Entertainment

“Thugs of Hindostan” ရုပ်ရှင်ကို ပရိုမိုးရှင်းလုပ်ဖို့ အငြင်းခံလိုက်ရတဲ့ Aamir Khan

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော်ဘောလိဝုဒ်မင်းသား Aamir Khan ဟာ သူနောက်ဆုံးပါဝင်သရုပ်ဆောင်ထားတဲ့ “Thugs of Hindostan” ရုပ်ရှင်ကို ပရိုမိုးရှင်းပြုလုပ်ဖို့အတွက် တရုတ်တက္ကသိုလ်တခုရဲ့ နေရာတခုကို အသုံးပြုခွင့် ငြင်းပယ်ခံခဲ့ရတဲ့အတွက် ဟိုတယ်တခုကိုပြောင်းပြီးကျင်းပခဲ့ရတယ်လု့ိမီဒီယာထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

မင်းသား Khan ဟာ လက်ရှိမှာ အဲဒီရုပ်ရှင်ကိုပရိုမိုးရှင်းလုပ်ဖို့ တရုတ်နိုင်ငံကို ရောက်ရှိေနတာဖြစ်ပြီး ဝေဖန်သူတွေရဲ့ တောင်းဆိုချက်ကြောင့် အခုလိုမျိုး ပရိုမိုးရှင်ပြုလုပ်ခွင့်ကို ငြင်းပယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

လူမှုကွန်ရက်မီဒီယာကနေတဆင့် အဲဒီပရိုမိုးရှင်းအကြောင်းကို ကျောင်းသားအဖွဲ့တွေကြားမှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး ပွဲကျင်းပခါနီး နာရီပိုင်းအလိုလောက်ရောက်မှသာ ကျောင်းသားတွေရဲ့ပြောဆိုနေသံကြောင့်ကျာင်းက သိရှိခဲ့ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်မင်းသား Khan ရဲ့ ရုပ်ရှင်ကို ပရိုမိုးရှင်းလုပ်ပေးနေတဲ့ Weibo အကောင့်ကနေပြီး ကျောင်းသားတွေ အထူးစိတ်အားတက်ကြွနေပေမယ့်လည်းပွဲကို ကျောင်းက ဖျက်သိမ်းလိုက်တဲ့အကြောင်းကြေညာခဲ့ပါတယ်။

မင်းသားကြီး Amitabh Bachchan အပါအဝင် Aamir Khan နဲ့ Katrina Kaif တို့လိုမျိုး နာမည်ကျော်တွေ ပါဝင် သရုပ်ဆောင်ထားကြတဲ့ အဲဒီရုပ်ရှင်ကို အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကနေစလို့ ဖြန့်ချိခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ လာမယ့်သီတင်းပတ်ကနေပြီး စတင်ပြသဖို့ စီစဉ်ထားတာပါ။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်မြို့တော် ကွမ်ကျိုးမှာရှိတဲ့ ကွမ်တုံ ဘဏ္ဍာရေးနဲ့ စီးပွားရေးတက္ကသိုလ်မှာပြုလုပ်ဖို့ စီစဉ်ထားတဲ့ အဲဒီပရိသတ်တွေ့ဆုံပွဲဟာ ကျောင်းဝင်းအတွင်း ခွင့်ပြုချက်မရရှိတဲ့အတွက် ဖျက်သိမ်းလိုက်တာ ဖြစ်တဲ့အကြောင်း မီဒီယာတွေမှာလည်း ဖော်ပြကြပါတယ်။

အဲဒီလိုပွဲကျင်းပမယ့် အကြောင်းကို တက္ကသိုလ်က သိရှိခဲ့ခြင်းမရှိခဲ့တာကိုလည်း ကျောင်းသားအများစုက ဒေါသထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တချို့ကျောင်းသားတွေကလည်း အဲဒီ့ပွဲအတွက် တနာရီလောက်ကြိုတင်ပြီး အပြင်မှာစောင့်ဆိုင်းနေခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီပရိသတ်တွေ့ဆုံပွဲကိုတော့ ကျောင်းဝန်းနဲ့ သိပ်မဝေးတဲ့ Four Seasons ဟိုတယ်မှာ နေရာပြောင်းလဲကျင်းပခဲ့ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ည ၁၁ နာရီမှာပြီးဆုံးခဲ့ပါတယ်။မင်းသား Aamir Khan ဟာ သမ္မတ Xi Jinping ကိုယ်တိုင်ကြည့်ရှုခဲ့တဲ့ Dangal ရုပ်ရှင်နဲ့ တရုတ်နိုင်ငံမှာ နာမည်ကျော်ကြားသူဖြစ်ပါတယ်။

သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ “Secret Super Star” ရုပ်ရှင်ဟာလည်း တရုတ်နိုင်ငံမှာ ရုံဝင်ငွေကောင်းခဲ့တဲ့ ရုပ်ရှင်တခုဖြစ်ပါတယ်။

Ref: indianexpress

Did you find apk for android? You can find new Free Android Games and apps.
Loading