ပထမ အပိုင်း (၁) နဲ့ (၂) မှာ ဖော်ပြခဲ့သလိုပဲ အပိုင်း (၃) မှာကော ဘယ် Rock ဂီတဝိုင်းတွေက ကမ္ဘာမှာ အောင်မြင်ကျော်ကြားခဲ့သလဲ။ လက်ရှိမှာလည်း အောင်မြင် ကျော်ကြားနေဆဲဖြစ်တဲ့ အဲဒီ ဂီတဝိုင်းတွေ အကြောင်း ဆက်လက် ဖော်ပြပေးသွားပါမယ်။
(၄) Green Day
အမေရိကန် Pop Punk, Punk Rock နဲ့ Alternative Rock ဝိုင်းတဝိုင်းဖြစ်တဲ့ Green Day ကို ၁၉၈၆ ခုနှစ် တုန်းက ကယ်လီဖိုးနီးယားပြည်နယ် ၊ East Bay မှာ ဖွဲ့စည်းခဲ့ပါတယ်။ ပါဝင်သူတွေကတော့ Billie Joe Armstrons (Vocalist & Guitarist) ၊ Mike Dirnt (Bass) ၊ Tre’ Cool (Drams) နဲ့ Jason White (Guitarist) တို့ပါ။
Drammer သမားဖြစ်တဲ့ Tre’ Cool ဟာ ၁၉၉၀ ခုနှစ်ရောက်မှ ရောက်လာတာဖြစ်ပြီး အရင် Drammer ဖြစ်တဲ့ John Kiffmeyer ရဲ့ နေရာမှာ အစားဝင်လာခဲ့ပါတယ်။ Green Day ဟာ The Ramones , Sex Pistols , NOFX , Bad Religion စတဲ့ ဂီတဝိုင်းတွေရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပြီး American Idiot နဲ့ Dookie album တွေက အကောင်းဆုံး Album တွေပါ။
၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ American Idiot album ဆိုရင် အမေရိကန်မှာတင် ချပ်ရေ ၆ သန်းကျော် ရောင်းချခဲ့ရပြီး ဂျာမနီနိုင်ငံကပေးတဲ့ အကောင်းဆုံး Rock album ဆုကိုလည်း ရခဲ့ပါတယ်။ Green Day အဖွဲ့ဟာ ကမ္ဘာအနံှ့ ချပ်ရေ ၇၅ သန်းကျော် ရောင်းချခဲ့ရပြီး ဂျာမနီနိုင်ငံကပေးတဲ့ ဆု ၅ ဆုကိုလည်း ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Rock and Roll Hall of Fame album ကို ထုတ်ခဲ့ပါတယ်။
အစောပိုင်းက ဖွဲ့စည်းခဲ့တဲ့ Green Day အဖွဲ့ဝင်ဟောင်းတွေကတော့ Raj Punjabi ( drums , percussion ,backing vocals 1986 – 1987 ) ၊ Sean Hughes ( bass , backing vocals 1986 – 1988 ) ၊ John Kiffmeyer ( drums , percussion ,backing vocals 1987– 1990 ) ၊ Aaron Cometbus ( drums , percussion ,backing vocals 1986 – 1987 ) တို့ဖြစ်ကြပြီး အခုလက်ရှိမှာတော့ Billie Joe Armstrong ( lead vocals , lead and rhythm guitars , piano , harmonica 1986 – present ) ၊ Mike Dirnt ( bass guitars , backing vocals 1988 – present) ၊ Tre’ Cool ( drums , percussion , backing vocals 1990 – present ) တို့ပါ။
(၅) Avenged Sevenfold
အမေရိကန်ဂီတ ဝိုင်းတဝိုင်းဖြစ်တဲ့ Avenged Sevenfold ကို ၁၉၉၉ ခုနှစ်က ကယ်လီဖိုးနီးယားမှာ စတင်ဖွဲ့စည်းခဲ့ပြီး Alternative Rock ဝိုင်းတဝိုင်းပါ။ ပါဝင်သူတွေကတော့ M.Shadows (Vocals) ၊ Synyster Gate (lead Guitar) ၊ Zacky Vengeance (Rhythm Guitar) ၊ Johnny Chirst (Bass) နဲ့ The Rev (Drums) တို့ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ ပင်တိုင်ဒရမ်သမားဖြစ်သူ သေဆုံးပြီးတဲ့နောက် Brooks Wackerman ဝင်ရောက်လာခဲ့ပါတယ်။ သူတို့ရဲ့ ပထမဆုံး album ဖြစ်တဲ့ the seven trumpet ကို ၁၉၉၉ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ Afterlife သီချင်းနဲ့လူသိများလာခဲ့ပြီး အခုချိန်ထိတော့ album ပေါင်း ၁၀ ချပ် ထုတ်ခဲ့ပြီးပါပြီ။
၁၉၉၉ ခုနှစ်ကစတင်ခဲ့တဲ့ Avenged Sevenfold ဒါမှမဟုတ် A7X အဖွဲ့ဟာ အချိန်တိုတိုအတွင်းမှာပဲ အောင်မြင်လာခဲ့ပြီး အကျော်ကြားဆုံး modern rock band တွေထဲ ပါဝင်လာနိုင်ခဲ့ပါတယ်။
(၆) Skillet
Skillet ဟာ အမေရိကန် ခရစ်ယာန် Rock ဂီတဝိုင်းဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ Tennessee ပြည်နယ်က Memphis မှာ ဖွဲ့စည်းခဲ့ပါတယ်။ သူတို့ရဲ့သီချင်းအများစုဟာ ခရစ်ယာန်ယုံကြည်မှုမှာ အခြေခံထားတဲ့သီချင်းတွေဖြစ်ပြီး ယေရှုခရစ်အကြောင်းနဲ့ တသီးပုဂ္ဂလ ခရစ်ယာန်လူသားဘဝကို စပ်ဆိုတာမျ ားပါတယ်။
ဒီတီးဝိုင်းမှာတော့ John (bass , vocals) ၊ Korey cooper (Rhythm Guitar ,Keyboards) တို့ဖြစ်ပြီး သူတို့နှစ်ဦးကတော့ လင်မယားတွေလည်း jဖစ်ကြပါတယ်။ နောက်ထပ် ပါဝင်သူတွေကတော့ Jen Ledger (Drums) နဲ့ Seth Morrison (Lead Guitar) တို့ ပါဝင်ပါတယ်။
Skillet အဖွဲ့ဟာ album ဆယ်ချပ်ထွက်ရှိထားပြီး ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ Collide နဲ့ ၂၀၀၆ ကထွက်ခဲ့တဲ့ Comatose ဆိုတဲ့ album နှစ်ချပ်ဟာ ဂျာမနီနိုင်ငံကပေးတဲ့ ဂီတဆိုင်ဆု ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်ကထွက်ခဲ့တဲ့ Awake နဲ့ Comatose album နှစ်ချပ်ကလည်း အမေရိကန်နိုင်ငံရဲ့ RIAA ကပေးတဲ့ ပလက်တီနမ် ဓာတ်ပြားဆုကို ရခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကထွက်ခဲ့တဲ့ Rise album ကတော့ ၂၀၁၇ ဝင်ဘာ ၁၀ နေ့မှာ ရွှေဆုရခဲ့ပါတယ်။
(၇) Foo Fighters
Foo Fighters ဂီတဝိုင်းကိုတော့ ၁၉၉၄ မှာ ဆီယက်တယ် ( Seattle ) မြို့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒီတီးဝိုင်းအဖွဲ့ကို စတင်တည်ထောင်သူကတော့ နာမည်ကျော် ဂီတဝိုင်းတဝိုင်းဖြစ်တဲ့ Nirvana ရဲ့ ဒရမ်သမား Dave Grohl ပါ။ Kurt Cobain သေဆုံးပြီးတဲ့နောက် တည်ထောင်ခဲ့တာဖြစ်ပြီး တေးရေးနဲ့ အဆိုပိုင်းကိုတာဝန်ယူခဲ့သလို Rhythm Guitar တီးပါတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ Pat Smear (rhythm) ၊ Nate Mendal (bass) ၊ Taylor Hawkins (drums) နဲ့ Chirst Shifleet (lead guitar) တို့ဖြစ်ပြီး Rami Jaffee ကတော့ Keyboards တီးပါတယ်။
သီချင်းပုံစံတွေကတော့ grunge , post-grunge , alternative rock နဲ့ hard rock အမျိုး အစားတွေပါပဲ။ ၁၉၉၄ ကနေ ၂၀၁၇ အထိ album ပေါင်း ကိုးချပ်ထွက်ထားခဲ့ပြီး ဆုတွေလည်း ရခဲ့ပါတယ်။ ၂၀၁၅ မှာထွက်ခဲ့တဲ့ Sonic Highways album ဆိုရင် ထွက်ထွက်ချင်းမှာပဲ ချပ်ရေ ၁၂ သန်းကျော် ရောင်းခဲ့ရပါတယ်။ ဒါကအမေရိကန်နိုင်ငံမှာ ရောင်းရတဲ့ အချပ်ရေပါ။ ၂၀၁၇ မှာထွက်ခဲ့တဲ့ Concrete and Gold album ထဲက “ Run ” သီချင်းကို ဂျာမနီနိုင်ငံက အကောင်းဆုံးသီချင်းတပုဒ်အဖြစ် ကြေညာခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အောင်မြင်ကျော်ကြားတဲ့ Rock ဂီတဝိုင်းများ အပိုင်း (၂)
Ref : thetoptens