါ” လို့ ယွန်းဝတီလွင်မိုးက ဆိုပါတယ်။

သားလေး Liam ကတော့ နိုင်ငံခြားမှာမွေးခဲ့တာဖြစ်တာကြောင့် ကျောင်းတက်လို့ရတဲ့ အရွယ်ရောက်လာတဲ့အခါမှာ နိုင်ငံခြားမှာ ကျောင်းတက်ဖို့အတွက် အခက်အခဲရှိမှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံမှာပဲ ထားဖို့အတွက် စဉ်းစားထားတယ်လို့လည်း သိရပါတယ်။

ယွန်းဝတီလွင်မိုးကတော့ သားလေးရဲ့ နာမည်ကို အဘိုးဖြစ်သူ လွင်မိုးနဲ့ ယောကျ်ားဖြစ်သူထက်ဦးလှိုင်တို့ရဲ့ နာမည်တို့ကို ပေါင်းစပ်ပြီး “လွင်ထက်”လို့ နာမည်ပေးထားကာ ပရိသတ်များကိုလည်း သူမကို ချစ်တဲ့ အချစ်တွေ သားလေးကို ပေးလိုက်ပါလို့ ပြောခဲ့ပါတယ်။

ဆက်စပ် သတင်းလင်ခ့် –  “အဖေကနေ ညီမ၊ ညီမကနေ သားလေးအထိ ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်”

Your Thoughts …
Tags: ယွန်းဝတီလွင်မိုး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

မော်ဒယ်လ် သရုပ်ဆောင် ယွန်းဝတီလွင်မိုး / ယွန်းဝတီလွင်မိုး ဖေ့စ်ဘွတ်

လွတ်လပ်ရေးနေ့မှာ မင်္ဂလာဆောင်တော့မယ့် ယွန်းဝတီလွင်မိုး

by ယုဖြူဟန်
2 January 2018
74.6k

မော်ဒယ်လ်သရုပ်ဆောင် ယွန်းဝတီလွင်မိုးနဲ့သူ့ချစ်သူတို့ရဲ့ ဓာတ်ပုံများဟာ သိပ်မကြာသေးခင်ကာလလောက်က လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာများပေါ်တွင် တွေ့မြင်လာခဲ့ရပြီး သိပ်မကြာခင်မှာ

သရုပ်ဆောင် ယွန်းဝတီလွင်မိုး / Yun Waddy Lwin Moe's Facebook

ဘွဲ့ရပြီးရင် အနုပညာနဲ့တွဲပြီး အလုပ်လုပ်မယ့် ယွန်းဝတီလွင်မိုး

by ယုဖြူဟန်
18 August 2020
21.4k

Influencer တယောက်အနေနဲ့ရော Business အနေနဲ့ရော လုပ်လို့ရမယ့် အလုပ်ကိုစပြီးတော့ ဘွဲ့ရတာနဲ့ လုပ်သွားပါမယ်” လို့ ယွန်းဝတီလွင်မိုးက ဆိုပါတယ်။

သရုပ်ဆောင် ယွန်းဝတီလွင်မိုး   / Yun Waddy Lwin Moe's Facebook

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာကနေ အကြံပြုလိုက်တဲ့ ယွန်းဝတီလွင်မိုး

by ချစ်ပိုး
27 March 2020
12.1k

အပြင် မလိုအပ်ဘဲ မထွက်ကြပါနဲ့။ အွန်လိုင်းတွေကနေ တင်တဲ့ သတင်းထက် ကျန်းမာရေးဌာနက သတင်းတွေပဲ ယုံကြပါ”လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။

ယွန်းဝတီလွင်မိုး ၊ အဖေဖြစ်သူ လွင်မိုးနဲ့ မြေးလေး Liam

“အဖေကနေ ညီမ၊ ညီမကနေ သားလေးအထိ ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်”

by ချစ်ပိုး
19 October 2018
52.4k

ဖခင်ဖြစ်သူ လွင်မိုးကလည်း အရင်ကတည်းက သားယောကျာ်းလေးလိုချင်နေခဲ့တဲ့အတွက် မြေးဦးသားယောကျ်ားလေး ရလာတဲ့အခါ ပျော်နေတယ်လို့လည်း ဆိုပါတယ်။

ယွန်းဝတီလွင်မိုးတို့ မိသားစု  / Yun Wadi Lwin Moe' Facebook

သြစတြေးလျတောမီး မီးခိုးငွေ့တွေကြောင့် သားဖြစ်သူကို ခေါ်သွားဖို့ အဆင်မပြေသေးဘူးလို့ ယွန်းဝတီလွင်မိုးပြော

by ချစ်ပိုး
19 January 2020
15.6k

“အခုလိုမီးလောင်တာ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ မယုံနိုင်စရာကြီးပေါ့နော်။ အကောင်လေးတွေ ၁ဘီလီယံကုန်သွားပြီ။

အဘိုးဖြစ်သူ လွင်မိုးနဲ့ မြေးလေး Liam

မြေးလေး Liam က အဘိုးထက် အောင်မြင်နေလို့ မနာလိုဖြစ်နေရတယ်လို့ လွင်မိုး ပြော

by ချစ်ပိုး
16 September 2019
6k

“Liam လေးက အခုဆိုရင် ကြော်ငြာလေးတွေ ရိုက်ကူးနေတယ်။ ကင်မရာလည်း မကြောက်ဘူး။ အနုပညာ ဗီဇပါတယ် ပြောရမယ်။

Next Post
စစ်တွေမြို့တွင် လုံခြုံရေးယူနေသော ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ /  မင်းအောင်ခိုင် / ဧရာဝတီ

ပေါက်တော ဒုက္ခသည်စခန်းတွင် ပစ်ခတ်မှုဖြစ် ဘင်္ဂါလီ ၄ ဦး သေနတ်ဒဏ်ရာရ

ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူများသည် အကျပိုင်းသို့ ရောက်နေချိန် ဝင်ရောက်ကြပြီး အတက်ပိုင်းသို့ ရောက်သည့် အချိန်တွင် ပြန်ထွက်တတ်ကြသည် / Reuters

မြန်မာ့ဈေးကွက်ကို ကယ်တင်မည့် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.9k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate