အပိုင်း (၁) မှာ ဖော်ပြခဲ့သလိုပဲ Modern Rock ကို ဦးဆောင်နေတဲ့ Rock ဂီတအဖွဲ့ Linkin Park က နံပတ် (၁) နေရာမှာ ရှိပါတယ်။ နံပါတ် ၂ နဲ့ ၃ နေရာမှာတော့ ဘယ်ဂီတအဖွဲ့တွေရှိနေလဲဆိုတာ ဖော်ပြပေးပါမယ်။
(၂) Breaking Benjimin
အမေရိကန်နိုင်ငံရဲ့ Post-grunge (Alternative Metal) ဝိုင်းတဝိုင်းဖြစ်တဲ့ Breaking Benjimin ကို ၁၉၉၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အဆိုတော် Ben Burnley ၊ ဒရမ်သမား Chad Szeliga ၊ ဂစ်တာသမား Aaron Fink နဲ့ ဘေ့စ်ဂစ်တာသမား Mark Klepaspi တို့ ပါဝင်ပါတယ်။
တကယ်တော့ ဒီဝိုင်းကို စတင်ဖွဲ့စည်းခဲ့သူတွေက အဆိုတော် Ben Burnley နဲ့ Chad Szeliga မရောက်လာခင် အချိန်တုန်းက ဒရမ်တီးခဲ့တဲ့ Jeremy Hammel တို့ပါပဲ။ ၂၀၀၅ ခုနှစ်မှာ တော့ ဒရမ်သမား အပြောင်းအလဲဖြစ်ခဲ့ပြီး Jeremy Hammel မထွက်ခင် ၂၀၀၂ ခုနှစ်မှာ Formation and Saturate နဲ့ ၂၀၀၄ ခုနှစ်မှာ “We are not alone” ဆိုတဲ့ Album တွေကို ဖြန့်ချိခဲ့ပါတယ်။
ဒီ ဂီတဝိုင်းဟာ သူ့မျိုးဆက်မှာ အကောင်းဆုံး ဂီတဝိုင်းတဝိုင်းဖြစ်ခဲ့ပေမယ့် ၂၀၁၀ ခုနှစ် ကနေ ၂၀၁၄ ခုနှစ် အတွင်းမှာ လူအပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ သူတို့သီချင်းဖန်တီးမှုပုံစံတွေက နည်းပညာ ဆန်းသစ်မှုတွေပါသလို Electronic အသံတွေလည်း အများအပြားပါဝင်ပါတယ်။
ဒုတိယ Album ဖြစ်တဲ့ “We Are Not Alone” Album ဟာ ဥရောပနဲ့ အာရှမှာ အောင်မြင်မှု အကြီးအကျယ်ရခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ Phobia နဲ့ ၂၀၀၉ မှာတော့ “Dear Agony” ဆိုတဲ့ album တွေထွက်ရှိခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ ဒရမ်သမား Chad Szeliga ထွက်သွားခဲ့ပါ တယ်။ ၂၀၁၄ မှာတော့ “Return and Dark before Dawn” ထွက်ခဲ့ပြီး အဖွဲ့သားတွေလည်း အပြောင်းအလဲဖြစ်ခဲ့ပါတယ်။
အခုဆိုရင်တော့ Burnley နဲ့ ဂစ်တာသမား Aaron Bruch ကလွဲပြီး လူသစ်တွေနဲ့ အစားထိုးခဲ့ပါတယ်။ အစားထိုးခဲ့တဲ့ လူသစ်တွေကတော့ Lead – Jasen Rauch ၊ guitarist & backing vocalist – Keith Wallen နဲ့ Drummer – Shaun Foist တို့ပါပဲ။
(၃) Three Days Grace
Three Days Grace ကို ၁၉၉၇ ခုနှစ်မှာ ကနေဒါနိုင်ငံ Ontario ပြည်နယ်က Norwood မြို့ မှာ ဖွဲ့စည်းခဲ့ပါတယ်။ ကနေးဒီးယန်း Rock ဝိုင်းတဝိုင်းဖြစ်ပြီး Adam Gontier (guitarist & vocalist ) ၊ Neil Sanderson (drummer & backing vocalist) နဲ့ Brad Walst (bass) တို့ပါပဲ။
ပထမဆုံး ပေးခဲ့တဲ့နာမည်ကတော့ Groundswell ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာတော့ Three Days Grace ဆိုတဲ့ နာမည်ပေးခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ ဂစ်တာသမား Barry Stock ဝင်လာခဲ့တဲ့အတွက် အဖွဲ့ဝင် ၄ ဦး ဖြစ် လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ အဆိုရှင် Adam Gontier ထွက်သွားခဲ့ပြီး သူ့နေရာမှာ My Darkest Day ရဲ့ အဆိုရှင် Matt Walst နဲ့ အစားထိုးခဲ့ပါတယ်။
Three Days Grace ဟာ album ၆ ချပ်ထွက်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ Three Days Grace ၊ ၂၀၀၆ ခုနှစ်မှာ One-X ၊ ၂၀၀၉ ခုနှစ်မှာ Life Starts Now ၊ ၂၀၁၂ ခုနှစ်မှာ Transit of Venus ၊ ၂၀၁၅ မှာ Human နဲ့ ၂၀၁၈ မှာ Outsider တို့ ထွက်ရှိခဲ့ပါတယ်။
ပထမ album ၃ ချပ်လုံးက အမေရိကန် RIAA ကပေးတဲ့ ပလက်တီနမ်ဓာတ်ပြားဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကနေဒါနိုင်ငံကပေးတဲ့ ပလက်တီနမ်ဓာတ်ပြားဆုတွေကိုလည်း ရရှိခဲ့ပါတယ်။ Three Days Grace အဖွဲ့ရဲ့ ဂီတပုံစံတွေကတော့ Post-grunge ၊ Alternative Rock ၊ Alternative Metal ၊ Nu Metal နဲ့ Hard Rock အမျိုးအစားတွေပါပဲ။
ပထမခွေဖြစ်တဲ့ Three Days Grace မှာပါတဲ့ သီချင်းပုံစံအများစုဟာ Alternative Metal နဲ့ Post – grunge ပုံစံတွေဖြစ်ပြီး ဒုတိယခွေဖြစ်တဲ့ One-X ကတော့ နားဝင်ချိုတဲ့သီချင်းပုံစံတွေ ဖြစ်လာပါတယ်။ ဂစ်တာ ဆိုလိုတွေ ပိုတီးခတ်လာပါတယ်။ Transit of Venus ခွေမှာတော့ Electronic တွေရဲ့ လွှမ်းမိုးမှု အနည်းငယ်ပါ ဝင်လာခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အောင်မြင်ကျော်ကြားတဲ့ Rock ဂီတဝိုင်းများ အပိုင်း (၁)
Ref : thetoptens