Entertainment

မိန်းမလျာတွေကို လျော်ကြေးပေးမယ့် ဒါရိုက်တာ ပြည်ဟိန်းသီဟ

Want create site? Find Free WordPress Themes and plugins.

“ကျားကျားကြောက်ကြောက်” ဆိုတဲ့ နာမည်နဲ့ မိတ်ကပ်ပညာရှင်တွေကို ထူးထူးခြားခြားပုံဖော် ရိုက်ကူမယ့် ဒါရိုက်တာ ပြည်ဟိန်းသီဟက ဟာသဇာတ်ကားတိုင်းမှာ မိန်းမလျာဇာတ်ရုပ်များကို ထည့်ရိုက်ဖြစ်တဲ့အတွက် အဖွဲ့အစည်းတခုအနေနဲ့ရော ပရိသတ်တွေအနေနဲ့ရော LGBT အသိုင်းဝိုင်းကို နှိမ်ချပြီးရိုက်တယ် ထင်ကြတာကြောင့် သူတို့လောကတို းတက် ပြောင်းလဲအောင် လျော်ကြေးအနေနဲ့ ရိုက်ပေးဖြစ်တာလို့ ဧရာဝတီကိုပြောပါတယ်။

“ဒီကားဆို ကျနော် စရိုက်ကတည်းက လူအချင်းချင်း ခွဲခြားဆက်ဆံတာတွေ နှိမ့်ချပြောဆိုတာတွေ မပါအောင် ဇာတ်လမ်း စိစစ်ရေးတွေမှာကို ဒါတွေ မပါအောင် ရိုက်ပါ့မယ်ဆိုတဲ့ ခံဝန်ကတိ ထိုးထားတယ်။ နောက်တခုက ပြန်ပြီးလျော်ကြေး ပေးတဲ့ကားပါ။ ကျနော် ဟာသကားတွေမှာ မိန်းမလျာ ဇာတ်ရုပ်ေတွေ အမြဲပါလေ့ပါထ ရှိတယ်။ အဲ့ပေါ်မှာ အဖွဲ့အစည်းတခု အနေနဲ့ရော ပရိသတ်တွေ အနေနဲ့ရော LGBT အသိုင်းဝိုင်းကိုပဲ နှိမ်ချပြီး ရိုက်တယ်ပေါ့”

“အမှန်တော့ ကျနော်တို့က ရိုးသားပါတယ်။ ပျော်စေချင်တာပေါ့။ စေတနာ အမှားလေးတွေ ဖြစ်တဲ့အခါမှာ ငါတို့ အဲ့လိုလေး ရိုက်လိုက်လို့ သူတို့မှာ စိတ်ဒဏ်ရာလေးတွေ ရသွားတယ်။ ကိုယ်ကတော့ ဟာသအနေနဲ့ ပြလိုက်ပေမယ့် ဒီမိန်းမလျာ ကာရိုက်တာတွေကို ပေါတယ်တို့ ဘာတို့ ပြောကြတော့ သူတို့အတွက် ကျနော်မှာ တာဝန်တခု ဖြစ်လာပြီ ပြန်ပြီး လျော်ကြေးတော့ ပေးရမယ်ပေါ့။ အဲ့အတွက် သူတို့လောက တိုးတက်ပြောင်းလဲအောင် လျောကြေးအနေနဲ့ ရိုက်ပေးဖြစ်တာပေါ့”လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောပါတယ်။

“ကျားကျားကြောက်ကြောက်” ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် မင်းမော်ကွန်း၊ မြင့်မြတ်တို့နဲ့အတူ မိန်းမလျာများဖြစ်တဲ့ မိတ်ကပ် ခင်စန်းဝင်း၊ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)၊ မိတ်ကပ် လင်းလင်း၊ မိတ်ကပ် မထက်တို့နဲ့ အတူ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

“ကျနော့်ကို ကိုရွှေမန်းက လာပြောတယ်။ အဆန်းလေး ရိုက်ချင်တယ်ပေါ့။ ကျနော်က ဘာလို ရိုက်မှာလဲ ဆိုတော့ ပရိသတ် မြင်လေ့မြင်ထ မရှိတဲ့ ပုံစံလေး ရိုက်ချင်တယ်ဆိုတာနဲ့ ကျနော် ဒီဇာတ်လေးကို ရေးထားတာကြာပြီ၊ အဲဒါလေး ပေးလိုက်တော့ မိတ်ကပ်ပညာရှင်တွေနဲ့ ရိုက်ရင်တော့ ပရိသတ်တွေလည်း တမျိုးမြင်ရမယ်”

“လူရွှင်တော်ကို မင်းသားတွေကို မိန်းမလျာ ဇာတ်ရုပ်အနေနဲ့ ရိုက်တာထက် လက်ရှိ အစစ်တွေနဲ့ရိုက်တာက ပိုသဘာဝကျတယ်ထင်လို့ ရိုက်ဖြစ်သွားတာပါ။ ဝေဖန်ကြတယ်ဆိုတာလည်း ကောင်းစေချင်လို့ ဝေဖန်တယ်။ တိုက်ခိုက်တယ်ဆိုတာ မလိုလို့ တိုက်ခိုက်တာပေါ့။ ဒီပေါ်မှာတော့ ဘယ်သူမပြု မိမိမှုပါ”

“ကျနော်တို့လုပ်တာ ကျနော်တို့ပဲ ခံစားတာပေါ့။ အဲ့ပေါ်မှာတော့ စိတ်ဆိုးခြင်းလည်း မရှိဘူး”လို့ ဟာသကားတွေကိုသာ ဖန်တီးဖြစ်နေတဲ့ ပြည်ဟိန်းသီဟက ဆိုပါတယ်။

ဒါရိုက်တာ ပြည်ဟိန်းသီဟ ၂၀၁၉ခုနှစ်အတွင်းမှာ သရဲကားရိုက်ကူးဖို့လည်း ရျိနေပြီး ဟာသကားတွေ အရိုက်များတဲ့သူအဖို့ ယခုရိုက်မယ့် သရဲကားက ပထမဆုံး ရိုက်ဖြစ်တဲ့ကားလို့ ဆိုပါတယ်။

“၂၀၁၉ ခုနှစ်ထဲမှာ ဒီကားပြီးသွားရင် “ရှဲဒိုး” ဆိုတဲ့ ကားလေး ရိုက်ဖို့ ရှိပါတယ်။ အဲ့ကားလေးကတော့ ကျနော်အတွက် ဟာသကားတွေထဲကနေ ပြန်ကွဲထွက်မယ့် ပထမဆုံး လူသတ်ကားလေးပေါ့။ ဟာသကားတွေ အရမ်းများတော့ ကားတွေထပ်လာမှာလည်း စိုးတယ်။ ကိုယ်တိုင်ကအသစ် ရသလေးတွေ ပေးချင်တာကြောင့်ပါ” လို့ ဆိုပါတယ်။

မကြာခင် ရုံတင်မယ့် ဟောက်စားဇာတ်ကားမှာ မြင့်မြတ်ပြောဆိုလိုက်တဲ့ စကားတခွန်းဟာ ဆင်ဆာလွတ်တဲ့အပေါ် ဝေဖန်မှုများရှိနေပြီး ဒီအပေါ်ကိုတော့ ပြည်ဟိန်းသီဟက အခုလိုပဲ ပြန်ဖြေရှင်းပါတယ်။

“ဟောက်စားဇာတ်ကားမှာ အခု အွန်လိုင်းမှာ ပြန့်နေတဲ့ မြင့်မြတ်ပြောတဲ့ ဒိုင်ယာလော့က ဇာတ်ကားထဲမှာ မပါဘူး။ ကျနော်လည်း ကုမ္ပဏီကို မေးထားတယ်။ အဲ့အခန်းက ဇာတ်ကားမှာမပါဘူး။ ဆင်ဆာကလည်း ခွင့်မပြုထားဘူး။ ကျနော် ကိုယ်တိုင်လည်း ဖြတ်ထားပြီးသား။ ကျနော် ကိုဘိုစန်းကိုလည်း မေးထားတယ်။ အဲ့ကဒ်က ဘယ်က ထွက်သွားတာ လဲလို့။ အဲ့ပေါ်မှာ ထွေထွေထူးထူး မရှိပါဘူး။ သွားကြည့်ရင် အဲ့အမြင်တွေ ရှင်းသွားမှာပါ။ ကြော်ငြာဆိုတာကတော့ ကြော်အောင် ငြာကြတာပေါ့”လို့ ပြည်ဟိန်းသီဟကပြောပါတယ်။

ဒါရိုက်တာ ပြည်ဟိန်းသီဟကတော့ ဟာသကားတွေကို ရိုက်ကူးဖန်တီးနေတဲ့ ဒါရိုက်တာတယောက် ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးခဲ့ရသလို ဆင်ဆာကိစ္စနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ သူရိုက်ကူးထားတဲ့ “ဟောက်စား” ဇာတ်ကားကိုတော့ မြင့်မြတ်၊ ကျော်ကျော်ဗိုလ်၊ ခင်လှိုင်၊ အိချောပိုနဲ့ အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading