“လိုတာ မရ၊ ရတာ မလို” ဆိုတာ လူတွေမှာ ဖြစ်တတ်တဲ့ သဘာဝ တခုပါ။ လူတော်တော်များများက အောင်မြင်ချင်ကြပေမယ့် အောင်မြင်ပြီးတဲ့ ဘဝမှာလည်း ကိုယ့်စိတ်က အမြဲပျော်နေမယ်လို့ သတ်မှတ်လိုက်လို့ မရပါဘူး။ ဒီလိုနဲ့ပဲ အနုပညာလောက ကနေ ထွက်ပြီး သာမန်လူလို နေထိုင်လာကြတဲ့ အနုပညာရှင်တွေ ပေါ်ထွက်လာပါတယ်။ ဒီလို အနုပညာရှင်တွေထဲက တချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) Hayden Christensen (လယ်သမား)
Star War ဇာတ်ကားတွေမှာ ပရိသတ်အားပေးမှုကို အပြည့်အဝ ရရှိခဲ့သူက Hayden Christensen ပါ။ ဒီဇာတ်ကားတွေကို ရိုက်ကူးပြီးတဲ့နောက်မှာ အခြားကမ်းလှမ်းတာတွေ ရှိပေမယ့် သူကတော့ လက်ခံခဲ့ခြင်း မရှိပါဘူး။ ဒီလို လက်ခံခဲ့ခြင်း မရှိတဲ့အပြင် ကနေဒါနိုင်ငံမှာ စိုက်ခင်းတခုကို ဝယ်ယူပြီး လယ်သမား လုပ်နေခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် အဝတ်အစား Brand တခုကို ထုတ်လုပ်နေပြီး ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့လည်း ဇာတ်ကားတွေ စတင် ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။
(၂) Chris Owen (ဓာတ်ပုံဆရာ)
၁၉၉၀ ကျော် ၂၀၀၀ ပြည့်နှစ်အတွင်းမှာ ငွေကြေးဝင်ငွေ အများကြီး ရှိခဲ့တဲ့ Chris Owen ကို ပရိသတ်တွေက American Pie Franchisen က ဇာတ်ကောင်တယောက်အဖြစ် သိကြပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူ စားပွဲထိုးလုပ်နေတာကို ပရိသတ်အချို့က မြင်တွေ့ခဲ့ပြီး လက်ရှိမှာတော့ ဓာတ်ပုံဆရာလုပ်နေတယ်လို့ သိရပါတယ်။
(၃) Jack Gleeson (ကျောင်းသား)
“Game Of Thrones” ဇာတ်ကားထဲမှာ သူ့ရဲ့ ဇာတ်ကောင်သေတဲ့ အခန်းကို သရုပ်ဆောင်ပြီးနောက်မှာ Jack ဟာ ကျောင်းကိုပဲ ဆက်တက်ခဲ့ပါတယ်။ ဒီလို ကျောင်းဆက်တတ်တယ် ဆိုတာကလည်း မရေမရာဖြစ်နေတဲ့ သူ့ရဲ့ အနုပညာလမ်းထက် ပိုပြီး သေချာတဲ့ အရာတခု ရှိချင်လို့ ဖြစ်တယ်လို့ သိရပါတယ်။ အခုတော့ သူဟာ တက္ကသိုလ်မှာ ဘွဲ့ယူဖို့ပဲ ကျန်ပါတော့တယ်။
(၄) Dylan Sprouse (အရက်ချက်သူ)
အသက် ၃ နှစ်လောက်က စပြီး ဟောလိဝုဒ် အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့ Dylan ဟာ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ တော်တော်များများမှာတော့ သူ့ရဲ့ အမြွှာအစ်ကိုနဲ့အတူ သရုပ်ဆောင်ခဲ့ပြီးနောက်မှာ သူ့ရဲ့ ချစ်သူနဲ့ ဘားတခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဘားမှာ သူဟာ အဓိက အရက်ချက်သူအဖြစ် အလုပ်လုပ်ပြီး နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်လောက်က စပြီး ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးလာပြီလို့ သိရပါတယ်။
Ref; Brightside.coml