မင်းသား Jake Gyllenhaal ဟာ သူ့ရဲ့ ပထမဆုံး Instagram ဗီဒီယိုကိုတင်ခဲ့ပြီး မကြာမီထွက်ရှိလာတော့ မယ့် ‘Spider-Man’ ရုပ်ရှင်မှာ ဗီလိန်အဖြစ် ပါဝင်ထားတဲ့အကြောင်းအတည်ပြုလိုက်ပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကတော့ မင်းသား Jake ဟာ မကြာမီ ရုံတင်တော့မယ့် “Spider-Man: Far From Home” ရုပ်ရှင်မှာ Mysterio ဆိုတဲ့ ဗီလိန်အဖြစ် သရုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီးသား ဖြစ်ပြီးတော့ အဲဒီသတင်း တွေကို အသက် ၃၇ နှစ်အရွယ်မင်းသားက ဒီဇင်ဘာလ ၅ ရက်နေ့မှာပဲ အတည်ပြုလိုက်တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ချက်သမ္မတနိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းမှာ Mysterio ဝတ်စုံနဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကြောင့် အဲဒီသတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပြီး ၁၉၆၄ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Mysterio ဇာတ်ကောင်မှာ ပါဝင်ထားတဲ့အကြောင်းကို ပရိသတ်ထံအသိပေးဖို့ Instagram နဲ့လည်း ချိတ်ဆက်လိုက်တာဖြစ်ပါတယ်။
မင်းသားက “ကျနော် ပင့်ကူလူသားအဖြစ် သရုပ်ဆောင်နေတာမဟုတ်ဘူးဆို တာ သဘောပေါက်လိုက်ပါတယ်” လို့ အဲဒီဗီဒီယိုမှာစာရေးခဲ့ပါတယ်။
မကြာမီရုံတင်မယ့် “Spider-Man: Homecoming” ရုပ်ရှင်မှာ မင်းသား Jake က မင်းသားမဖြစ်ခဲ့တဲ့ အထူးပြုလုပ်ချက် ဂုရုကြီး Quentin Beck အဖြစ်နဲ့ တဖက်မှာလည်း ဗီလိန်ကြီး Mysterio အဖြစ် သရုပ်ဆောင် ထားတာဖြစ်ပါတယ်။
ပင့်ကူလူသား ပီတာပါကားအဖြစ် မင်းသား Tom Holland က ပြန်လည် သရုပ်ဆောင်ထားပြီး အခြားသရုပ်ဆောင် တွေထဲမှာ S.H.I.E.L.D. အဖွဲ့ရဲ့ Nick Fury အဖြစ် သရုပ်ဆောင် ထားတဲ့ မင်းသား Samuel L. Jackson နဲ့ အေးဂျင့် Maria Hill အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Cobie Smulders တို့လည်း ပါဝင်လာကြမှာပါ။
“Spider-Man: Far From Home” ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ဇူလိုင်လ ၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။
Ref: etcanada