Entertainment

မိုက်ကယ်ဂျက်ဆင်ရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့မှု မှတ်တမ်းရုပ်ရှင်ကို ပြသမည်

၂၀၁၉ ခုနှစ် Sundance ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ စီစဉ်ထားတဲ့ မိုက်ကယ်ဂျက်ဆင်နဲ့ ပတ်သက်တဲ့ ရုပ်ရှင်တကားကတော့ အငြင်းပွားစရာတွေ ဖြစ်လာစေဖို့ တာဆူနေပါတယ်။

“Leaving Neverland” လို့အမည်ရတဲ့ မှတ်တမ်းရုပ်ရှင်ဟာ မိုက်ကယ်ဂျက်ဆင်ရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုကို ခံခဲ့ရတဲ့ အမျိုးသား နှစ်ဦးရဲ့ အတွေ့အကြုံတွေကို အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

အဲဒီ အမျိုးသားနှစ်ဦးဟာ မိုက်ကယ်ဂျက်ဆင်နဲ့ ပထမဆုံးတွေ့ခဲ့တဲ့အချိန်မှာ သူတို့ဟာ အသက် ၇ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးတွေဖြစ်ကြပါတယ်။ သူတို့ဟာ အခုမှာ အသက် ၃၀ ကျော်အရွယ်တွေဖြစ်နေကြပြီး အခုလိုမျိုး ကမ္ဘာကျော်အဆိုတော်နဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိခဲ့ရတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုထားတာတွေ ပါဝင်ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ အိမ်ခြံမြေပိုင်ဆိုင်မှုဆိုင်ရာ အကျိုးဆောင်က “Leaving Neverland” ရုပ်ရှင်ကို ထည့်သွင်းဖို့ ပွဲတော်ကျင်းပရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်မသက်မသာဖြစ်မိတယ်လို့ ဆိုထားပါတယ်။ အကျိုးဆောင်အဖွဲ့ကိုယ်စားလှယ်တဦးကတော့ “မိုက်ကယ်ဂျက်ဆင်ရဲ့ ငွေကြေးရှာဖွေမှုနဲ့ ကိုယ်ကျိုးရှာဖို့ လုပ်တဲ့ ဆိုးရွားပြီး သနားစရာကောင်းတဲ့ ကြိုးစားမှုဖြစ်ပါတယ်” လို့ TMZ မီဒီယာကို ပြောဆိုခဲ့ပါတယ်။

အဲဒီမှတ်တမ်းရုပ်ရှင်ဟာ အသိအမှတ်မပြု လက်မခံထားတဲ့ အခြားစွပ်စွဲချက်တွေကို ပြန်လည်ဖြစ်ပေါ်စေမှာပါလို့လည်း အကျိုးဆောင်ကုမ္ပဏီက ပြောဆိုထားပါတယ်။

ပြီးတော့ ထူးခြားတဲ့ ရုပ်ရှင်ဒါရိုက်တာကလည်း ဒီရုပ်ရှင်ကို ဘာလို့ ရိုက်ကူးခဲ့ရတာကိုလည်း ဆိုတာမသိဘူးလို့လည်း ဆိုပါတယ်။ မိုက်ကယ်ဂျက်ဆင်ရဲ့ မှတ်တမ်းရုပ်ရှင်ကို Steve Bannon ရဲ့ “The Brink” မှတ်တမ်းရုပ်ရှင်နဲ့အတူ ပြသသွားမှာပါ။

Sundance ရုပ်ရှင်ပွဲတော်ကို အူတားပြည်နယ်၊ Park City မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၄ ရက်နေ့ အထိ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။

Ref: etcanada

Loading