Entertainment

ကိုရီးယား ဒရာမာဇာတ်လမ်းတွဲတွေကို စတင်စွဲလမ်းစေခဲ့တဲ့ နာမည်ကျော်မင်းသားများ

ကိုရီးယား ဒရာမာဇာတ်လမ်းတွဲတွေဟာ မြန်မာနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်လောက်ကနေစပြီး တီဗီရုပ်သံလိုင်းတွေမှာ ပြသခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပြသအောင်မြင်နေဆဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် နာမည်ကျော် မင်းသားတွေကတော့ ကိုရီးယား ဒရာမာဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကို စတင်စွဲလမ်းစေခဲ့သူတွေ ဖြစ်ပါတယ်။

(၁) Jang Dong Gun

ယောကျာ်းဆန်ပြီး ခံ့ညားလှတဲ့ ရုပ်ရည်ရှိတဲ့ မင်းသား Jang Dong Gun ကိုတော့ ၂၀၀၀ ပြည့်နှစ်လောက်က ထွက်ရှိခဲ့တဲ့ “ဆည်းဆာရင်ခုန်သံ” ဇာတ်လမ်းတွဲမှာ ဒါရိုက်တာရင်လို့ မြန်မာပရိသတ်တွေက သိရှိခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေထက် ရုပ်ရှင်ဇာတ်ကားတွေသာ အရိုက်များလာခဲ့တဲ့ မင်းသား Jang Dong Gun ရဲ့ ၂၀၁၈ ခုနှစ်မှာ နောက်ဆုံးထွက်ရှိထားတဲ့ “Seven Years Of Night” ဇာတ်ကားကလည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

(၂) Kwon Sang Woo

“အချစ်လှေကားထစ်လေးများ” ၊ “လွမ်းမပြေ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ မင်းသားတဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတွေထက် ရုပ်ရှင်ကားတွေကိုသာ ပိုမိုအရိုက်များလာခဲ့တာပဲ ဖြစ်ပါတယ်။

(၃) Song Seung Heon

၂၀၀၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့ပြီး ဂျွန်စောလို့ မြန်မာပရိသတ်တွေ သိကြတဲ့ Song Seung Heon ကတော့ လက်ရှိအချိန်အထိ ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေဆဲ မင်းသားတလက်ပဲ ဖြစ်ပါတယ်။

(၄) Won Bin

“ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ဇာတ်လမ်းတွဲထဲမှာပဲ ပါဝင်ခဲ့တဲ့ မင်းသား Won Bin ဟာဆိုရင်လည်း ပရိသတ်တွေကို ၂၀၀၀ ပြည့်နှစ် လောက်ကနေစပြီး လက်ရှိအချိန်အထိအောင်မြင်နေဆဲ မင်းသားတဦး ဖြစ်ပါတယ်။

(၅) Bae Yong Jun

၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Winter Sonata” (ဟေမာန်ဆောင်းရဲ့ချစ်သံစဉ်) ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ မင်းသား Bae Yong Jun ဟာဆိုရင် အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေ နည်းသွားခဲ့ပေမယ့် တချိန်က နိုင်ငံအသီးသီးက မိန်းကလေးပရိသတ်တွေကြား ဆွဲဆောင်မှုအရှိဆုံး မင်းသားတလက် ဖြစ်ခဲ့ပါတယ်။

(၆) Song Il Kook

ကိုရီးယားရာဇဝင်ဇာတ်ကားတကားဖြစ်တဲ့ “ရာဇဝင်တွင်မယ့် သူရဲကောင်း” ဇာတ်လမ်းတွဲဟာဆိုရင် သူ့ခေတ်အခါတုန်းက ပရိသတ်တွေ လက်မလွတ်တမ်း စောင့်မျှော်ကြည့်ရှုခဲ့ရတဲ့ ဇာတ်လမ်းတွဲကောင်း တခုပါ။ ဂျူမုံလို့ ပရိသတ်တွေသိကြတဲ့ မင်းသား Song Il Kook ဟာဆိုရင် ကိုရီးယားဇာတ်လမ်းတွဲတွေကို စတင်စွဲလမ်းစေခဲ့တဲ့ မင်းသားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

(၇) Gong Yoo

၂၀၀၇ ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့ “ကော်ဖီချစ်သူ” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြား အောင်မြင် ထင်ရှားလာခဲ့တဲ့ မင်းသား Gong Woo ဟာဆိုရင် “Silenced”, “Train to Busan” စတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အပြင် လက်ရှိအချိန်အထိ ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲ ပရိသတ်တွေအကြား အောင်မြင်မှု ရရှိနေဆဲ မင်းသားတလက်ပဲ ဖြစ်ပါတယ်။

Ref : IMDB

Loading