Entertainment

ကမ္ဘာကျော်တွေ ပြောတဲ့ သူတို့ရဲ့ Celebrity Crush များ

Want create site? Find Free WordPress Themes and plugins.

သာမန်လူတွေက နာမည်ကြီး မင်းသား မင်းသမီးတွေကို ကြိုက်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ သင်ကြိုက်တဲ့ မင်းသား၊ မင်းသမီးတွေမှာလည်း သူတို့ နှစ်သက်တဲ့ Celebrity Crush တွေ ရှိတယ်လို့ ဖွင့်ဟထားတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဒီတခါမှာ ကမ္ဘာကျော်တွေ ပြောပြတဲ့ သူတို့ရဲ့ Crush တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Emma Watson

ဟယ်ရီပေါ်တာ ဇာတ်လမ်းတွေနဲ့ တကမ္ဘာလုံးရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့တဲ့ မင်းသမီး Emma Watson ဟာ ဟယ်ရီပေါ်တာ ဇာတ်ကားထဲက Draco နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Tom Felton ကို Crush ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဟယ်ရီပေါ်တာ ဇာတ်ကား စတင်ရိုက်ကူးတဲ့ အချိန်က စလို့ ၃ နှစ်လောက်ထိ Tom ကို Emma က Crush ခဲ့ပြီး Tom ဟာ သူမရဲ့ ပထမဆုံး Crush ဖြစ်ခဲ့တယ်လို့ အင်တာဗျူးတခုမှာ ဖြေဆိုခဲ့ပါတယ်။

(၂) Adam Rippon

အိုလံပစ် အားကစားသမားတဦး ဖြစ်သူ Adam Rippon ကတော့ ၂၀၁၈ ခုနှစ် မတ်လမှာ ပြုလုပ်ခဲ့တဲ့ Talk Show တခုမှာ Shawn Mandes ကို Crush နေတယ်လို့ ပြောခဲ့ပါတယ်။ အရင်ကတော့ One Direction အဖွဲ့ဝင် တယောက်ဖြစ်တဲ့ Harry Styles ကို ကြိုက်ခဲ့ပေမယ့် အခုတော့ အဆိုတော် Shawn Mades ကို အရမ်း Crush နေတယ်လို့ ဖြေဆိုခဲ့ပါတယ်။

(၃) Cole Sprouse

ငယ်ငယ်ကတည်းက သရုပ်ဆောင်လုပ်ခဲ့တဲ့ မင်းသား Cole Sprouse ကတော့ သူ ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Friends ဇာတ်ကားထဲက မင်းသမီး Janifer Aniston ကို Crush ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်က အင်တာဗျူး တခုကို ဖြေတဲ့ အချိန်မှာ “သူမက အရမ်းလှတယ်။ ကျနော်ပြောရမယ့် ဒိုင်ယာလော့ဂ်တွေကိုတောင် မေ့သွားတဲ့ အထိပါပဲ။ ကျနော့်ခေါင်းထဲမှာ ဗလာကျင်းသွားတယ်”လို့ ဖြေခဲ့ပါတယ်။ အမှန်တကယ်တော့ Friends ဇာတ်လမ်းတွဲကို ရိုက်ကူးတဲ့ အချိန်မှာ မင်းသား Cole ဟာ အသက် ၆ နှစ်သာ ရှိပါသေးတယ်။ မင်းသမီး Janifer Aniston ကတော့ အသက် ၃၀ နား ကပ်နေပါပြီ။

(၄) Dylan O’Brien

ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲမင်းသား Dylan O’Brien ကတော့ မင်းသမီး Chloë Moretz ကို အရမ်း Crush ခဲ့တယ်လို့ ဆိုပါတယ်။ Kick Ass ဇာတ်ကားမှာ သူမရဲ့ သရုပ်ဆောင်ပုံတွေကို အရမ်းကြိုက်ခဲ့ပါတယ်လို့ Hollywire ကို ဖြေခဲ့ပြီး အဲဒီအချိန်မှာ Dylan က ၁၉ နှစ်၊ Chloe က ၁၄ နှစ်ပါ။ ၂၀၁၈ ခုနှစ်မှာတော့ သူတို့ နှစ်ယောက် စုံတွဲခုတ်နေတာကို ပရိသတ်အချို့က မြင်ခဲ့တယ်လို့ ဆိုပါတယ်။

Ref : Us.com

Did you find apk for android? You can find new Free Android Games and apps.
Loading