Entertainment

“အချစ်ရေးကတော့ မိဘတယာက်လိုနေရာမျိုးမှာပဲ ရှိနေပါတယ်”

Want create site? Find Free WordPress Themes and plugins.

မိတ်ကပ်ပညာရှင် ခင်စန်းဝင်းကတော့ ဈေးကွက်အရ မင်းသားတွေ အခြောက်ကာရိုက်တာကို သရုပ်ဆောင်ရတဲ့အပေါ် အခြောက်တွေကို ထိခိုက်နစ်နာစေလိုတဲ့စိတ်နဲ့ ရိုက်တာမဟုတ်ဘဲ သူတို့အလုပ် သူတို့လုပ်ကြတာပါလို့ ဧရာဝတီကို ဆိုပါတယ်။

“မင်းသားတွေ အခြောက်ကာရိုက်တာတွေ သရုပ်ဆောင်တော့ မင်းသားတွေက ဈေးကွက်အရ ဒီမင်းသားကို သုံးမှာပဲ။ ပရိုဂျူဆာက သူ့စီးပွားရေးအတွက် ငှားမယ်။ လူရယ်စရာဖြစ်အောင်ရိုက်မှ ပရိသတ်တွေလာကြည့်ကြမယ်။ မင်းသားတွေ အနေနဲ့ကလည်း တကားကို သိန်းတွေထောင်ချီပြီးရနေတာဆိုတော့ သူတို့လည်း ဒီပိုက်ဆံကို ဘယ်လွှတ်ချင်မလဲ”

“ကျန်တာထိခိုက်တာ နစ်နာတာတော့ သူတို့အရှည်ကြီးတွေးမှာ မဟုတ်ဘူး။ သူတို့ကလည်း ဒီအခြောက်တွေကို ထိခိုက်နစ်နာစေလိုတဲ့စိတ်တဲ့ ရိုက်ကျတာမဟုတ်ပါဘူး။ သူတို့ အလုပ်သူတို့ လုပ်ကြတာပါပဲ။ တခါတလေကျတော့ မကြီးတို့ကို လာထိခိုက်တယ်ပေါ့။ မကြီးတို့ကတော့ မိန်းမလိုသတ်မှတ်ထားတော့ ကိုယ်နဲ့မဆိုင်သလို သတ်မှတ်ထားတယ်” လို့ ခင်စန်းဝင်း ကပြောပါတယ်။

ရှိုးလျှောက်ဖို့ အကူအညီတောင်းပေမယ့် ခန္ဓာကိုယ်ဝနေတဲ့အတွက် ပရိသတ်ရှေ့မှာမလျှောက်ချင်ဘူးလို့ ဆိုပါတယ်။

“ရှိုးလျောက်ဖို့ မကြီးကို အကူအညီတောင်းတယ်။ မကြီးက မင်းသမီးဖြစ်နေပြီလုပ်ပေးပါလို့ ပြောတယ်။ မကြီးက ကင်မရာရှေ့မှာတော့ လုပ်ရဲတယ်။ ပရိသတ်ရှေ့မှာတော့ မလုပ်ရဲဘူး။ ခန္ဓာကိုယ်လည်း နည်းနည်းဝနေတော့ ပရိသတ်ရှေ့မှာ မလျှောက်ချင်ဘူး။ ငြင်းခဲ့တယ်။ တချို့ကျတော့လည်း ပေါ်ပြူလာဖြစ်ချင်တော့ ကိုယ်ခန္ဓာအချိုးအစား ကိုပြချင်တော့ လျှောက်ကြတယ်။ ဒါကတော့ တဦးတယာက်ရဲ့ စိတ်ဆန္ဒနဲ့ သာသက်ဆိုင်ပါတယ်”

“မကြီးကတော့ ကိုယ်မလုပ်ရဲလို့ မလုပ်ဘူး။ လုပ်တဲ့သူတွေလည်းပြောစရာမရှိပါဘူး။ အနေအေးတာက အရင်တည်းက တယာက်တည်းနေတယ်။ အပြင်သိပ်မသွားဘူး။ မိန်းမဆန်လွန်းတယ်။ မိန်းမအစစ်တွေတောင်ပြောကြတယ်။ မကြီးကလျှောက်ကဲတာမကြိက်ဘူး။ ကိုယ်ချစ်တဲ့သူနဲ့ အေးဆေးလေးနေတာပဲကြိုက်တယ်။ မကြီးတပည့်တွေကိုလည်း ဆုံးမတယ်”

“ဒီခေတ်မှာရောဂါတွေလည်း အရမ်းများတော့ မိဘကကောင်းကောင်းမွန်မွန်မွေးပြီး လူတန်းစေ့နေစေချင်တယ်။ အရွယ် မတိုင်ခင်ကြွေလွင့်သွားမှာစိုးလို့ သူတို့ကို ဆုံးမဖြစ်တယ်။ မကြီးအချစ်ရေးက အရွယ်အားဖြင့် မိဘတယောက်လို နေရာမျိုးမှာပဲ ရှိပါတယ်။ အားလုံးကို မေတ္တာထားနိုင်အောင် ကြိုးစားတယ်။ ကူညီနိုင်တာကိုကူညီတယ်။ စောင့်ရှောက်နိုင် တာကို စောင့်ရှောက်တယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးအရမ်း Seriousဖြစ်အောင်မနေပါဘူး။ သဘာဝတရားက ရှိတယ်လေ”လို့ ခင်စန်းဝင်းကပြောပါတယ်။

မိတ်ကပ်ခင်စန်းဝင်းကတော့ မိတ်ကပ်လောကမှာ ရပ်တည်နေတာ ၂၅ နှစ်ကျော်နေပြီဖြစ်ပြီး ပထမဆုံးအကြိမ် ရိုက်ကူးလိုက်တဲ့ ‘မကြီးစန်းနှင့် သူ၏ချစ်သူများ’ ဗီဒီယို ဇာတ်ကားကနေစပြီး ပရိသတ်အရှေ့ကို သရုပ်ဆောင် တယောက်အဖြစ် ရောက်ရှိလာတာဖြစ်ပါတယ်။

နောက်ထပ်လည်း ‘တန့ကျမှ မောင့်ကို ဒီအကြောင်းတွေပြောပြရဦးမယ်’ ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ထွက်ရှိခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading