Entertainment

"လင်္ကာဒီပချစ်သူ"မှာ ဒဿဂီရိ အဖြစ် မြင်တွေ့ရဦးမယ့် လူမင်း

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် အကယ်ဒမီ လူမင်းက မန္တလေးမြို့မှာကပြဖျော်ဖြေမယ့် “လင်္ကာဒီပချစ်သူ” ပြဇာတ်မှာ ဒဿဂီရိနေရာက ပါဝင်ကပြသွားမယ်လို့ မီဒီယာတွေကိုပြောပါတယ်။

“လင်္ကာဒီပချစ်သူ ပြဇာတ်ကို ပါဖြစ်တာက လင်္ကာဒီပချစ်သူ စာအုပ်ထွက်ကတည်းက ကျနော်တို့ ငယ်ငယ်ကတည်းက အိမ်မက်တွေပေါ့။ သရုပ်ဆောင်လုပ်ဖြစ်တော့ ဒီစာအုပ်ကို အရမ်းရိုက်ချင်ခဲ့တာ အကြိမ်ကြိမ် ရိုက်ဖို့လုပ်ကြတယ်။ ရိုက်ဖို့ ခက်ခဲတော့ မရိုက်ဖြစ်ခဲ့ကြဘူးပေါ့”

“အဲ့ဒါကို အခုပြဇာတ်ကဖို့ ကျနော်ဆီရောက်လာတော့ ဝမ်းသာအားရ လက်ခံခဲ့တာပါ။ တာဝန်တော့ ကြီးပါတယ်။ ပြဇာတ်ကို ပြဇာတ်အသွင်လိုမျိုး ရာမတို့ ဒဿတို့ ခေါင်းဆောင်းကြီးတွေ မဟုတ်ဘဲနဲ့ ကပြဖျော်ဖြေမှာဆိုတော့ ပရိသတ်အတွက်လည်း အသွင်ဆန်း အမြင်ဆန်းနဲ့ ရသတမျိုးကို ခံစားရလိမ့်မယ်လို့ ယုံကြည်တယ်။ ဇာတ်တွေတိုက်တာလည်း လနဲ့ချီတိုက်ပြီး အကောင်းဆုံး ကြိုးစားထားကြပါတယ်”လို့ လူမင်းက ပြောပါတယ်။

လူမင်းက Canal+ က မကြာခင်ပြသမယ့် “ခရီးသွားကောက်ကြောင်း”ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားပြီး ဒီအစီအစဉ်နဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“ခရီးသွားကောက်ကြောင်း ကျနော်ရိုက်နေကျ မဟုတ်တဲ့ ဇာတ်လမ်းလေးပေါ့။ ခရီးတွေသွားပြီး Location တွေရော ထူးခြားတာနဲ့ရိုက်ဖြစ်တဲ့ ကားလေးပါ။ ခရီးသွားကောက်ကြောင်းလေးက အရမ်းကောင်းတယ်။ ခရီးသွားဇာတ်လမ်းတွေ အများကြီးရှိခဲ့တယ်”

“ဒါပေမယ့် ဇာတ်လမ်းလေးနဲ့ ပြန်ထိန်းထားတယ်။ လူသိတဲ့ သရုပ်ဆောင်တွေနဲ့ တွဲပြီးလုပ်တော့ ပရိသတ်တွေ ပိုပြီးစိတ်ဝင်စားစေမယ်လို့ထင်တယ်” လို့ လူမင်းက ဆိုပါတယ်။

သရုပ်ဆောင်လူမင်းရဲ့သမီးဖြစ်သူ ဧရာဝတီလူမင်းကလည်းTik tok များ ရိုက်ကူးနေတာတွေ့ရတဲ့အခါ ဒီအပေါ်ကိုလည်း လူမင်းက အခုလိုဆိုပါတယ်။

“Tik tok ဆိုတာ ကျနော်တို့ သွားမလည်မပတ်တဲ့ ရပ်ကွက်ပေါ့နော်။ အဲ့ရပ်ကွက်ထဲကို သမီးက ကျွမ်းတယ်။ ဘာထဲကို ဝင်ပြီး ဘာလုပ် ဘာ edit ကို ဘယ်လိုလုပ်ရတယ်ဆိုတာ သူတို့သိတယ်။ ဒါရိုက်တာလုပ်တဲ့ အဖေတောင် ဘာလိုလုပ်ရမှန်း မသိဘူး။ ကျနော်ကတော့ tik tok မလုပ်ရဲပါဘူး။ သမီးကိုဆိုရင် မလွန်ဆန်နိုင်ဘူး။ သူက အတင်းလုပ်ခိုင်းရင်တော့လုပ်ရမှာပေါ့။ သူ့ခေါင်းစီးကလစ်ကို တပ်ပေးရတာလေးတော့ တခါတော့ လုပ်ဖူးတယ်”လို့ လူမင်းက ဆိုပါတယ်။

အနုပညာရှင် သာမန်ထက်လွန်ကဲပြီး ဝတ်ဆင်နေတာနေတဲ့အပိုင်းနဲ့ ပတ်သက်လို့ လူမင်းက ခေတ်ကာလအခြေအနေနဲ့ တိုင်းတာပြီး အခုလို ဆိုပါတယ်။

“အနုပညာရှင်တွေ သာမန်ထက်လွန်ကဲအောင် ဝတ်တာတော့ ခေတ်ဆိုတာက ပြောရခက်တယ်။ တခေတ်ကို တယောက်တို့ နှစ်ယောက်တို့ သုံးယောက်တို့ဆိုတာ ရှိခဲ့တာပါပဲ။ ကျနော်တို့ဆီက အနုပညာရှင်မှ မဟုတ်ပါဘူး။ ကမ္ဘာမှာလည်းရှိ ကြတာပါပဲ။ ထင်ပေါ်ကျော်ကြားနေတဲ့ အနုပညာရှင်တွေရဲ့ ဝတ်ပုံစားပုံတွေက သာမန်ထက် လွန်ကဲတာတို့ ရှိနေဦးမှာပါပဲ”လို့ လူမင်းက ပြောပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင်လူမင်းက ဇာတ်ကားများစွာကို ကိုယ်တိုင်ဒါရိုက်တာလုပ်ကာရိုက်ကူးနေပြီး ဇာတ်ကားများစွာမှာလဲ သရုပ်ဆောင်နေပါတယ်။ ဒီဇင်ဘာ ၁၄၊ ၁၅ရ က်မှာတော့ မန္တလေးမြို့အမျိုးသားဇာတ်ရုံမှာ ဆရာကြီး ချစ်ဦးညိုရဲ့ “လင်္ကာဒီပချစ်သူ” ပြဇာတ်ကို ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading