၂၀၁၈ ခုနှစ်ရဲ့ အလှဆုံးအဖြစ် သတ်မှတ်ခြင်းခံရတဲ့ ဟောလိဝုဒ် မင်းသမီးများ
ဟောလိဝုဒ် ရုပ်ရှင်လောကမှာ ဆွဲဆောင်မှုရှိပြီး လှပတဲ့ မင်းသမီးတွေ အများကြီးရှိတဲ့အထဲကမှ အခုဖော်ပြပေးမှာကတော့ ၂၀၁၈ ခုနှစ်အတွင်း အလှဆုံးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ မင်းသမီးတွေပဲ ဖြစ်ပါတယ်။
(၁) Alexandra Daddario
Alexandra Daddairo ကို New York မှာ မွေးဖွားခဲ့တာဖြစ်ပြီး အင်္ဂလိပ်၊ အီတလီ၊ ချက်နဲ့ အိုင်းရစ်မျိုးရိုးမှ ဆင်းသက်လာခဲ့တဲ့သူမဟာ အခုအချိန်မှာတော့ အသက် ၃၀ အရွယ် ရှိပြီ ဖြစ်ပါတယ်။ သူမရဲ့ လှပတဲ့ မျက်ဝန်းတွေကြောင့်ပဲ ကျက်သရေရှိတဲ့ အလှအပနဲ့ အတူ အသက် ၁၆ နှစ်မှာ သရုပ်ဆောင်လောကထဲ စတင် ဝင်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ သူမ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်တွေကတော့ “The Layover” , “Baywatch”, “When We First Me” , “We Have Always Lived in the Castle” နဲ့ “Nomis” တို့ပဲ ဖြစ်ပါတယ်။
(၂) Emma Watson
“Harry Potter” ရုပ်ရှင်တွေနဲ့ လူသိများလာခဲ့တဲ့ Emma Watson ကတော့ အင်္ဂလိပ်လူမျိုး သရုပ်ဆောင် မင်းသမီးတဦး ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် Disney ရဲ့ Live Action ရုပ်ရှင်တကားဖြစ်တဲ့ “Beauty and the Beast” ရုပ်ရှင်မှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
(၃) Shailene Woodley
Divergent ရုပ်ရှင်တွေနဲ့ လူသိများလာခဲ့တဲ့ Shailene Woodley ဟာ အခုအချိန်မှာတော့ အသက် ၂၅ နှစ် ရှိပြီဖြစ်ပြီး သူမရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးကြောင့်ပဲ လူသိများ ကျော်ကြားလာခဲ့ပါတယ်။ နောက်နှစ်တွေမှာ ဆက်လက် ထွက်ရှိလာမယ့် သူမရဲ့ ရုပ်ရှင်ကတော့ “Allegiant part 2” ဖြစ်ပါတယ်။
(၄) Margot Robbie
“Suicide Squad” ရဲ့ Harley Quinn အဖြစ် ပရိသတ် မှတ်မှတ်ရရ ရှိခဲ့တဲ့သူမဟာ “The Wolf Of Wall Street” မှာလည်း Leonardo di Carprio နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတာဖြစ်ပြီး သြစတြီးယားနိုင်ငံသူ မင်းသမီး တယောက်လည်း ဖြစ်ပါတယ်။ ဒီနှစ်တွေမှာတော့ သူမဟာ “Terminal” , “Untitled A. A. Milne Project” , “Peter Rabbit” နဲ့ “I” , “Tonya” စတဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
(၅) Jennifer Lawrence
အော်စကာဆုရ မင်းသမီးတယောက်ဖြစ်တဲ့ Jennifer Lawrence ဟာ ကမ္ဘာ့အနုပညာကြေးရရှိမှု အများဆုံး စာရင်းမှာ တဦးအပါအဝင် ဖြစ်ပါတယ်။ Time နဲ့ Forbes မဂ္ဂဇင်းတွေရဲ့ စစ်တမ်းအရတော့ သူမဟာ တကမ္ဘာလုံးရဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေကို အလွှမ်းမိုးနိုင်ဆုံး လူအယောက် ၁၀၀ မှာ တယောက် အပါအဝင်ပဲ ဖြစ်ပါတယ်။
Ref: www.wonderslist.com