ခရစ်စမတ်ရောက်ခါနီးပြီဆိုတော့ ဟောလိဝုဒ်မှာ ခရစ်စမတ်နဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေ ထွက်လေ့ရှိပါတယ်။ The Grinch ကတော့ ၁၉၅၇ ခုနှစ်မှာ ထွက်ရှိထားတဲ့ comic Book ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Animation ဇာတ်ကားဖြစ်ပါတယ်။
The Secret Life of Pet နဲ့ Despicable Me တို့ကို ရိုက်ကူးတဲ့ ဒါရိုက်တာက ရိုက်ကူးထားပြီး Illumination က ထုတ်လုပ်ထားပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ Live Action ရိုက်ဖူးတဲ့ ဇာတ်ကားနဲ့ တူတူပဲလို့ ဆိုပါတယ်။ အဓိကဇာတ်ကောင်နေရာမှာ Benedict Cumberbatch က အသံသရုပ်ဆောင်ထားပြီး ဇာတ်ကြောင်းကို နောက်ခံပြောသူ အနေနဲ့ Pharrell William က ပါဝင်ထားပါတယ်။
ဒီဇာတ်ကားကို ၂၀၁၆ ခုနှစ်က ရိုက်ကူးခဲ့တာ ဖြစ်ပြီး ၂၀၁၇ခုနှစ် မှာ ရုံတင်ဖို့ စီစဉ်ထားပေမယ့် ဇာတ်ကားလိုအပ်ချက် တွေကို ဖြည့်ဖို့ အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ရောက်မှာ အမေရိကန်မှာ စတင်ရုံတင်နိုင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့မှာ ကောက်ယူထားတဲ့ စစ်တမ်းအရ အမေရိကန်နဲ့ ကနေဒါ နိုင်ငံတို့မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၆ မီလီယံ ရရှိထားပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၀၀ မီလီယံ နီးပါး ဝင်ထားပါတယ်။ ရိုက်ကူးကုန်ကျစရိတ်က ၇၂ မီလီယံဖြစ်တယ်လို့ သိရပါတယ်။
ဇာတ်လမ်း အကျဉ်းကတော့ WhoVille မှာ နေထိုင်ကြတဲ့ လူနဲ့ တူတဲ့ Who ရွာသားတွေ ခရစ်စမတ်ကို ဆင်နွဲဖို့ ပြုလုပ်နေတာကို အခြေခံထားပါတယ်။ ဒီခရစ်စမတ်တွေကို မကြိုက်သူကတော့ The Grinch ပါ။ အနောက်တိုင်းသားတွေရဲ့ ပုံပြင်တွေအရ Grinch ဟာ အကျင့်ပုတ်တယ်ဆိုပေမယ့် စိတ်ထားနူးညံ့သူဖြစ်ပါတယ်။
သူ့နဲ့ အတူ သူ့ရဲ့ သစ္စာတော်ခံ ခွေးလေး Max တို့ဟာ ရွာအပြင်က ဂူတဂူမှာ အတူနေပါတယ်။ ခရစ်စမတ်ကို မုန်းလို့ အပြင်မထွက်ချင်တဲ့ Grinch ဟာ အစားအသောက် ဝယ်ဖို့ မဖြစ်မနေလိုအပ်လာလို့ ရွာထဲသွားဖို့ လိုလာပါတယ်။
တဖက်မှာလည်း အသက် ၆နှစ်အရွယ်ကောင်မလေး Cindy Lou ဟာ သူမရဲက မိခင်တယောက် အလုပ်အရမ်းပင်ပန်းတာကို သနားလို့ ဆန်တာကလော့ကို ဆုတခု တောင်းဖို့ ကြိုးစားနေပါတယ်။ ဒီလို ကြိုးစားနေတဲ့ ကောင်မလေးနဲ့ Grinch တို့ လမ်းမှာ မတော်တဆ တိုက်မိတဲ့ အခါ Grinch က ဆုတောင်းချင်တယ်ဆိုရင် ဆန်တာကလော့ဆီ ကိုယ်တိုင်သွားဖို့ ပြောပါတော့တယ်။
အသက် ၆နှစ်သာ ရှိသေးတဲ့ ကလေးဟာ Grinch စကားကို နားယောင်ပြီး မြောက်ဝင်ရိုးစွန်းမှာ ရှိတဲ့ ဆန်တာကလော့ကို ရှာဖွေဖို့ ြ့ပင်တဲ့ အကြောင်းတွေနဲ့ ခရစ်စမတ်ကို ခိုးဖို့ ကြံစည်နေတဲ့ Grinch တို့ရဲ့ အကြောင်းတွေကို ဟာသ၊ဒရာမာ ပုံစံ ဖြစ်အောင် ရိုက်ကူးထားတာကို တွေ့မြင်ရပါတယ်။
ခရစ်စမတ်အငွေ့အသက် အပြည့်အဝပါပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုဖို့ အဆင်ပြေတဲ့ ဇာတ်ကားတကားဖြစ်လို့ ရုပ်ရှင်ရုံမှာ ကြည့်ရှုချင်သူတွေ အနေနဲ့လည်း မိမိရဲ့ ကလေး ကို ပိတ်ရက်မှာ သွားပြဖို့ သင့်လျော်တဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။
Trailer ပဲ ကြည့်ဖူးသူတွေ အနေနဲ့လည်း ရုံမှာ သွားကြည့်ပြီးမှ ဇာတ်ကားကို ဆုံးဖြတ်ကြဖို့ ပြောချင်ပါတယ်။ Trailer ထဲမှာ ပါတာတွေနဲ့ လုံးဝ ကွာခြားတဲ့ ဇာတ်ဝင်ခန်းတွေကို သုံးထားတာကို မြင်ရပါလိမ့်မယ်။ Trailer မှာ ပြထားတဲ့ တချို့ အခန်းတွေထက် ပိုပြီး ရသမြောက်ပါတယ်။