Entertainment

ပါဝင်ခဲ့တဲ့ ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး အမှတ်တရ တက်တူးထိုးခဲ့ကြတဲ့ အနုပညာရှင်များ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတဝှမ်းမှာ တက်တူးထိုးတာနဲ့ ပတ်သက်ပြီး အထူးတဆန်း မဟုတ်တော့ပေမယ့် အခုခေတ်မှာတော့ သရုပ်ဆောင်တွေဟာ သူတို့ပါဝင် သရုပ်ဆောင်ခဲ့ကြတဲ့ ရုပ်ရှင်ဇာတ်ကောင်တွေနဲ့ ပတ်သက်ပြီး အမှတ်တရအနေနဲ့ တက်တူးထိုးလေ့ ရှိလာကြပါတယ်။ အခုဖော်ပြပေးသွားမယ့် သရုပ်ဆောင်တွေဟာ သူတို့ရဲ့ အမှတ်တရတွေအတွက် သူတို့ ရွေးချယ်ဖြစ်တဲ့ တက်တူးတွေ အကြောင်းပဲဖြစ်ပါတယ်။

(၁) The Avengers ရဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Chris Evan နဲ့ Scarlett Johansson တို့ဟာ New York မှာ ရုပ်ရှင်ရဲ့ အမှတ်တရအဖြစ် တက်တူးတခုစီ ဆင်တူ ထိုးခဲ့ကြတယ်လို့ Robert Downey Jr. က သူ့ကိုယ်ပိုင်အကောင့်မှာ ရေးသားခဲ့ပါတယ်။ အဲဒီ တက်တူးဟာ Los Angeles အထိ ရောက်ရှိလာခဲ့ပြီး The Avengers ရဲ့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Robert Downey Jr. , Chris Hemsworth နဲ့ Jeremy Renner တို့ပါ ဆင်တူ ထိုးဖြစ်ခဲ့ကြပါတယ်။

(၂) Game of Thrones ရဲ့ နာမည်ကျော် သရုပ်ဆောင်တဦးဖြစ်တဲ့ Sophie Turner ကတော့ Stark အိမ်တော်ရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ဝံပုလွေပုံ တက်တူးကို ထိုးဖြစ်ခဲ့ပါတယ်။

(၃) နောက်ထပ် နာမည်ကျော်ရုပ်ရှင်ဖြစ်တဲ့ The Lord of the Rings ရဲ့ သရုပ်ဆောင်တွေဟာ တညီတညွှတ်တည်း တက်တူးတခုကို ထိုးဖြစ်ခဲ့ကြပါတယ်။ သူတို့အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်းမှာ အတူတကွ ဖြတ်သန်းခဲ့ကြရတဲ့ အချိန်တွေအတွက် အမှတ်တရအနေနဲ့ အခုလို တက်တူးထိုးကြဖို့ပဲ ဖြစ်ပါတယ်။

တက်တူးထိုးသူတွေထဲမှာ ပါဝင်တဲ့ အနုပညာရှင်တွေကတော့ Elijah Wood , Sean Astin , Orlando Bloom , Billy Boyd , Sean Bean , Viggo Mortensen , Dominic Monaghan နဲ့ Ian McKellen တို့ပဲဖြစ်ပြီး တက်တူးရဲ့ ပုံကတော့ Elvish ဘာသာစကားအရ နံပါတ် ၉ လို့ အဓိပ္ပာယ်ရပါတယ်။

(၄) နောက်ထပ် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်အတွက် အမှတ်တရ တက်တူးထိုးခဲ့ကြသူတွေကတော့ Suicide Squad ရုပ်ရှင်မှာ ပါဝင်ခဲ့ကြတဲ့ Will Smith , Margot Robbie , Joel Kinnaman နဲ့ Jai Courtney တို့အပြင် ဒါရိုက်တာ David Ayer ကိုယ်တိုင်ပါ “skwad” ဆိုတဲ့ တက်တူးကို ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ်။

Ref: brightside.me

Did you find apk for android? You can find new Free Android Games and apps.
Loading