၂၀၁၈ ခုနှစ်ဟာ ရုပ်ရှင်ချစ်သူတွေကို စိတ်ကျေနပ်မှုတွေ အများကြီးပေးခဲ့တဲ့ နှစ်တနှစ်ပါ။ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ရုပ်ရှင်ကားတွေ ထွက်ရှိတဲ့ နှစ်ဖြစ်ပြီး ထွက်သမျှကားတိုင်းဟာ မျှော်မှန်းထားသလို စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ခဲ့တဲ့ ဇာတ်ကားတွေရဲ့ ရိုက်ကွင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Fantastic Beasts ; The Crimes Of Grindelwald
ဟယ်ရီပေါ်တာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ Fantastic Beasts 2 ဟာ အရမ်းကြီးမားတဲ့ ဇာတ်အိမ်ကို ဇာတ်လမ်းဖွဲ့ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးဖို့ အချိန် ၃ နှစ်ယူခဲ့ရပြီး အထူးပြုလုပ်ချက်တွေ အများကြီး ပါဝင်တဲ့ ကားတကားဖြစ်ပါတယ်။
Box Office မှာ ဝင်ငွေ ၆၄၄ မီလီယံ ရရှိခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ပါဝင်တဲ့ Newt ရဲ့ သေတ္တာထဲက ထွက်လာတဲ့ အခန်းတွေနဲ့ Dumbledore ကို လက်ဆွဲနှုတ်ဆက်တဲ့ အခန်းတွေကို ရိုက်ကူးထားပုံတွေကို ဖော်ပြပေးချင်ပါတယ်။
(၂) Aquaman
Aquaman ကတော့ မကြာသေးခင်ကမှ ရုံဝင်ငွေ ၁ ဘီလီယံ ပြည့်ခဲ့တာပါ။ ဇာတ်လမ်းကတော့ သိပ်မထူးဆန်းပေမယ့် ရိုက်ကူးရာမှတော့ အလွန်အားစိုက်ရတဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။ ဇာတ်လမ်းဟာ Aquaman ဇာတ်ကောင်ကို Live Action အနေနဲ့ ပထမဆုံး မိတ်ဆက်ပေးတဲ့ ဇာတ်ကားဖြစ်နေတာကြောင့် သိပ်အထွေအထူး မရှိတာ ဖြစ်နိုင်တယ်လို့ DC ပရိသတ်တွေက ပြောကြပါတယ်။
ဒီဇာတ်ကားရိုက်ဖို့ အတွက် ဒါရိုက်တာ James Wan ဟာ ဗီလိန်တွေနေရာမှာ ကင်မရာအထူးပြုလုပ်ချက်တွေထက် မိတ်ကပ်ကို အမှန်တကယ် လိမ်းစေခဲ့တာကို မြင်ရပါတယ်။ ရေအောက်မှာ တကဒ်လောက်ရိုက်ဖို့တောင် အရမ်းခက်ခဲတဲ့ အရာကို ဒါရိုက်တာ James Wan က တကားလုံးနီးပါး ရေအောက်အခန်းတွေကို ရိုက်ပြနိုင်ခဲ့တာပါ။
ဒါအပြင် ရေအောက်မြို့သားတွေ အသုံးပြုတဲ့ စကားတမျိုးကိုလည်း တီထွင်ခဲ့ပါသေးတယ်။ စကားကို တီထွင်ဖို့တောင်မှ အချိန်အများကြီး ကုန်ခံခဲ့တယ်လို့ သိရပါတယ်။
(၃) Avenger; Infinity War
၂၀၁၈ ခုနှစ်မှာ Marvel ပရိသတ်တွေ ဂုဏ်အယူရဆုံး ဇာတ်ကား တကား ဖြစ်ခဲ့ပါတယ်။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Thanos အတွက် ကင်မရာအထူးပြုလုပ်ချက်နဲ့ မိတ်ကပ်အထူးပြုလုပ်ချက်တွေ အများဆုံး ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။
Marvel က ဆယ်နှစ်တိုင်တိုင် ဇာတ်လမ်းပျိုးပြီး ရိုက်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်တဲ့ အပြင် Marvel ရဲ့ လူကြိုက်အများဆုံး စူပါဟီးရိုးတွေ အားလုံးနီးပါး ပါဝင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရုံဝင်ငွေ ၂ ဘီလီယံ ရရှိခဲ့ပါတယ်။
Ref;mmn