Entertainment

“ထာဝရထက် နှစ်ဆ”ရုပ်ရှင်က ကော်ပီမှန်း မသိခဲ့ဘူးလို့ မင်းမော်ကွန်း ပြော

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းက မကြာခင် ရုံတင်ပြသမယ့် “ထာဝရထက် နှစ်ဆ” ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင် မြင့်မြတ်၊ ရွှေမှုံရတီတို့နဲ့အတူ ပါဝင် သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားက ကော်ပီဖြစ်တယ်ဆိုတာ မသိခဲ့ဘူးလို့ ဆိုပါတယ်။

“ကျနော် ရိုက်ကူးထားတဲ့ ကားလေးတွေ ရုံတင်ဖို့ ရှိပါတယ်။ ထာဝရထက် နှစ်ဆ ရယ်၊ လေးပါးကျော့ရှိန် ဝရဇိန်ရယ်၊ Rose Riders ရယ် ရုံတင်ဖို့ ရှိတယ်။ အကယ်ဒမီမှာ ကျနော် ရင်ခုန်ရမယ့် ဇာတ်ကား မပါပါဘူး”

“ထာဝရထက် နှစ်ဆ ဇာတ်ကားရိုက်ဖို့ ကျနော့်ကို လာငှားတုန်းက ဒီကားက ကော်ပီဆိုပြီး ပြောပြီးငှားတာလည်း မဟုတ်ဘူး။ အဲ့အိန္ဒိယကားကို ကျနော်လည်း မကြည့်ဖူးဘူး။ အခု ဝေဖန်သံတွေ ထွက်နေတာကို ကျနော် ဘာမှပြောစရာ မရှိဘူး။ အကယ်ဒမီကိုတော့ တော်တဲ့သူတွေ အကုန်ရစေချင်တယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။

“ထာဝရထက် နှစ်ဆ” ရုပ်ရှင်ဇာတ်ကားဟာ ဘောလိဝုဒ် ဇာတ်ကားကို ကော်ပီယူပြီး ပြန်လည်ရိုက်ကူးတဲ့အတွက် ပရိသတ်များကြား ဝေဖန်မှုများ ရှိနေတာ ဖြစ်ပါတယ်။ မင်းမော်ကွန်းက ဂီတနဲ့ပတ်သက်ပြီးလည်း တကိုယ်တော် အခွေထွက်ဖို့ မရှိသေးဘဲ မြေပဲယိုအတွက်တော့ သီချင်းတွေ လုပ်ဖြစ်နေလို့ ဆိုပါတယ်။

“တကိုယ်တော် အခွေထွက်ဖို့တော့ မရှိသေးပါဘူး။ မြေပဲယိုအခွေအတွက်တော့ လုပ်နေပါတယ်။ မြေပဲယို အဖွဲ့ရပ်တာက လူမစုံလို့ပါ။ အခု တိုက်တိုက်ဆိုင်ဆိုင် စကားပြောပြီးတဲ့ အချိန်မှာ ကျော်သူစိုးက သူမအားတာကြောင့် မဆိုနိုင်တော့ဘူး။ သူအိမ်ထောင်ကျ အလုပ်လည်း များတဲ့အခါ သူမဆိုနိုင်တော့ဘူး”

သရုပ်ဆောင် မင်းမော်ကွန်း (ဓာတ်ပုံ – ဧရာဝတီ)

“ဒါပေမဲ့ တပုဒ်တော့ ဆိုထားတာ ရှိတယ်။ ကိုကျော်တို့ လုပ်ပါ။ ဒီနာမည်ကို သုံးပြီးတော့ ဆက်လုပ်ပါလို့ ပြောတယ်။ ကျော်သူစိုးအားလို့ လာဆိုရင် မြေပဲယို အဖွဲ့က Welcome ပါပဲ။ ကျော်သူစိုးက မြေပဲယိုရဲ့ Member ပါပဲ။ အွန်လိုင်းကနေ သီချင်းတပုဒ်တင်ပေးမယ်” လို့ မင်းမော်ကွန်းက ဆိုပါတယ်။

သမီးဖြစ်သူ လေပြေသွေးကလည်း အနုပညာအလုပ်များ လုပ်ကိုင်နေပြီး သမီးဖြစ်သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကိုလည်း အခုလိုဆိုပါတယ်။

“အနုပညာနဲ့ ပတ်သတ်ပြီး သမီးကို အနုပညာလောကထဲမှာထားရမယ့် စိတ်ဓာတ်နဲ့ စည်းကမ်းပိုင်းကိုပြောပြတယ်။ ကျနော် မျှော်မှန်းတာက သူက ပညာရေး အရမ်းကောင်းတဲ့အတွက် ပညာရေးနဲ့ ထွန်းထွန်းပေါက်ပေါက် ဖြစ်စေချင်ပါတယ်။ အနုပညာ ဝါသနာပါတယ်ဆိုလည်း ကန့်ကွက်ဖို့မရှိပါဘူး”

“နှစ်ခုစလုံး သူအောင်မြင်အောင် လုပ်နိုင်ရင်တော့ အတိုင်းထက် အလွန်ပါပဲ။ ဇာတ်ကားတွေလည်း အများကြီးတော့ ပေးမရိုက်သေးပါဘူး။ ပညာရေးပြီးရင်တော့ အနုပညာလုပ်ချင်ရင် လုပ်ခိုင်းမှာပါ။ သားသမီးတွေ ဖြစ်ချင်တဲ့ ဆန္ဒကို လုပ်ပေးတယ်။ အဓိက သူတို့ဆန္ဒပဲလေ”လို့ မင်းမော်ကွန်းက ပြောပါတယ်။

မင်းမော်ကွန်းဟာ ဇာတ်ကားတွေ ရိုက်ကူးနေသလို နှင်းဆီအဖွဲ့မှာလည်း ပါဝင်ကပြနေတဲ့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading