Entertainment

မိတ်ကပ်ဖန်တီးရှင်များကို ပွဲထုတ်ရိုက်ကူးမယ့် "ကျားကျားကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီး

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံက ပထမဆုံး မိတ်ကပ်ပညာရှင်တွေ ပါဝင်သရုပ်ဆောင်မယ့် “ကျားကျားကြိုက်ကြိုက်”ဆိုတဲ့ ဇာတ်ကားကန်တော့ပွဲပေး မိတ်ဆက်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီဇာတ်ကားကတော့ ထူးထူးခြာခြားပဲ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးအလှဖန်တီးရှင်မိတ်ကပ်ဆရာများကို ပွဲထုတ်ပြီး ရိုက်ကူးပုံဖော်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်မယ့် မိတ်ကပ်ခင်စန်းဝင်း၊ မိတ်ကပ်ညီညီမောင်၊ မိတ်ကပ် မထက်၊ မိတ်ကပ်လင်းလင်း၊ မင်းမော်ကွန်း၊ မြင့်မြတ်၊ ဂွမ်းပုံလေးတို့ရဲ့ စကားသံများကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

မင်းမော်ကွန်း

ဒီကားမှာ ကျနော်က မြင့်မြတ်နဲ့ တအိမ်တည်းနေတဲ့ သူငယ်ချင်းအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ကျနော်တို့ သရုပ်ဆောင်တာကတော့ ဘယ်သူနဲ့ သရုပ်ဆောင်၊ သရုပ်ဆောင် တူတူပါပဲ။ ကျနော် မကြီးစန်းနဲ့တွေ့ဖူးပါတယ်။ ကျန်တဲ့သူတွေနဲ့တော့ မတွေ့ဘူးဘူး။ ဒီကားလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ ပရိသတ်တွေ အကြိုက်တွေ့မယ့် ကားတကားပဲဖြစ်မှာပါ။

မြင့်မြတ်

ဒီကားဇာတ်လေးဆန်းတာကြောင့် ပါဝင်ဖြစ်သွားတယ်။ ဒီကားမှာ မကြီးစန်းရယ်၊ မထက်ရယ်၊ သုသုရယ်၊ လင်းလင်းရယ် သူတို့က မင်းသမီးပဲ။ ကြည့်မယ့် ပရိသတ်မပြောနဲ့ ကျနော်တို့ ရိုက်ကူးမယ့်အမြင်တောင် ဆန်းနေပြီ။ အဲ့ကားလေးကို ပရိသတ်တွေကြိုက်မှာပါ။ သူတို့တွေက ဇာတ်ကားရိုက်နေကျသာ မဟုတ်ပေမယ့် ကင်မရာတွေနဲ့ စိမ်းတဲ့သူတွေ မဟုတ်ကြဘူးလေ။

မိတ်ကပ်ပညာရှင်တွေနဲ့ရိုက်ရမှာ ထွေထွေထူးထူးတော့ မရှိပါဘူး။ သူတို့နဲ့ကလည်း စိမ်းတဲ့သူတွေမဟုတ်တော့ ဇာတ်ကားရိုက်ရင်လည်း အဆင်ပြေမှာပါ။ ဒီကားထဲမှာ ကျနော်က နှုတ်ခမ်းမွှေးတွေနဲ့ ကြည့်လိုက်ရင် Rocker ကြီးပေါ့။ ဒါပေမယ့် ကောင်မလေးနဲ့ ပတ်သက်ရင် အပြောခံရတယ်။ ထားသွားတာလည်း ခံရတယ်။ ပြီးရင်လည်းစော်က ပါးရိုက်တာလည်း ခံရတယ်။ ပျော်စရာလေးတွေနဲ့ ပရိသတ်တွေသဘောကျကျဦးမှာပါ။

မိတ်ကပ် ခင်စန်းဝင်း

မကြီးက ဒီကားထဲမှာလည်း ခင်စန်းဝင်းပဲ။ ဖက်ရှင်တွေကိုလည်း မြန်မာဝတ်စုံတွေကိုပဲ ဒီဇိုင်းဆန်းဝတ်တာမျိုးပဲ ဝတ်မယ်။ အရမ်းတော့လည်း ဒီဇိုင်းမဆန်းထားပါဘူး။ မကြီးတို့ နှစ်ရက်ရိုက်ပြီးသွားပြီ။ ဒိုင်ရာလော့လည်း အိုက်တင်လုပ်ခိုင်းရင် လုပ်တတ်တယ်။ ကိုယ့်ဘာသာ အလွတ်လုပ်ဆိုရင် မလုပ်တတ်တော့ အဆင်ပြေပါ့မလားဆိုတာတွေတော့ စိုးရိမ်တယ်။ ဒါရိုက်တာကတော့ အဆင်ပြေတယ်ပြောတော့ မစိုးဘူးပေါ့။

မင်းသားတွေကလည်း မကြီးတို့နဲ့ မစိမ်းတဲ့သူဆိုတော့ မကြီးတို့နဲ့ အဆင်ပြေမယ်ထင်ပါတယ်။ ဒါပေမယ့် မကြီးက ဟာသသိပ်မရဘူး။ မင်းမော်ကွန်းတို့ မြင့်မြတ်တို့က ဟာသထူးချွန်တော့ ကိုယ်လုပ်နိုင်မယ်လို့တော့ ထင်တယ်။ ဒီကားက ဟာသကားဖြစ်နေတော့ မကြီးပုံစံအတိုင်းအငြိမ်ဆိုတော့ လုပ်လို့မရဘူးပေါ့။ အဲ့လို အငြိမ်လုပ်လိုက်ရင် မကြီးကျန်ခဲ့မှာပေါ့။ အဲ့တော့ အငြိမ်ကနေလည်း ကွဲထက်အောင် အရမ်းလည်း ဟာသမဖြစ်အောင် ကြားကျကျလေး သရုပ်ဆောင်ထားပါတယ်။ ဒီကားလေးကို ကြည့်ရင်ပျော်စရာလေးတွေ ဟာသလေးတွေနဲ့ ဘဝအမောတွေပြေမှာပါ။

မိတ်ကပ် ညီညီမောင်(စမ်းချောင်း)

ဒီကားလေးကို နှစ်ရက်ရိုက်ပြီးပြီ။ တော်တော်လေးအဆင်ပြေတယ်။ ရိုက်ရင်းနဲ့ပျော်လာတယ်။ သေချာလေးလည်း သင်ပေးတယ်။ သရုပ်ဆောင်တဲ့ပိုင်းမှာလည်း အခက်အခဲမရှိပါဘူး။ အခက်အခဲကတော့ အဝတ်အစားတော့ အားလုံးထဲမှာ ခန္ဓာကိုယ်အထွားဆုံးဆိုတော့ မစုနှင်းထက်က သုနဲ့အဆင်ပြေအောင်စီစဉ်ပေးထားပါတယ်။

ဒီကားလေးမှာ မိတ်ကပ်ပညာရှင်တွေကို နေရာပေးတာဝမ်းသာတယ်။ ကိုယ်တွေကတော့ အိုနေပါပြီ။ မိတ်ကပ်မှာပဲ နာမည်ကြီးတယ်။ မိတ်ကပ်ပညာရှင်တွေ ရိုက်တာပထမဆုံး။ မင်းသားတွေကရိုက်တယ်။ ကိုယ်တွေက နောင်တက်လာမယ့် မျိုးဆက်သစ်မိန်းမလျာတွေအတွက် အခွင့်အရေးတွေရဖို့ သုတို့တွေက လမ်းဖောက်ပေးတယ်လို့ပဲ သဘောထားပါတယ်။

မိတ်ကပ် မထက်(Pop Soul)

ဒီကားထဲမှာ ကိုK ညီရဲ့ ညီမလေး ဇာဇာနေရာက ပါဝင်ထားပါတယ်။ ကိုK ညီနဲ့ တွဲဖက် သရုပ်ဆောင်ရတာလည်း အဆင်ပြေတယ်။ ကိုယ်တိုင်သရုပ်ဆောင်မှုတွေကိုလည်း ဒါရိုက်တာက အဆင်ပြေတယ်ပြောတော့ ရင်တုန်တာလေးတော့ ပျောက်တာပါ့။ သရုပ်ဆောင်ပိုင်းကိုလည်း ကောင်းတယ်ပြောတော့ အရမ်းရင်မတုန်ရတော့ပဲ ပျော်တာပေါ့နော်။ အဲ့ကားထဲမှာတော့ ဖက်ရှင်ပိုင်းကို လူငယ်ဆန်ဆန်တွေပါပဲ။

ခေတ်မီပြီးလှတဲ့ ကောင်မလေးပုံစံလေးပါပဲ။ ကိုမင်းမော်ကွန်းဆို ထက်ငယ်ငယ်ကတည်းက အရမ်းကြိုက်တဲ့ မင်းသားတွေနဲ့ သရုပ်ဆောင်ရမယ်ဆိုတော့ အိမ်မက်တခုလိုပါပဲ။ ကိုမြင့်မြတ်ဆိုတာလည်း အရမ်းတော်တဲ့ မင်းသား ဒီလိုနှစ်ယောက်နဲ့ တွဲဖက် ရိုက်ရတော့ အရမ်းပျော်တယ်။ေ ခါ်ရိုက်တဲ့ကုမ္ပဏီကိုလည်း ကျေးဇူးတင်တယ်။ ဒီကားလေးက ပျော်ရွှင်စရာလေးတွေနဲ့ ပရိသတ်တွေသဘောကျကျမှာပါ။

မိတ်ကပ် လင်းလင်း

ဒီကားလေးက အပျော်လေးတွေနဲ့ လင်းတို့တွေရိုက်ကူးနေတာ နှစ်ရက်ပြီးပြီ။ အကုန်လုံးလည်း အဆင်ပြေတယ်။ ဒီကားမှာပါမယ့် မင်းသားတွေကလည်း ကိုယ်တွေနဲ့ခင်နေတဲ့သူတွေဆိုတော့ အဆင်ပြေပါတယ်။

ဂွမ်းပုံလေး

ဒီကားထဲမှာတော့ စိန်ရွှေရတနာဆိုင်ကနေ စပွန်ဆာပေးမယ့် ပစ္စည်းတွေနဲ့ ဥစ္စာခြောက်ရမယ့် မန်နေဂျာမတယောက် နေရာကနေ ပါဝင်ထားပါတယ်။ ဒီကားမှာပါမယ့် မိတ်ကပ်ပညာရှင်လေးယောက်က မဂွမ်းနဲ့လည်း အရင်တည်းကခင်တယ်။ မဂွမ်းဒီကားမှာပါရတာကို ဝမ်းသာတယ်။ အရမ်းလည်း ပျော်တယ်။ သူတို့က အရမ်းတော်တဲ့အနုပညာရှင်တွေပါ။ သူတို့ကို ဒါရိုက်တာချမှတ်ပေးလိုက်တာကိုလည်း သူတို့လုပ်နိုင်ပါလိမ့်မယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading