Aquaman ဇာတ်ကားဟာ ခက်ခဲပင်ပန်းစွာ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဇာတ်ကား ရိုက်ကူးပြီးတဲ့နေ့ကစလို့ ရိုက်ကူးရေးသမားတွေနဲ့ မင်းသား၊ မင်းသမီးတွေ အောင်ပွဲခံတဲ့ ဗီဒီယိုတွေဟာ နေ့တိုင်းနီးပါး ထွက်ရှိနေတာကို မြင်တွေ့ရပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Red Carpet ပွဲမှာ အဓိကမင်းသားဖြစ်သူ Jason Momoa ခေါင်းဆောင်တဲ့ အဖွဲ့သားတွေဟာ HaKa အကကို ကခဲ့ကြပါတယ်။ ဒီအကဟာ Maori လူမျိုးစုတွေရဲ့ ရိုးရာအက ဖြစ်ပြီး ၁၉ ရာစု အစပိုင်းလောက်က ရေးဆွဲထားတဲ့ နံရံပန်းချီတွေမှာ ဒီအက ကနေတဲ့ ပုံစံတွေကို မြင်တွေ့ရပါတယ်။ စစ်ချီတဲ့အခါ စိတ်ခွန်အားတက်ကြွအောင် ကတဲ့အက ဖြစ်တာကြောင့် မာန်ပါပါနဲ့ ကရတဲ့ အကလည်း ဖြစ်ပါတယ်။
“Game Of Thrones” ဇာတ်ကားမှာ လူရွေးပွဲ ဝင်တဲ့အခါမှာလည်း ဒီအကကို ကပြီး ဝင်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ပွဲတော်တော်များများမှာ အကကို ကလေ့ရှိပြီး ဒီတခါမှာတော့ သူ့ရဲ့ ကလေးတွေနဲ့ အတူတူ ကနေတာကို တွေ့ရပါတယ်။ Jason Momoa ဟာ Hawaiian လူမျိုးဖြစ်ပြီး Haka အက ကတော့ နယူးဇီလန်နိုင်ငံရဲ့ ရိုးရာ ဖြစ်ပါတယ်။
ဒါကြောင့် သူဟာ သူ့ရဲ့ကိုယ်ပိုင်ဗားရှင်း ပုံစံဖြစ်အောင် အကကပုံ တချို့ကို ပြောင်းလဲထားတာကို တွေ့ြုမင်ရပါတယ်။ Aquaman ဇာတ်ကားဟာ လက်ရှိမှာ ဝင်ငွေစံချိန်ချိုုးနေတဲ့ ဇာတ်ကား တကားဖြစ်ပြီး မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စတင်ရုံတင်မယ်လို့ သိရပါတယ်။
Jason Momoa ကနေတဲ့ Haka အကကို အောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
Ref ; unilad.com