စက်မှုတော်လှန်ရေးဆိုတာကို ကြားဖူးကြမှာပါ။ ဒီတော်လှန်ရေး ဖြစ်ပြီးတဲ့ နှစ်တွေ နောက်ပိုင်း ကမ္ဘာဟာ လူတွေ ထင်မထားရလောက်တဲ့ အနေအထားထိ ပြောင်းလဲ တိုးတက်လာခဲ့ပါတယ်။
ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းကို စွန့်ဦးတီထွင်လုပ်စရာ သိပ်ရှားပါးလွန်းတဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ ဒါကြောင့် စီးပွားရေးလုပ်ချင်တဲ့ လူငယ်တွေဟာ အတွေးအခေါ်အသစ်တွေ အမြင်အသစ်တွေ လိုအပ်လာပါတော့တယ်။ ဲ
တချို့အမှားတွေကို ကိုယ်တိုင်လုပ်ပြီးမှ နောင်တရတာထက် သူများကို ကြည့်ပြီး ပြင်ဆင်လို့ ရတာတွေလည်း ရှိပါတယ်။ အခုပြောပြမယ့် ရုပ်ရှင်တွေက လူငယ်တွေကို စီးပွားရေးအတွေးအမြင်အသစ်တွေနဲ့ လေ့လာစရာတွေ အများကြီးကို ပေးတဲ့ ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။
(၁) The Social Network (2010)
ဒီဇာတ်ကားကတော့ Facebook အကြောင်းကို ရိုက်ကူးထားတဲ့ကား ဖြစ်ပါတယ်။ Facebook တည်ထောင်သူ မက်ဇူကာဘတ်နဲ့ သူ့မိတ်ဆွေတို့ ကြုံတွေ့ခဲ့တဲ့ အခက်အခဲတွေကို ရိုက်ကူးထားပြီး Facebook မရှိသေးခင်မှာ ကြိုးပမ်းခဲ့တာတွေ လုပ်ဖော်ကိုင်ဖက်အချင်းချင်းအဆင်မပြေတာတွေကို ထည့်သွင်းရိုက်ကူးထားတာကို မြင်တွေ့ရပါတယ်။
မက်ဇူကာဘတ်ကို သူရဲကောင်းအနေနဲ့ ရိုက်ကူးထားတာ မဟုတ်ဘဲ လူငယ်ဘဝမှာ ကိုယ့်အစွမ်းအစနဲ့ သန်းကြွယ်သူဌေးဖြစ်အောင် ကြိုးပမ်းခဲ့တဲ့ လူငယ်တယောက်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
(၂) Wolf Of The Wall Street (2013)
ဒီဇာတ်ကားကတော့ Jordan Belfort ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ သန်းကြွယ်သူဌေးဖြစ်လာပြီးတဲ့ နောက်မှာ မူးယစ်ဆေး၊မိန်းမ၊လောင်းကစား စတာတွေနဲ့ ပတ်သက်ခဲ့တဲ့ လူငယ်သူဌေး တယောက်ရဲ့ ဘဝကို သံဝေဂရအောင် ရိုက်ကူးထားပြီး လူငယ်တွေ အနေနဲ့ မသေချာသေးတဲ့ ဝင်ငွေတွေကို ဖြုန်းတီးမိရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ရိုက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတကား ဖြစ်ပါတယ်။
(၃) The Persuit Of Happiness (2006)
ဒီကားကတော့ Chris Gardner လို့ အမည်ရတဲ့ အမျိုးသားရဲ့ ဘဝကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားပါ။ Will Smith သရုပ်ဆောင်ထားတဲ့ ဒီကားဟာ သမိုင်းတလျှောက် စိတ်အားတက်ကြွစေတဲ့ ဇာတ်ကားတွေထဲက တကားဖြစ်ပါတယ်။
အိမ်ယာမဲ့ ဖြစ်သွားတဲ့ ဘဝမှာတောင် မိမိ ယုံကြည်ရာကို လုပ်ရင်း သားငယ်လေးကို စောင့်ရှောက်ရတဲ့ ဖခင်တယောက် အကြောင်းကို ရိုက်ကူးထားတာ ဖြစ်လို့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားတွေထဲက တကားလို့တောင် တင်စားကြပါတယ်။
ref;moviehack.com