Entertainment

၇၆ ကြိမ်မြောက်ရွှေကမ္ဘာလုံးဆုပေးပွဲအတွက် ဆန်ခါတင်စာရင်း ထွက်ပေါ်လာ

Want create site? Find Free WordPress Themes and plugins.

မကြာမီကျင်းပတော့မယ့် ၇၆ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲအတွက် ဆုဆန်ခါတင်စာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘလ ၆ ရက်နေ့မှာ Beverly Hilton ဟိုတယ်ကနေ တိုက်ရိုက်ထုတ်လွှင်ခဲ့တဲ့ အစီအစဉ်ကနေ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Terry Crews, Danai Gurira, Leslie Mann နဲ့ Christian Slater တို့ရဲ့ အကူအညီနဲ့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီအစီအစဉ်မှာတော့ ရွှေကမ္ဘာလုံးဆုသံတမန် Isan Elba၊ ဟောလိဝုဒ်နိုင်ငံခြား စာနယ်ဇင်းအသင်းဥက္ကဌ Meher Tatna နဲ့ Dick Clark ထုတ်လုပ်ရေးအမှုဆောင်အရာရှိ Barry Adelman တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အခုနှစ်အတွက်တော့ BlacKkKlansman”, “Bohemian Rhapsody”, “If Beale Street Could Talk” နဲ့ “A Star Is Born” တို့က အကောင်းဆုံးဇာတ်ကားဆု(ဒရာမာ) အတွက် ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ထူးခြားတာက Marvel ရဲ့ လူစွမ်းကောင်းရုပ်ရှင် “Black Panther” ပါရှိလာတာပဲ ဖြစ်ပါတယ်။

သိပ်မကြာသေးခင်ကပဲ နာမည်ကျော်ခဲ့တဲ့ “Crazy Rich Asians” ရုပ်ရှင်ကတော့ အကောင်းဆုံး ရုပ်ရှင်ဆု (ဟာသဇာတ်မြူး/တေးသံစုံ) အတွက် လျာထားခံရပါတယ်။ ဒါရိုက်တာ Jon M. Chu ရိုက်ကူးခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ “The Favourite”, “Green Book”, “Mary Poppins Returns”, “Vice” ရုပ်ရှင်တို့နဲ့အတူ အကောင်းဆုံးဇာတ်ကားဆုအတွက် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

“Vice” ရုပ်ရှင်ကတော့ ဆု ၆ ခုလျာထားခံရပြီး သူ့ရဲ့နောက်မှာတော့ “The Favourite”, “Green Book” နဲ့ “A Star Is Born” ရုပ်ရှင်တို့က ဆု ၅ ခုစီလျာထားခံရပါတယ်။

“A Star Is Born”ရုပ်ရှင်က အဓိကဇာတ်ဆောင် တွေဖြစ်တဲ့ Bradley Cooper နဲ့ Lady GaGa တို့ဟာလည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ကြပါတယ်။

မင်းသား Cooper ဟာ အကောင်းဆုံးမင်းသားဆု (ဒရာမာ) အတွက် Willem Dafoe (“At Eternity’s Gate”), Lucas Hedges (“Boy Erased”), Rami Malek (“Bohemian Rhapsody”) နဲ့ John David Washington (“BlacKkKlansman”) တို့နဲ့အတူ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ တေးသံစုံဒရာမာအတွက် အကောင်းဆုံးဒါရိုက်တာဆု လျာထားခံရပါတယ်။ Lady GaGa ကတော့ အကောင်းဆုံးမင်းသမီးဆုအတွက် ပါဝင်လာပါတယ်။

FX ရုပ်သံလိုင်းရဲ့ “The Assassination of Gianni Versace: American Crime Story” ဇာတ်လမ်းတွဲက ဆု ၄ ခုနဲ့ ရုပ်သံစီးရီးဆုတွေအတွက် ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

“Homecoming” နဲ့ “Bodyguard” ဇာတ်လမ်းတွဲတို့က အကောင်းဆုံး ဆု ၃ ခုစီလျာထားခံရပါတယ်။ ၂၀၁၉ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲကို လာမယ့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့၊ Beverly Hilton ဟိုတယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး NBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်သွားမှာပါ။

ဆုပေးပွဲမှာ “Grey’s Anatomy” စီးရီးမင်းသမီး Sandra Oh နဲ့ “Brooklyn Nine Nine” စတားမင်းသား Andy Samberg တို့က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

Ref: aceshowbiz

Did you find apk for android? You can find new Free Android Games and apps.
Loading