• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အိမ်သာထဲမှာ မသမာသူတယောက်ရဲ့ ဗီဒီယိုလှမ်းရိုက်နေတာကို ကြုံတွေ့ခဲ့ရတဲ့ သန္တာဗို

by ယုဖြူဟန်
9 December 2018
in Entertainment
A A
မော်ဒယ်သန္တာဗို / Thandar Bo's Facebook

မော်ဒယ်သန္တာဗို / Thandar Bo's Facebook

38.7k
VIEWS
Share on FacebookShare on Twitter

မော်ဒယ်သန္တာဗိုကတော့ ဒီဇင်ဘာလ ၇ ၊ ၈ ၊ ၉ ရက်နေ့များမှာ ရန်ကုန်မြို့ရွှေထွဋ်တင်ကွင်းရှိ Hexagon Complex မှာ ပြုလုပ်တဲ့ Myanmar Int’l Fashion Week အတွက် Rehearal တိုက်နေတဲ့အချိန်၊ အဆိုပါနေရာအတွင်းရှိ အိမ်သာကို သွားရောက်ခဲ့စဉ်မှာတော့ အိမ်သာတံခါးပေါ်မှ လူတယောက်က ဗီဒီယိုချောင်းရိုက်နေတာကို ကြုံတွေ့ခဲ့ရတယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောပြထားပါတယ်။

“နောက်ဆုံးညအတွက် Rehearsal တိုက်နေတာဆိုတော့ နည်းနည်းပင်ပန်းပြီးခါးတွေကိုက်လာတဲ့ အကြောင်း သူငယ်ချင်းတွေနဲ့ပြောနေရင်း အိမ်သာတော့ ခဏသွားလိုက်ဦးမယ်လို့ နေရတာ မအီမသာဖြစ်နေတယ်ဆိုပြီး အိမ်သာကိုသွားတာ လူတယောက်မှမရှိဘူး ဒါပေမဲ့အရင်တုန်းကလည်း သွားနေကျပဲဆိုတော့ ဘာမှမဖြစ်လောက်ဘူးပေါ့”

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.7k
မြိတ်မြို့

မြိတ်မြို့

11 May 2025
603
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
263

“ အိမ်သာထဲဝင်ပြီး အိမ်သာသွားနေချိန် လူဝင်လာတဲ့ အရိပ်တွေ့တယ်။ မိန်းကလေး အိမ်သာဆိုတော့ ကိုယ့်လူတွေပဲ Model မဟုတ်ရင် အလုပ်လုပ်ကျတဲ့ မိန်းကလေးတယောက် အိမ်သာလာတယ်ပေါ့ဆိုပြီး အိမ်သာသွားရင်း ဖုန်းကြည့်နေလိုက်တယ်။ နည်းနည်းကြာတော့စိတ်က တမျိုးဖြစ်သွားတယ် ခုနကဝင်လာတဲ့တယောက်က အိမ်သာထဲဝင်သံလည်း မကြားလိုက်ဘူး။ အိမ်သာမဝင်ရင် လက်လာဆေးတယ်ဆိုလဲ ရေသံမကြားဘူးပေါ့”

“စိတ်ထဲတမျိုးဖြစ်တော့ ဘာရယ်မဟုတ် အပေါ်မော့ကြည့်လိုက်တာ အမယ်လေး တံခါးကနေ အပေါ်ကိုမိုးပြီး video လှမ်းရိုက်နေတာ အရမ်းလန့်ပြီးတကိုယ်လုံးတုန်သွားတာပဲ ကြောက်ကြောက်နဲ့ ဘယ်သူလဲလို့

ခက်ကျယ်ကျယ်အော်လိုက်တဲ့ချိန်မှာ အဲဒီလူ ထွက်ပြေးသွားတယ်” လို့ သန္တာဗိုက ရေးသားထားပါတယ်။

ဗီဒီယိုရိုက်နေတာကို သိသိခြင်းအချိန်မှာ အော်မေးလိုက်တဲ့အခါမှာတော့ အဆိုပါလူမှာ ထွက်ပြေးသွားခဲ့ပြီး သူ့ရဲ့ဖုန်းအမျိုးအစားကို သိလိုက်တဲ့အတွက် တခြားသူများကို ပြောပြပြီး ရှိတဲ့သူများရဲ့ ဖုန်းများကို စစ်ဆေးခိုင်းခဲ့ပေမယ့် မတွေ့ခဲ့ဘူးလို့ သိရပါတယ်။

“ဘဝမှာပထမဆုံးအတွေ့အကြုံ အိမ်သာမှာ သတ်သွားရင်တောင်သိမယ်မထင်ဘူး အဲဒီလူကတယောက်တည်းဝင်တဲ့ အချိန်ကို ဘယ်ချိန်ထဲကချောင်းနေလဲမသိဘူး နောက်ဆို မိန်းကလေးတွေ အိမ်သာသွားရင် တစ်ယောက်တည်း ဝင်မယ်ဆိုရင် သတိထားကြပါနော်။ဘာဖြစ်လို့အဲလိုလုပ်ကြတာလဲ စဉ်းစားလို့တောင်မရဘူး” လို့ သန္တာဗိုက ဆိုထားပါတယ်။

ဒီအကြောင်းအရာကိုတော့ သန္တာဗိုက ဒီဇင်ဘာလ ၈ရက်နေ့ညပိုင်းက ကြုံတွေ့ခဲ့တာကို ပြန်လည်မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

မိန်းကလေးအိမ်သာထဲကို ဗီဒီယို ၊ ဓာတ်ပုံများချောင်းရိုက်ခံရတဲ့ အကြောင်းအရာများမှာ ယခုနောက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တော်တော်များများကြားသိလာခဲ့ရတဲ့ အကြောင်းအရာတခုဖြစ်လာပါတယ်။

Your Thoughts …
Tags: ဗီဒီယိုသန္တာဗို
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ဆင်ဟွာ၏ ဗီဒီယိုပါ Ma Xiaoyue (မာရှောင်ယွဲ့)ဆိုသည့် တရုတ်အမည်ကို အသုံးပြုထားသော မြန်မာအမျိုးသမီးနှင့် သူ့ခင်ပွန်း

မြန်မာအမျိုးသမီးရဲ့ “ပျော်စရာ” အိမ်ထောင်ရေး တရုတ်သတင်းဗီဒီယို လူကုန်ကူးမှုကို အားပေးနေ

by နန်းလွင်
16 October 2020
27.1k

"ဒီဗီဒီယိုက လူကုန်ကူးမှုကို လုံးလုံးလျားလျား ထောက်ခံထားပါတယ်။ အဲဒါက အဖြစ်မှန်နဲ့ မကိုက်ညီဘူး ဆိုတာ ကျမတို့ အားလုံး ကောင်းကောင်းသိပါတယ်”

ခြံစည်းရိုးပေါ် ကျော်တက်ခဲ့တဲ့ မိကျောင်း

ခြံစည်းရိုးပေါ် ကျော်တက်ခဲ့တဲ့ မိကျောင်း ဗီဒီယို အွန်လိုင်းမှာ နာမည်ကြီးနေ

by ရေဗန်
22 August 2019
33.4k

ဒေသခံတွေကတော့ "တကယ်လို့ ခင်ဗျားက ဖလော်ရီဒါကို အခုမှ စရောက်ဖူးတာဆိုရင် ရေထဲဆင်းတာကို ဆင်ခြင်ပါ။ ရေတိုင်းမှာ မိကျောင်းရှိနေနိုင်တယ်"လို့ အကြံပြုထားပါတယ်။

သရုပ်ဆောင် နေမျိုးအောင်နှင့် ဇနီး  / ချစ်ပိုး / ဧရာဝတီ

“ဗီဒီယိုခေတ် ပျက်တာဟာ မင်းသားသစ် ထပ်ပေါ်ဖို့ ခဲယဉ်းတယ်”လို့ နေမျိုးအောင် ပြော

by ချစ်ပိုး
10 June 2019
18.1k

“ကျနော်တို့ဆီမှာ ဗီဒီယိုကနေ စခဲ့တဲ့သူ တော်တော်များပါတယ်။ ကျနော်လည်း သရုပ်ဆောင် မင်းသားတယောက် ဖြစ်ဖို့အတွက် ဗီဒီယိုကနေ စခဲ့ရတာ။

မိတ်ကပ် ညီညီမောင်(စမ်းချောင်း) / nyinyimaung facebook

ပျော်အောင် ဗီဒီယိုတွေတင်ဖြစ်တာပါလို့ဆိုတဲ့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)

by ယုဖြူဟန်
22 January 2018
14.6k

သုသုက စိတ်ညစ်တဲ့အခါကျရင် ပျော်အောင်လို့ ဗီဒီယိုဖိုင်လေးတွေ ရိုက်ရိုက်ပြီးတင်တာပါ။ အခုတင်ထားပြီးတဲ့ ဗီဒီယိုလေးတွေက သူငယ်ချင်းနဲ့ ရိုက်ထားတာပါ။

အဆိုတော် ထွန်းနောင်ဆင့်  / Htun Naung Sint's Facebook

ကချင်အမျိုးသမီးရဲ့ ကိုဗစ် သီချင်းကို ပြန်ဖန်တီးလိုက်တဲ့ ထွန်းနောင်ဆင့်

by ဧရာဝတီ
6 July 2021
16.4k

အဆိုပါ သီချင်းမှာတော့ “ကိုဗစ်က နှိပ်စက်၊ နိုင်ငံရေးက နှိပ်စက်၊ တော်တော်လေးကို စိတ်ညစ်ရပါတယ်။ ဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်မလဲ”စတဲ့ စာသားများ ပါဝင်ပါတယ်။

ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်အမှတ် PS572 လေယာဉ်ပေါ်တွင်လိုက်ပါလာသူ ၁၇၆ ဦးလုံးသေဆုံးသည် / Reuters

ယူကရိန်းလေယာဉ် ပစ်ချခံရတဲ့ ဗီဒီယိုထွက်ပေါ်

by ဧရာဝတီ
10 January 2020
45.7k

အသစ်ထွက်ပေါ်လာသော ဗီဒီယိုတွင် ယူကရိန်းလေကြောင်းလိုင်းမှ လေယာဉ်သည် တီဟီရန်လေဆိပ်မှ ဗုဒဟူးနေ့က ထွက်ခွာလာပြီး မကြာမီ ဒုံးကျည်ထိမှန် ပျက်ကျသည်ကို ပြသနေသည်။

Next Post
နေပြည်တော်ရှိ အခမ်းအနားတခုသို့ တက်ရောက်လာသည့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ / ထက်နိုင်ဇော် / ဧရာဝတီ

ဝန်ကြီးချုပ်များ အလုပ်ဖြစ်၊ မဖြစ် အဖွဲ့တခုဖွဲ့၍ NLD စောင့်ကြည့်တော့မည်

အဖွဲ့အစည်းနှင့် လှုပ်ရှားမှုအများအပြားတို့သည် လူ့အခွင့်အရေးဟုအမည်ပေး၍ ၂၀ ရာစုသို့ ကူးပြောင်းသည့် လမ်းကြောင်းတလျှောက် နက်နဲသိမ်မွေ့သော လူမှုရေး အပြောင်းအလဲများကို ရရှိအောင်မြင်ရန် ဦးစီးဦးကိုင်ပြုခဲ့ပါသည် / Reuters

သင့်အခွင့်အရေးကို သင်သိပါ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate