Entertainment

Miss Supranational မှာ အားပေးတဲ့ ပရိသတ်မျက်နှာမငယ်ရအောင် ယှဉ်ပြိုင်မယ့် ရွှေအိမ်စည်

Want create site? Find Free WordPress Themes and plugins.

ရွှေအိမ်စည်က Miss Supranational 2018 ပြိုင်ပွဲကြီးအတွက် ပိုလန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးရဲ့ Final ကိုတော့ ဒီနေ့ ဒီဇင်ဘာလ ၇ ရက်နေ့၊ karpacz မြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရွှေအိမ်စည်ကိုယ်တိုင်ကလည်း Miss Supranational 2018 ပြိုင်ပွဲကြီးအတွက် ရင်ခုန်နေတဲ့အကြောင်းတွေကို အခုလို ရေးသားထားပါတယ်။

“ပရိသတ်တွေရဲ့အားပေးမှုကြောင့် အိမ်စည့်အတွက် Motivation အရမ်းရှိသလို Pressure လည်းအရမ်းများပါတယ်။ ဒီခရီးလည်းမကြာခင်မှာပြီးဆုံးတော့မှာဖြစ်သလို အိမ်စည်ရောပရိသတ်တွေရောပေါင်းပြီး အကောင်းဆုံး လုပ်ဆောင် နိုင်ခဲ့တယ်လို့မြင်တယ်။ အားသွန်ခွန်ဆိုက်အားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်”

“အားလုံးနဲ့အတူအိမ်စည်လည်း Final Night ကိုရင်ခုန်နေပါတယ်။ လုပ်ဆောင်ရမယ့် အပိုင်းကတော့ အိမ်စည့်အပိုင်းပေါ့ ပရိသတ်တွေ အားမငယ်စေရဘူးလို့ပြောချင်ပါတယ်။ ဒီနှစ်ဒီပွဲမှာ ပြိုင်ပွဲဝင်တွေရော နိုင်ငံတကာက ပရိသတ်တွေရော သိသွားတဲ့အချက်တချက်ကတော့ မြန်မာ ပရိသတ်တွေဘယ်လောက် အားပေးတယ် အိမ်စည့်ကိုဘယ်လောက်ချစ်တယ် ဆိုတာပါပဲ ကျေနပ်မိတယ်” ဆိုပြီးတော့ သူ့ရဲ့ Facebook မှာ ရေးသားထားတာဖြစ်ပါတယ်။

Miss Supranational 2018 ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ရွှေအိမ်စည်က အခုဆိုရင် ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ အလှမယ်တဦး ဖြစ်ပါတယ်။ Instagram မှာလည်း voting များစွာ ပိုင်ဆိုင်ထားသလို Facebook Page မှာလည်း အားပေးမှုများစွာ ရရှိထားပါတယ်။

ရွှေအိမ်စည်က ဒီဇင်ဘာလ ၂ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Preliminary Evening Gown ရဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

ရွှေအိမ်စည်ဝတ်ဆင်မယ့် National Custome ကိုတော့ ဒီဇိုင်နာ မပုံ့က ချုပ်လုပ်ပေးထားတာဖြစ်ပြီး ဝတ်စုံကို ဒဏ္ဍာရီထဲက ဘုရင်မတပါးရဲ့ မာန်ကို စိတ်ကူးယဉ် ဖန်တီးပုံဖော်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“အလှမယ်ရွှေအိမ်စည်ရဲ့ National Costume Presentation မှာ ဒဏ္ဍာရီထဲက ဘုရင်မတပါးရဲ့ မာန်ကို စိတ်ကူးယဉ် ဖန်တီးပုံဖော်ထားပါတယ်။ ဘယ်ခေတ်က ဘယ်ဘုရင်မရဲ့ ဝတ်စုံမှ မဟုတ်ပါဘူး။ ဒီဘုရင်မဟာ Queen Shwe Eain Si ကိုပဲ ရည်ညွှန်းပါတယ်။ မြန်မာတို့တန်ဖိုးထားရတဲ့ ရွှေ နဲ့ မြန်မာပြည်ရဲ့အဖိုးတန်တွင်းထက်ရတနာဖြစ်တဲ့ ပတ္တမြားတို့နဲ့ အဓိက အလှဆင်ထားပါတယ်”

“ ပတ္တမြားရတနာများပေါင်းစပ်ထည့်သွင်းထားတဲ့ ရွှေသရဖူကို မြန်မာမှု ကနုတ်များနဲ့ အနုစိပ်ဖန်တီးထားပါတယ်။ မြန်မာအမျိုးသမီးတဦးရဲ့ နူးညံ့သိမ့်မွေ့တဲ့ အလှတရားနဲ့ ခေါင်းဆောင်နိုင်စွမ်းရှိပြီး ရဲရင့်ထက်မြက်တဲ့ အရည်အချင်းကို တပြိုင်နက်တွေ့မြင်ခံစားမိရအောင် Queen of the Golden Land က မီးမောင်းထိုးပြနေပါတယ်”လို့ ဆိုထားပါတယ်။

Miss Supranational 2018 ပြိုင်ပွဲကြီးကိုတော့ နိုင်ငံပေါင်းများစွာတို့က အလှမယ် အသီးသီး တို့ကလည်း လာရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ ရွှေအိမ်စည်က မြန်မာပရိသတ်များစွာရဲ့ Online Voting ကြောင့် မဲအများဆုံးရရှိထားတဲ့ အလှမယ်လည်း ဖြစ်နေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading