Entertainment

အချစ်ခံချင်လို့ “ကိုယ်ပွား”ကို လက်ခံခဲ့တဲ့ နေခြည်ဦး

Want create site? Find Free WordPress Themes and plugins.

နေခြည်ဦးက မကြာခင်မှာ ဒါရိုက်တာ မင်းဦး ရိုက်ကူးမယ့် “ကိုယ်ပွား” ရုပ်ရှင်ကားကြီးမှာပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး ဒီဇာတ်ကားမှာ နေရာတနေရာ ရတဲ့အတွက် သရုပ်ဆောင်ဖြစ်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ဒီကိုယ်ပွား ရုပ်ရှင်ကို Musical ပုံစံ ရိုက်မယ်ဆိုလို့ ပိုစိတ်ဝင်စားတယ်။ ပြီးတော့ အောင်ခေတ်မင်း ထုတ်လုပ်ရေးကလည်း သေချာကို ဘတ်ဂျက်သုံးမယ်လို့ ကြားထားတယ်။ အဲဒီလိုကားမျိုးဆို အရမ်းပျော်ဖို့ ကောင်းတာပဲ။ ဒီလိုကားကောင်းလေးတကားမှာ ကိုယ်နေရာလေးတနေရာ ရတဲ့အတွက်လည်း အောင်ခေတ်မင်းရော၊ ကိုကျော်ထက်အောင်ကိုရော ကျေးဇူးအများကြီးတင်ပါတယ်”လို့ နေခြည်ဦးက ဧရာဝတီကို ပြောပါတယ်။

နေခြည်ဦးက ဒီကားထဲမှာ ဖက်ရှင်ဒီဇိုင်နာအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး ဇာတ်ကားအတွက်ပြင်ဆင်ထားတဲ့ ကြိုတင်ပြင်ဆင်မှုအပိုင်းနဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။

“နေခြည့် စိတ်ကူးထဲမှာ ရှိတာလေးရော၊ နေခြည့် သူငယ်ချင်း ဒီဇိုင်နာတွေဆီကနေရော Reference ယူပြီး ပြင်ဆင်ထားပါတယ်။ နေခြည်အရမ်းကြိုက်တဲ့ ပြည်ပက ဒီဇိုင်နာက သူက ၂၀၀၉ ခုနှစ်လောက်ကတည်းက ဆုံးသွားပါပြီ။ သူ့ကို အရမ်းကြိုက်တယ်။ သူကအရမ်း Creative ဖြစ်ပြီး Crazy Boy ဖြစ်နေတာပေါ့။ ဒါပေမဲ့ သူ့ကိုတော့ နေခြည်က Reference ယူလို့မရဘူး။ သူကိုယ်တိုင်က ရူးသွပ်နေတာဆိုတော့လေ။ ပရိသတ်တွေရှေ့မှာ ရူးတဲ့ပုံလည်း လုပ်လို့ မရဘူးလေ”

“ဒီထဲမှာ နေခြည်က အနုပညာကိုလည်း အရမ်းရူးတယ်။ တက်သစ်စ ကောင်မလေးတယောက် အနေနဲ့ သရုပ်ဆောင်ရမယ်။ အဲဒီအတွက် ဝတ်ပုံစားပုံလေးကအစ အရမ်းကြီးဂေါ်နေတာမျိုး မဟုတ်ဘူး။ ကိုယ့်ရဲ့Creation တွေက ကိုယ့်ရဲ့ လက်မှာပဲ ရှိတယ်။ Sketch ဆွဲတာတွေ၊ Pattern ဆွဲတာတွေပဲ ချပြချင်တာဖြစ်တဲ့အတွက် နေခြည့်သူငယ်ချင်းကို နေခြည်က ပြန်သင်ခိုင်းတယ်”

“ပြီးတော့ ဒီကားထဲမှာ နေခြည်ချပြချင်တဲ့ အရောင်လေးတွေ၊ အင်္ကျီလေးတွေကအစ သူငယ်ချင် းဒီဇိုင်နာတွေဆီက ဆွဲထားတယ်။ ကိုယ်တိုင်ကတော့ အသားရောင်တို့၊ မီးခိုးရောင်တို့ ပိုဝတ်ဖြစ်ပေမယ့် ကိုယ်ဖန်တီးတာတွေကိုတော့ ရောင်စုံပြချင်တာပေါ့”လို့ နေခြည်ဦးက ဆိုပါတယ်။

ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်တာက အချစ်ခံရတဲ့ မိန်းကလေးတယောက်အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် ရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဇာတ်ကားကို ရင်ခုန်မှုကတော့ နေခြည်က အဲဒီလို ကိုယ့်ကို အရမ်းချစ်ခံရတဲ့ကား မရိုက်ရသေးဘူး။ ကိုယ်ချည်းပဲ ချစ်နေရတာလေ။ ခင်မြဦးက အမြဲတမ်း ဖြစ်နေတော့ ဒီကားထဲမှာ ကျော်ထက်အောင်က ကိုယ့်ကိုအရမ်းချစ်တယ်ဆိုတော့ ကိုယ်လည်း အချစ်ခံချင်သေးတယ်လေ။ ဒါကြောင့် လက်ခံ ရိုက်ကူးဖြစ်တာပါ”လို့ နေခြည်ဦးက ဆိုပါတယ်။

တွဲဖက်သရုပ်ဆောင်မယ့် ကျော်ထက်အောင်က နေခြည်ဦးရဲ့ Celebrity Crush လို့ ပြောလိုက်တဲ့အပေါ် နေခြည်ဦးက အခုလိုဆိုပါတယ်။

“ကိုယ်ပွား”ရုပ်ရှင်မှာ ပါဝင်မယ့် နေခြည်ဦးနဲ့ ကျော်ထက်အောင်

“သူက Crush ဆိုတော့ ကိုယ် ခင်မြဦးဖြစ်ပြီလေ။ တော်ပြီလေ။ ဇာတ်ကားတကားမှာ မင်းသား၊ မင်းသမီး အချင်းချင်း Connect ဖြစ်ဖို့ကလည်း အရမ်းအရေးကြီးတယ်။ တယောက်နဲ့တယောက် ရှိန်နေတာတို့၊ ကြောက်နေရတာတို့၊ မခေါ်တာတို့၊ မုန်းတာတို့ဆိုရင်လည်း အဆင်မပြေဘူးလေ။ ဒီကားလေးမှာ စကတည်းကိုက ကိုကျော်ထက်အောင်နဲ့ နေခြည်က Fit ဖြစ်တယ်။သူကလည်း ညီမလေးတယောက်လို၊ ကိုယ်ကလည်း အစ်ကို တစ်ယောက်လိုဆိုတော့ ဇာတ်ကား တကားလုံးရိုက်ရမှာ အဆင်ပြေမယ်”

“ဒီကားထဲမှာ ရိုမန့်တွေ ပါမယ်ဆိုတော့ တယောက်နဲ့ တယောက်က ကားမရိုက်ခင်ကတည်းက Fit ဖြစ်နေရမှာ။ တကယ် ရိုက်တော့မှ မဖက်နဲ့တို့၊ ရှက်တယ်တို့ လုပ်လို့ မရဘူး”လို့ နေခြည်ဦးက ပြောပါတယ်။ ခရီးသွားရတာ ဝါသနာပါတဲ့ နေခြည်ဦးက ဒီဇင်ဘာလ၂၈ ရက်နေ့မှာ “ခရီးသွားကောက်ကြောင်း” Documentary တခုကို စစ်ကိုင်းနဲ့ မန္တလေးမှာ သွားရောက် ရိုက်ကူးမယ်လို့လည်း ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading