Entertainment

“အချစ်က ကျနော်႔ကို စဖြတ်ခဲ့တာ”လို့ ချစ်သူဟောင်းအကြောင်း ပြောပြတဲ့ ဟိန်းကိုကိုကျော်

Want create site? Find Free WordPress Themes and plugins.

လတ်တလောမှာ သရုပ်ဆောင် ခြူးလေးက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တဲ့ သတင်းက ပရိသတ်များကြား စိတ်ဝင်စားခဲ့ပြီး ဒီလိုပြုလုပ်ခဲ့ခြင်းဟာ သူမရဲ့ ချစ်သူကြောင့်လို့ ဆိုထားတဲ့အတွက် ခြူးလေးရဲ့ ချစ်သူ ဟိန်းကိုကိုကျော်ကို ပရိသတ်များက အထင်လွဲမှားမှုများဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ခြူးလေးနဲ့ ပတ်သက်လို့ ဟိန်းကိုကိုကျော်က ချစ်သူက သူ့ကို အရင်ဖြတ်ခဲ့တာဖြစ်ပီး အခုချိန်မှာ ဒီလိုကိစ္စတွေ ဖြစ်ပေါ်ခဲ့မှုအပေါ် သူ့အနေနဲ့ နားမလည်နိုင်ကြောင်း ဧရာဝတီကို ဆိုပါတယ်။

“ဘာပြောရမှန်းတောင် မသိတော့ဘူး။ သူကျနော့်ကို ဖြတ်ခဲ့တာ လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက မီဒီယာတခုမှာ တရားဝင်ပြောခဲ့တယ်။ အခုတော့ ကျနော်ကဖြတ်လို့ သူခုလိုဖြစ်တယ်ဆိုတဲ့ ပုံစံဖြစ်နေတော့ ဘာကိုနားလည်ရမှန်း မသိတော့ဘူး”လို့ ဟိန်းကိုကိုကျော်က ခြူးလေးနဲ့ပတ်သက်ပြီး သူ့အပေါ်ထွက်နေတဲ့ သတင်းတွေအကြောင်း ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီးသူက “သူက စဖြတ်တယ်။ နှစ်လကြာတယ်။ နောက်မှဘာဖြစ်တာလဲ ဆိုတော့ သူက ဖုန်းပြန်ဆက်တယ်။ သူမပြတ်နိုင်ပါဘူးတဲ့။ အဲဒီနှစ်လက သူစိတ်ဆိုး၊ စိတ်ကောက်တာပါတဲ့။ အခုအချိန်မှာ ကျနော်ကလည်း ကျနော့်အပေါ်ကောင်းတဲ့ လက်တွဲဖော်ရှိနေပြီဆိုတော့ သူက အပြစ် မရှိဘူးလေ။ ကျနော်ခံစားနေရတဲ့ အချိန်တုန်းကတော့ ကျနော် ဆက်သွယ်တဲ့အချိန်မှာ လျစ်လျူရှုထားခဲ့တဲ့ အချိန်တွေ ရှိတယ်”

“ကျနော့်ကို သူ့အသိုင်းအဝိုင်းကနေ ပလစ် လိုက်တယ်။ သူအဲလို လုပ်လိုက်တော့ ကျနော်လည်း ဗုဒ္ဓဂါယာမှာ ဘုန်းကြီး သွားဝတ်တယ်။ အေးအေးချမ်းချမ်း နေနိုင်သွားတယ်။ ကိုယ့်စိတ်ကို ပြောင်းပစ်လိုက်တယ်။ ကိုယ့်ဘဝကို အသစ်ပြန်စတဲ့အချိန်မှာမှ သူကပြန်လာတယ်။ မဖြစ်နိုင်တော့ဘူးလေ”လို့လည်း ဟိန်းကိုကိုကျော်က ဆိုပါတယ်။

ဟိန်းကိုကိုကျော်နဲ့ ခြူးလေးရဲ့ချစ်သူသက်တမ်းက၂ နှစ်နဲ့ ၈လခန့်ကြာခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုတုန့်ပြန်မှုကြောင့် ခုလိုသေကြောင်းကြံခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်ဆိုတာနဲ့ ပတ်သက်ပြီးလည်း ဟိန်းကိုကိုကျော်က အခုလိုဆိုပါတယ်။

“အဲဒီလိုမျိုး နစ်နာစေတဲ့စကားတော့ မပြောမိခဲ့ပါဘူး။ အချစ်သစ်တွေ့နေပြီဆိုတဲ့ အကြောင်းတော့ ပြောလိုက်တယ်။ အဲဒီမှာ အဲဒီလိုဖြစ်သွားတာ”လို့ ပြောပါတယ်။ ချစ်သူနှစ်ယောက်ကြား ဘယ်လိုအကြောင်းတွေကြောင့် ပြတ်ခဲ့ပြီး အဆင်မပြေခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်လို့ ဟိန်းကိုကိုကျော်က အခုလိုပြောပါတယ်။

“နားလည်မှုတွေလည်းပေးခဲ့တယ်။ ကိုယ်တတ်နိုင်သမျှ၊ ကိုယ်ဖြည့်ဆည်းပေးနိုင်သမျှတွေလည်း ဖြည့်ဆည်းပေးခဲ့တယ်။ ကိုယ့်အချိန်တွေတောင်မှ ကိုယ်မလုပ်နိုင်ဘဲနဲ့ သူ့အတွက်ပဲလုပ်ပေးခဲ့တာပေါ့နော်။ အဲဒါကိုပဲ သူ့ Idol နားမှာ ကျနော်ကပဲ တကောက်ကောက်လိုက်ပြီး အာရုံလိုက်နောက်နေတယ်ဆိုတဲ့ပုံစံ။ သူသာတကယ်ချစ်တယ်ဆိုရင် ကိုယ်ချစ်တဲ့သူ ခံစားနေရတဲ့အချိန်မှာ တချက်လောက်တော့ လှည့်ကြည့်မှာပဲလေ”

“အခုတော့ လျစ်လျူရှုထားပြီးတော့မှ ကျနော် ချစ်သူသစ်ရပြီဆိုမှ ဝုန်းဒိုင်းကြီးပြန်လာတော့ ဘယ်လိုပြောရမှန်းကို နားမလည်တော့ဘူး။ ကြားလူတွေရဲ့ ထိုးနှက်မှုတွေ၊ သူ့အနားကလူတွေရဲ့ လောဘကြီးမှုတွေ၊ အနုပညာအတွက် အောင်မြင်မှုလောဘကြီးမှုတွေ အဲဒါတွေကိုသူနားယောင်ပြီးတော့ လုပ်သွားတယ်ထင်တာပဲ။ သူ လုံးလုံးကိုဖြတ်ပစ်ခဲ့တာ။ သူဖြတ်ခဲ့ပြီလို့ပြောတဲ့ စာတွေတောင် ရှိပါသေးတယ်။ အခုတော့ ကျနော့်ကိုပဲ အပြစ်တွေတင်ပြီး ဟိုးအောက်ကိုဆွဲချနေသလိုပဲ ခံစားနေရတယ်”လို့ ဟိန်းကိုကိုကျော်က ဆိုပါတယ်။

ချစ်သူအသစ်လေးက အနုပညာရှင် မဟုတ်ဘဲ အပြင်ကဖြစ်နေတာကြောင့် ဒီအဖြစ်အတွက် နှစ်ယောက်ကြား ပြဿနာ ရှိ၊ မရှိ ဆိုတာကိုလည်း သူက အခုလိုဆိုပါတယ်။ “သူလည်းစိတ်ညစ်နေတာတွေတော့ ရှိတာပေါ့နော်။ သူ့ကိုတော့ အကောင်းဆုံးဖြစ်အောင်၊ နားလည်အောင်တော့ ပြောထားတာပေါ့နော်”လို့ ပြောပါတယ်။

ဒီနှစ်ထဲ အချစ်နဲ့ပတ်သက်ပြီး ကံမကောင်းဘူးဆိုတဲ့ ဟိန်းကိုကိုကျော်က အချစ်နဲ့ပတ်သက်တဲ့ ခံစားချက်ကိုလည်း အခုလိုဆိုပါတယ်။ “အချစ်ဆိုတာတော့ အ ရယ်၊ ချစ်ရယ် ၊ ဒီအတိုင်းလေးပဲ ရှိနေတာ။ လာပတ်သက်သူတွေရဲ့ လူအမျိုးမျိုး၊ စိတ်အထွေထွေကပဲ ကာလာဆိုးသွားကြတာ။ အဲဒီသဘောမျိုးပါပဲ”လို့ ဟိန်းကိုကိုကျော်က ဧရာဝတီကို ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading