• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ပင့်ကူလူသား အသစ်တွေကို မိတ်ဆက်ခဲ့တဲ့ “Spider-Man: Into the Spider-Verse”

by ရေဗန်
17 December 2018
in Entertainment
A A
"Spider-Man: Into the Spider-Verse"  Animation ဇာတ်ကား

"Spider-Man: Into the Spider-Verse" Animation ဇာတ်ကား

74.9k
VIEWS
Share on FacebookShare on Twitter

ယခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က ထွက်ရှိခဲ့တဲ့ “Spider-Man: Into the Spider-Verse” ဇာတ်ကားကတော့ Marvel ပရိသတ်တွေ တင်မကဘဲ တကမ္ဘာလုံးကို ရိုက်ခတ်နိုင်ခဲ့ပါတယ်။ ထင်မထားတဲ့ ပုံစံတွေနဲ့ ရိုက်ကူးထားတဲ့ ဒီကားဟာ Animation ဇာတ်ကား ဖြစ်ပါတယ်။

ဒီကားကို ရိုက်ကူးနေစဉ်မှာ Stan Lee သက်ရှိထင်ရှား ရှိနေသေးတာကြောင့် သူ့ကို လွမ်းဆွတ် တမ်းတတဲ့သူတွေအနေနဲ့ မဖြစ်မနေ သွားရောက်ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကား ထွက်ရှိဖို့အတွက် ၂၀၁၄ ခုနှစ်က စတင် စီစဉ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီလမှာ ရိုက်ကူးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.7k
မြိတ်မြို့

မြိတ်မြို့

11 May 2025
601
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
263

ဒီဇာတ်ကားကို Animation ရေးဆွဲသူ ၁၄၀ကျော် ပါဝင်ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်မှာ ဒီဇင်ဘာ ၁ရက်နေ့ က စတင်ပြသခဲ့ပြီး တကမ္ဘာလုံးကိုတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စတင်ပြသခဲ့ပြီး တပတ်တွင်း ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၆ မီလီယံ ရရှိထားပြီး ရိုက်ကူးတဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၉၀ မီလီယံ ကုန်ကျထားတယ်လို့ သိရပါတယ်။

ရိုက်ကူးထားတဲ့ ပုံစံက Comic စာအုပ်ကို ကိုယ်တိုင်ဖတ်နေရသလို ခံစားမှုမျိုးရအောင် ရိုက်ကူးထားတာကို တွေ့ရပါတယ်။ နောက်ခံတေးဂီတကိုလည်း ခမ်းနားစွာ အသုံးပြုထားပြီး ကပ္ပလီတွေရဲ့ ယဉ်ကျေးမှု စရိုက်ကို စနစ်တကျ ဖော်ပြထားပါတယ်။ မိသားစုလိုက် သွားကြည့်ဖို့ အဆင်ပြေတဲ့ ဇာတ်ကားတကားလို့ ပြောချင်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ “Miles Morales” လို့ ခေါ်တဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးဟာ Graffiti ရေးဆွဲရတာကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ရဲဖြစ်တာကြောင့် ဒီလို လမ်းဘေးဆန်တဲ့ စရိုက်တွေကို ပြုလုပ်ခွင့် မပေးထားပါဘူး။

ကျောင်းအိပ်ကျောင်းစား နေရတဲ့ Miles ဟာ ညဖက်မှာ သူ့ကို ချစ်တဲ့ ဦးလေးရှိရာကို သွားရောက်လည်ပတ်ပြီး စွန့်ပစ်ထားတဲ့ ရထားဘူတာဖက်မှာ Graffiti ဆွဲရာမှာ Spider Man တို့ရဲ့ ထုံးစံအတိုင်း ပင့်ကူကိုက်ခြင်းကို ခံခဲ့ရပါတယ်။ နောက်ရက်မှာတော့ သူဟာ ထူးခြားတဲ့ အစွမ်းတွေကို ရရှိလာပါတယ်။ ဒါကို သူက လူပျိုဖော်ဝင်တယ် အထင်ရောက်နေပါတော့တယ်။

ဒီလိုနဲ့ ကျောင်းမှာ ရှိတဲ့ သူ့ခိုးချစ်နေရတဲ့ မိန်းကလေး Gwen Stacy ကို လိုက်ပိုးတဲ့ အခါ ဒုက္ခတွေ ရောက်ပါတော့တယ်။ ငယ်ငယ်က သင်ကြည့်ခဲ့ဖူးတဲ့ စပိုက်ဒါမန်းတွေ အားလုံးကို မြင်တွေရမှာ ဖြစ်ပြီး မတူညီတဲ့ စကြဝဠာ (အပြိုင်စကြဝဠာ) က အခြား စပိုက်ဒါမန်းတွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

“Peter Parker, Peter B Parker, Spider Ham, Peni Parker, Spider Man Noir, Gwen Stacy” စတဲ့ စပိုက်ဒါမန်းတွေ ပါဝင်ပြီး သူတို့ အားလုံးက မတူညီတဲ့ စကြဝဠာတွေက ရောက်ရှိလာတဲ့ စပိုက်ဒါမန်းတွေက ဒီကမ္ဘာမှာရှိတဲ့ ပင့်ကူကိုက်ခံရခါစ Miles ကို လေ့ကျင့်ပေးခဲ့ပါတယ်။ အဓိက ဗီလိန်အဖြစ် King Pin ကို ထည့်သွင်းထားပါတယ်။

ရုပ်ရှင်ဝေဖန်သူတွေရဲ့ မဲပေးချက်အရ ဒီဇာတ်ကားဟာ Rating (8.8) ရရှိထားပါတယ်။ စပိုက်ဒါမန်းတွေရဲ့ အဓိက စွမ်းအားဖြစ်တဲ့ အာရုံခံနိုင်စွမ်း၊ စပိုက်ဒါမန်းတယောက် ဖြစ်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းရပုံ၊ လက်လွတ် ဆုံးရှုံးရခြင်း စတာတွေကို တခါမှ မကြည့်ဖူးတဲ့ ပုံစံတွေနဲ့ ရိုက်ကူးပြသထားတဲ့ ဒီဇာတ်ကားဟာ ကမ္ဘာအနှံ့က ရုပ်ရှင်ဆုတွေအတွက် လျာထားခြင်းခံနေရပါတယ်။

ဒါကြောင့်မို့လို့ ရုပ်ရျင်ချစ် ပရိသတ်တွေအတွက် “Spider-Man: Into the Spider-Verse” ဇာတ်ကားသစ် ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။

Your Thoughts …
Tags: Spider-Man: Into the Spider-VerseStan Leeစပိုက်ဒါမန်း
ရေဗန်

ရေဗန်

Similar Picks:

"Spider-Man: Into The Spider-Verse"

နောက်တကား ရိုက်ဖို့ သေချာနေတဲ့ “Spider-Man: Into The Spider-Verse”

by ရေဗန်
21 June 2019
12.2k

Sequel ရိုက်ကူးမယ့် သတင်းဟာ Spider-Man: Into the Spider-Verse ရုပ်ရှင်မထွက်ခင်ကတည်းက သတင်းထွက်နေခဲ့တာဖြစ်ပေမယ့် ဘယ်လို ဇာတ်အိမ်တည်မယ် ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။

Marvel ရုပ်ရှင်ဇာတ်ကားတွေရဲ့ ပဲ့ကိုင်ရှင် Stan Lee

အမေရိကန်နိုင်ငံမှာ Stan Lee နာမည်နဲ့ ဂုဏ်ပြု သတ်မှတ်ပေးမယ့် “Stan Lee Way”

by ရေဗန်
29 July 2019
6.5k

Stan Lee ဟာ Bronx စီရင်စု အတွင်းက DeWitt Clinton အထက်တန်းကျောင်းထွက် ဖြစ်တာကြောင့် အခုလို သူကြီးပြင်းလာတဲ့ လမ်းကို သူ့နာမည်နဲ့ ဂုဏ်ပြုပေးပြီး အမြဲအမှတ်ရနေစေတာလို့ သိရပါတယ်။

ပင့်ကူလူသားနဲ့ စူပါဟီးရိုး ဖန်တီးရှင်ကြီး Stan Lee

ပင့်ကူလူသားနဲ့ အခြားစူပါဟီးရိုးတွေရဲ့ ဖန်တီးရှင်ကြီး Stan Lee ကွယ်လွန်ပြီ

by မစ်ကီ
13 November 2018
25.4k

သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ လူမည်းစူပါဟီးရိုး “Black Panther” မှာလည်း လောင်းကစားရုံက အကြီးအကဲတဦးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

Next Post
ဦးကိုနီ၏ အသက်ဝိဉာဉ်ကို အဆုံးသတ်လိုက်သော ပစ်ခတ်မှုသည် မြန်မာနိုင်ငံအကြောင်း အမှန်တရားကို ပြသသည့် ရက်စက်ကြမ်းကြုတ်မှု ထင်ဟပ်ချက် တခုသာ / Reuters

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်လိုက်ခြင်းကြောင့် ကြေမွသွားသော မြန်မာ့အိပ်မက်

အဆိုတော် နီနီခင်ဇော်  /  ဇော်ဇော်  / ဧရာဝတီ

မိစန္ဒီနဲ့အတူ ကြမ်းကြမ်းတမ်းတမ်း Music Video ရိုက်ထားတဲ့ နီနီခင်ဇော်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate