Entertainment

ဟောလိဝုဒ်အနုပညာလောကထဲကို တကျော့ပြန်လာတဲ့ မင်းသမီး Lindsay Lohan

Want create site? Find Free WordPress Themes and plugins.

မင်းသမီးချော Lindsay Lohan ဟာ “The Honeymoon” လို့အမည်ရတဲ့ အချစ်၊ သည်းထိတ်ရင်ဖို ရုပ်ရှင်ကို မင်းသမီးအဖြစ်နဲ့ရော ထုတ်လုပ်သူအဖြစ်နဲ့ရော ပါဝင်ဆောင်ရွက်ပြီး ဟောလိဝုဒ်အနုပညာ လောကထဲကို ပြန်လည်ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

“Mean Girls” ရုပ်ရှင်မင်းသမီး Lindsay ဟာ ၂၀၁၃ ခုနှစ်မှာ “The Canyons” လို့အမည်ရတဲ့ ရုပ်ရှင်မှာ နောက်ဆုံးပါဝင်ခဲ့ပြီး အနုပညာလောကကနေ ခေတ္တပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီနောက်သူဟာ ဂရိနိုင်ငံကို ပြောင်းသွားပြီးတော့ ကလပ်စီးပွားရေးလုပ်ငန်းကို ထူထောင်ခဲ့ပါတယ်။

မင်းသမီးဟာ ၂၀၁၈ ခုနှစ်မှာ Netflix ရဲ့ စီးရီးဖြစ်တဲ့ “Sick Note” မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၉ခုနှစ် နှောင်းပိုင်းမှာ ရုံတင်ဖို့ စီစဉ်ထားတဲ့ ဝံပုလွေလူသားသည်းထိတ်ရင်ဖို “Among the Shadows” ရုပ်ရှင်မှာလည်း ပါဝင်ထားပါတယ်။ ဒါပေမယ့်သူဟာ သူကိုယ်တိုင် ဖတ်ရှုပြီး သဘောကျခဲ့ရတဲ့ ဝတ္ထုကို ရိုက်ကူးဖို့ ဝယ်ယူခဲ့ပြီးတဲ့နောက် ရိုက်ကွင်း နောက်ကွယ်မှာပဲ သူဟာ အနုပညာအလုပ်တွေကို ပြန်စဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

မင်းသမီး Lindsay က “စာရေးဆရာ Tina Seskis ရဲ့ The Honeymoon ဆိုတဲ့တကယ်ကောင်းတဲ့ စာအုပ် မူပိုင်ခွင့်ကို ဝယ်ယူခဲ့ပြီးအခု ဇာတ်ညွှန်းရေးနေပါပြီ” လို့ “Good Morning America” အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။

သူလည်း ပါဝင်သရုပ်ဆောင်မယ့်အကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မင်းသမီးဟာ လက်ရှိမှာ MTV ရဲ့ ရသစုံအစီအစဉ်ဖြစ်တဲ့,”Lindsay Lohan’s Beach Club” မှာ အမှုဆောင် ထုတ်လုပ်သူအဖြစ် ဆောင်ရွက်နေပြီး ဂရိကျွန်းတခုဖြစ်တဲ့ Mykonos မှာလည်း ကလပ်တခုကို ဖွင့်လှစ်ပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေပါတယ်။

Ref: aceshowbiz

Did you find apk for android? You can find new Free Android Games and apps.
Loading