Entertainment

“တူတူကြိုးစားလာခဲ့ပြီးမှ နိုင်ငံတကာအလည်မှာ မျက်နှာမပျက်ပါရစေနဲ့”

Want create site? Find Free WordPress Themes and plugins.

Miss ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြတဲ့ အလှမယ်များထဲမှ ပေါ်ပြူလာအဖြစ်ဆုံးလို့ ပြောလို့ရတဲ့ အလှမယ်ရွှေအိမ်စည်ကတော့ ပြိုင်ပွဲနီးကပ်လာတဲ့အချိန်မှာ သူမဖိုင်နယ်ပြိုင်ပွဲကြီးမှာ ဝတ်ဆင်မယ့် Evening Gown ကို Organization ဘက်မှ အချိန်မီပေးပို့ခဲ့ခြင်း မရှိဘူးဆိုတဲ့ သတင်းစကားများထွက်ပေါ်လာခဲ့ပါတယ်။

ဒီလို ထွက်ပေါ်လာတဲ့ သတင်းစကားများနဲ့ ပတ်သက်ပြီး Miss Golden Land Myanmar Organization ဘက်မှ ပြန်လည်တုံ့ပြန်ပြောခဲ့ပါတယ်။

“အားလုံးပံ့ပိုးပေးခဲ့တယ်။ အားလုံးပြည့်စုံအောင် လုပ်ပေးခဲ့တယ်။ ကျနော်တို့ဘက်က တတ်နိုင်တဲ့ စွမ်းအင်ထဲကနေ ပေါ့။ အရင်နှစ်တွေထက် ပိုပြီးတော့လည်း ပံ့ပိုးပေးခဲ့ပါတယ်။ ပြိုင်ပွဲနဲ့မသက်ဆိုင်တဲ့သူ့ရဲ့ ကိစ္စလေးတွေမှာလည်း Organization အနေနဲ့ အနီးကပ်ရှိနေပေးပြီးတော့ အချိန်ပြည့်ရပ်တည်ပေးခဲ့တာကို အားလုံးလည်းသိမှာပါ”

“ အိမ်စည်အနေနဲ့ ကျန်ခဲ့တဲ့ ဝတ်စုံတစုံပေါ်မှာ ရစေချင်တာမှန်ပေမယ့် Organization အနေနဲ့ ဒီတစုံကို ပို့မပေးနိုင်တဲ့အတွက် အနူးအညွှတ်မေတ္တာရပ်ခံပါတယ်။ ပရိသတ်တွေကိုတော့ အဓိကတောင်းပန်ချင်တာပေါ့။ အကောင်းဆုံးအလှဆုံးမြင်ချင်ကြတာကို” လို့ National Director ကိုဟန်ဇော်လတ်က ပြောပါတယ်။

Miss Supernational 2018 မှာအလှမယ် ရွှေအိမ်စည် ဝတ်ဆင်မယ့် Nation Costume ကိုတော့ Organization ဘက်မှ ဒီဇိုင်နာမပုံ့ရဲ့ စီစဉ်ပေးခဲ့ပြီး Evening Gown ကိုတော့ ရွှေအိမ်စည်စိတ်ကြိုက်စီစဉ်မှာဖြစ်တဲ့အတွက် Organization ဘက်မှစီစဉ်မပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အိမ်စည်မသွားခင် ၂ပတ်လောက်အလိုမှာလည်း Nation Costume ကအဆင်မပြေဘူးပြောပါတယ်။ အဲဒါကြောင့် Organization က ဒီဇိုင်နာမပုံ့နဲ့ ဆက်သွယ်ပြီးတော့ အဆင်ပြေဆုံးဖြစ်အောင်လို့ Nation Costume ကိုစီစဉ်ပေး ခဲ့ပါတယ်။ သူလည်းကျေနပ်အားရတယ်။ Nation Costume လည်းပါသွားတယ်”

“ ဒါပေမယ့် Evening Gown ကိုမေးတော့ သူ့မှာ ၅စုံလောက်ရှိတယ်။ အကုန်လုံးကလည်းလှတယ်လို့ပြောတယ်။ အဲဒါကြောင့် စိတ်အေးအေးနဲ့နေခဲ့လိုက်တာ။ အခုလည်း ဝတ်စရာမရှိတာမဟုတ်ပါဘူး။ ဖိုင်နယ်အတွက် ဝတ်စုံပိုလည်းရှိပါတယ်။ ဒီဲကမှ သူမျှော်လင့်ထားတဲ့ ဝတ်စုံမဟုတ်လိုက်တာပေါ့” လို့ National Director ကိုဟန်ဇော်လတ်က ပြောပါတယ်။

ပရိသတ်များ အထင်အမြင်လွဲမှားတာနဲ့ ပတ်သက်ပြီးတော့လည်း National Director ကိုဟန်ဇော်လတ်က “ကျနော်တို့ကလည်း အားပေးသူ အိမ်စည့်ကို ထောက်ခံတဲ့သူ ၊ ထောက်ခံချင်လို့ အားပေးချင်လို့ပဲ အရင့်အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျနော်တို့ဆီကို ရောက်လာတဲ့အချိန်မှာ အကောင်းဆုံးပံ့ပိုးပေးခဲ့တယ်။ ဒီနေ့ဒီအချိန်ဒီနေရာထိ ရောက်လာဖို့အတွက် တူတူကြိုးစားခဲ့ကြတာပါ။ ကျနော်တို့ပဲလည်း မဟုတ်ပါဘူး”

“ တူတူကြိုးစားလာခဲ့ကြတာ ဒီအဆင့်ထိရောက်လာခဲ့ပြီးတော့မှ အချင်းချင်းနိုင်ငံတကာအလယ်မှာ မျက်နှာမပျက်ပါရစေနဲ့လို့ မေတ္တာရပ်ခံပါရစေ” လို့ ပြောပါတယ်။

အလှမယ်ရွှေအိမ်စည်ကတော့ ဒီကနေ့ ဒီဇင်ဘာလ ၇ရက်နေ့မှာတော့ ပိုလန်နိုင်ငံတွင် Miss Supernational 2018 ရဲ့ Final ပွဲစဉ်ကို ယှဉ်ပြိုင်မှာပဲဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading