Entertainment

"Avengers 4" ရုပ်ရှင် အမြည်းဗီဒီယိုဖြန့်ချိမည့်ရက်ကို ရွှေ့ဆိုင်း

Want create site? Find Free WordPress Themes and plugins.

“Avengers 4” ရုပ်ရှင်ရဲ့ ပထမဆုံး အမြည်းဗီဒီယိုထွက်ရှိလာဖို့ ပရိသတ်တော်တော်များများက မျှော်လင့် နေချိန်မှာပဲ ပရိသတ်တွေဟာ အဲဒီဗီဒီယိုကိုမြင်တွေ့နိုင်ဖို့ အချိန်တော်တော်လေး ကြာအောင်ထပ်ပြီး စောင့်ဆိုင်းရ ဦးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖြန့်ချိမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အချိန်တွေသာကြာသွားခဲ့ပြီး ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။ သတင်းတွေရဲ့ အဆိုအရ Marvel ကုမ္ပဏီဟာ သမ္မတဟောင်း George H. W. Bush ရဲ့ ဈာပနအခမ်းအနားကြောင့် Trailer ကို ဖြန့်ချိမယ့်အချိန်ကို ရွှေ့ဆိုင်ခဲ့တာလို့ ဖော်ပြကြပါတယ်။

Steven Weintraub က “ဒီမှာသတင်းတချို့ရှိပါတယ်။ Avengers 4 ရဲ့ အမြည်းဗီဒီယိုကိုဖြန့်ချိတော့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာကတည်းက ကြားထားတာပါ။ အဲဒီနောက် ဒီတပတ် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၅ ရက်) လို့ကြားခဲ့ရပါတယ်။ အခုတော့ ရက်ပြောင်းသွားပြီလို့ ကြားနေရပြန်ပါတယ်။ ဒါကြောင့် ဗီဒီယိုက ဘယ်အချိန်မှာ ထွက်လာတော့မယ်ဆိုပြီး ပြောနေတဲ့သူတွေဟာ သူတို့ဘာတွေပြောနေမှန်းတောင်မသိတဲ့သူတွေပါပဲ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

သူကတော့ အမြည်းဗီဒီယိုထွက်မယ့် ရက်အတိအကျကို ထုတ်ဖော်ပြောခဲ့တာမရှိခဲ့ပေမယ့် တခြားပုဂ္ဂိုလ်တဦး ဖြစ်တဲ့ Daniel R. ကတော့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထွက်ရှိလာနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

သူက “Avengers 4 အတွက်ပထမဆုံးအမြည်းဗီဒီယိုကို ဒီဇင်ဘာလ ၇ ရက်မနက်မှာ ဖြန့်ချိမှာဖြစ်ပါတယ်။ ဟုတ်ပါတယ် ဒီတခါတော့ နောက်ဆုံးပါ” လို့ ရေးသားခဲ့ပါတယ်။

“Spider-Man: Far From Home” အမြည်းဗီဒီယိုကို ဒီဇင်ဘာလ ၈ ရက်နေ့၊ ဘရာဇီးနိုင်ငံ၊ ဆော်ပိုလိုမြို့မှာပြုလုပ်မယ့် Comic-Con Experience ပွဲမှာ ထုတ်ပြသွားမှာဖြစ်ပါတယ်။

ဒါရိုက်တာ Anthony နဲ့ Joe Russo တို့ရိုက်ကူးထားပြီး အခုထိ တရားဝင်နာမည်မပေးရသေးတဲ့ စတုတ္ထမြောက် “Avengers” ရုပ်ရှင်ကို လာမယ့် ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့မှာ ဖြန့်ချိပြတော့မှာပါ။

မူရင်း “Avengers” စတားတွေဖြစ်တဲ့ Robert Downey Jr., Chris Evans, Chris Hemsworth, Mark Ruffalo, Scarlett Johansson နဲ့ Jeremy Renner တို့အပြင် Tom Holland, Chadwick Boseman နဲ့ Paul Rudd တို့ ပြန်လည်ပါဝင်လာကြမှာဖြစ်ပါတယ်။

Ref: aceshowbiz

Did you find apk for android? You can find new Free Android Games and apps.
Loading