အနောက်တိုင်းရဲ့ နာမည်ကျော်တဦးဖြစ်တဲ့ Kim Kardashian West ဟာ အခုဆိုရင် လူတော်တော်များများ သိတဲ့သူတဦးဖြစ်ပြီး ကလေး ၃ ဦးရဲ့ မိခင်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ကဏ္ဍစုံအစီအစဉ်စူပါစတား Kim ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ “Keeping Up With the Kardashians” အစီအစဉ်မှာ တချိန်က အပေအတေ လူဆိုးမလေးဖြစ်ခဲ့ဖူးတဲ့အကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အဆိုပါညက ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်အစမှာပဲ Kim ဟာ Kendall Jenner၊ Scott Disick တို့နဲ့အတူ မီးဖိုချောင် စားပွဲနားမှာ ရှိနေခဲ့ပြီး Disick က ပြီးခဲ့တဲ့အပတ်မှာ ထုတ်လွှင့်ခဲ့တဲ့ အထက်တန်းကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲအကြောင်း မေးမြန်းခဲ့ပါတယ်။
အဲဒီအခါမှာ Kim က လူအများစီးလို့ရတဲ့ ဘတ်စ်ကားတစီးကို ငှားပြီး သူငယ်ချင်းဟောင်း တချို့နဲ့အတူ ထွက်လည်ခဲ့တဲ့အကြောင်း ပြောခဲ့ပါတယ်။ Disick က Kim ကို “တော်တော်လေး ပျော်ခဲ့တယ်မဟုတ်လား။ အရင်နှစ်တွေတုန်းကလည်း ခပ်ပေပေတေတေ နေခဲ့ဖူးတယ် မဟုတ်လား”လို့ မေးမြန်းခဲ့ပါတယ်။ Jenner က အစ်မဖြစ်သူ Kim ရဲ့ ဆိုးသွမ်းခဲ့ဖူးတဲ့ နေ့ရက်တွေအကြောင်းကို ကြားဖူးတဲ့အကြောင်း ပြောခဲ့ပါတယ်။
Kim က “ငါ စိတ်ကြွဆေးစွဲနေတဲ့အချိန် လက်ထပ်ခဲ့တယ်။ ပထမ အကြိမ်ပါ” လို့ သူ ၁၈ နှစ်အရွယ် ၂၀၀၀ ပြည့်နှစ်တုန်းက ဂီတထုတ်လုပ်သူ Damon Thomas နဲ့ ၃ နှစ်ကြာ ပထမဆုံး အိမ်ထောင် ကျခဲ့ဖူးတဲ့အကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။ ပြောရမယ်ဆိုရင် Kim ရဲ့ မူးယစ်ဆေးဝါး သုံးစွဲခဲ့ဖူးတဲ့အတွေ့အကြုံကနေ သူရွေးချယ်မှုတွေ မှန်ကန်စေဖို့ ကူညီမပေးနိုင်ခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။
Kim က “ငါ တခါတုန်းက စိတ်ကြွဆေး သုံးဖူးတယ်။ လက်ထပ်ခဲ့တယ်။ ထပ်သုံးတယ်။ လိင်အသားပေးအခွေတွေတောင် ထွက်ခဲ့တယ်” လို့ခဲ့ပါတယ်။ အကြောင်းကတော့ ရည်းစားဟောင်း Ray J နဲ့ လိင်ပျော်ပါးနေတဲ့ အခွေ ထွက်ပေါ်ခဲ့ဖူးတယ်ဆိုတာကို ရည်ညွှန်းပြောဆိုခဲ့တာပါ။
အဲဒီအခါမှာ Disick က “အဲဒီ လိင်အသားပေးအခွေ ထွက်လာတဲ့အခါ ဆေးစွဲနေတုန်းပဲလား” လို့ မေးမြန်းခဲ့ရာ Kim က “ဒါပေါ့။ အဲဒါကို လူတိုင်းသိပါတယ်။ ငါ့ရဲ့ မေးရိုးတွေက တချိန်လုံး တုန်ခါနေတုန်းပဲ” လို့ ဆေးသုံးနေစဉ်အခါက သွားတွေကြိတ်ခဲ့တဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်။ ညီမဖြစ်သူ Jenner ကတော့ အစ်မဆေးစွဲခဲ့ဖူးတဲ့အကြောင်း ကြေညာလိုက်ရတဲ့အခါမှာ တော်တော်လေးကို စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
Ref: etcanada