• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

တသက်လုံး သီချင်းတွေနဲ့ပဲ ဖြတ်သန်းမယ့် အဆိုတော် မီမီဝင်းဖေ

by မန်းသူ
18 January 2019
in Entertainment
A A
အဆိုတော် မီမီဝင်းဖေ / မန်းသူ

အဆိုတော် မီမီဝင်းဖေ / မန်းသူ

5k
VIEWS
Share on FacebookShare on Twitter

အဆိုတော် မီမီဝင်းဖေက ဂီတအလုပ်တွေကို ပြန်လုပ်နေဖြစ်ပြီး မိဘနှစ်ပါးကလည် းနိုင်ငံခြားကနေ မြန်မာပြည်ကို ပြန်လာတဲ့အတွက် ဝမ်းသာနေကြောင်း ဧရာဝတီကို ပြောပါတယ်။

“အမှန်အတိုင်းပြောရင်တော့ မမီက ၁၀ နှစ်လောက် နိုင်ငံခြားရောက်နေပါတယ်။ မေမေ၊ ဖေဖေတို့နဲ့ အချိန်ပေးတာပေါ့နော်။ အခုသူတို့ မြန်မာပြည် ပြန်လာတဲ့အခါကျတော့ မမီ အရမ်းဝမ်းသာပါတယ်။ ဒါဟာမမီရဲ့ ဘဝလေးကို မမီပြန်ရသလို ခံစားရပါတယ်။ မမီဘဝက တသက်လုံး သီချင်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝတခုပေါ့နော်”လို့ မီမီဝင်းဖေက ဧရာဝတီကို ပြောပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
508
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
295
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
376

တကျော့ပြန် ဂီတလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးလည်း မီမီဝင်းဖေက အခုလို ဆိုပါတယ်။

“Generation အရတော့ မမီသည် အရွယ်တခုကို ရောက်သွားပါပြီ။ Generation အဟောင်းတွေဖြစ်လာပြီပေါ့နော်။ မမီမှာ သူ့ဟာလေးနဲ့သူ ဆိုချင်တဲ့စိတ်ပေါ့နော်။ အပြည့်အဝ ရှိနေပါသေးတယ်။ အဲဒီစိတ်ရှိလို့လည်း လုပ်ဖြစ်သွားတာပါ။ မနှစ်ကဆို တကိုယ်တော်ပွဲလေး လုပ်ဖြစ်တယ်။ အခု ကိုဘိုဖြူနဲ့ အတွဲခွေလေး ထုတ်ဖြစ်တယ်။ ကိုယ့်Generationနဲ့ သင့်တော်မယ့် ပွဲလေးတွေလည်း ဆိုဖြစ်နေပါတယ်။ ဆိုတော့ မမီ ဂီတလောကမှာ ပျော်ဆဲပါပဲ”လို့ ဆိုပါတယ်။

မီမီဝင်းဖေက ဘိုဖြူနဲ့စုံတွဲသီဆိုထားတဲ့ “လွန်ဆန်နိုင်မလားအချစ်” တေးစီးရီးကို ဖြန့်ချိတော့မှာ ဖြစ်ပြီး ဒီအခွေနဲ့ ပတ်သက်လို့လည်း အခုလို ပြောပြပါတယ်။

“ကိုထီး(စိုင်းထီးဆိုင်)တို့၊ မအယ်လ်ခွန်းရီတို့နဲ့ ဆရာစိုင်းခမ်းလိတ် သီချင်းတွေ လုပ်ခဲ့တာတွေ ရှိတယ်။ မမီက မနိုရင်း (အယ်လ်ခွန်းရီ)ရဲ့သီချင်းနှစ်ပုဒ်။ ကျန်တာကတော့ ကိုထီး သီချင်းတွေပါ။ ကိုဘိုဖြူကလည်း ဆရာစိုင်းခမ်းလိတ်တို့ ကိုထီးတို့ကို တအားကြိုက်တဲ့သူပေါ့နော်။ လွှမ်းမိုးမှုလည်း ရှိပါတယ် ကိုဘိုဖြူ့အပေါ်မှာပေါ့။ မမီကကျတော့ ကိုထီးရဲ့ တပည့်အရင်းခေါက်ခေါက်ပါ”

“မမီကို ဒီလမ်းကြောင်းပေါ် ရောက်အောင်ဆွဲထုတ်ပေးတဲ့ သူတွေထဲမှာ ကိုထီးကလည်း အများကြီးလုပ်ပေးခဲ့တဲ့ အဆိုတော်ကြီးတယောက်ပါ။ မမီရဲ့ဆရာပေါ့နော်။ ကိုထီးကလည်း မရှိတော့ဘူးဆိုတော့ ကိုဘိုဖြူနဲ့က ခဏ ခဏပြောဖြစ်တယ်။ မမီကလည်း ဒီသီချင်းတွေကြိုက်တဲ့သူ၊ ကိုဘိုဖြူကလည်း ကြိုက်တဲ့သူ။ အခုလိုဖြစ်မြောက်အောင်ထုတ်ပေးတဲ့ ပရိုဂျုဆာရှိတဲ့အချိန်မှာ ထုတ်ဖြစ်သွားတာပါ”လို့ မီမီဝင်းဖေက ပြောပြပါတယ်။

ဒီအခွေမှာတော့ မီမီဝင်းဖေက စုံတွဲ ၄ ပုဒ်၊ Solo ၅ ပုဒ် ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။ ဒီအခွေထဲက သီချင်းတွေနဲ့ ပတ်သက်ပြီးလည်း မီမီဝင်းဖေက အခုလိုဆိုပါတယ်။

“အမှန်အတိုင်းပြောရရင် မမီလေ ကိုထီးတို့ မနိုရင်းတို့ သီချင်းတွေပြန်ဆိုမယ့်အချိန်မှာ နည်းနည်းစဉ်းစားတယ်။ ကိုထီးဆို မရှိတော့ဘူးပေါ့နော်။ တဖက်ကကျတော့လည်း အရမ်းဆိုချင်စိတ် ရှိတယ်။ တဖက်ကလည်း ဒီအတိုင်းလေးပဲ ထားချင်စိတ်။ အဲဒီစိတ်နှစ်ခုကြား စဉ်းစားစရာတွေဖြစ်ပြီး နောက်ဆုံးတော့ ဆိုချင်တဲ့စိတ်က ပိုအားသာသွားတာပေါ့နော်။ ပြီးတော့ သူတို့ကအကောင်းဆုံးလည်း လုပ်သွားတယ်။သူတို့က ကိုယ်ပိုင်ဖန်တီးမှုတွေလည်းဖြစ်တယ်။အဲဒီတော့ ဒီအတိုင်း ပဲထားလိုက်ရမလားဆိုတဲ့ စိတ်အများကြီးဖြစ်တယ်”

“တပိုင်းကကျတော့လည်း တန်ဖိုးထားပြီး ဒီအတိုင်းလေး ထားလိုက်မယ်ဆိုတဲ့စိတ် ဖြစ်ပါတယ်။ တဖက်ကကျတော့လည်း အရမ်းဆိုချင်စိတ် ရှိတယ်။သူတို့လုပ်သွားတဲ့ ဒီအလုပ်တွေကို ကြိုက်လွန်းလို့ ဆိုချင်လိုက်တာဆိုတဲ့စိတ်ဖြစ်တယ်။ အဲဒီနှစ်ခုကြားမှာ စဉ်းစားစရာတွေဖြစ်ပြီး နောက်ဆုံးတော့ ဆိုချင်တဲ့စိတ်က ပိုအားသာတာပေါ့နော်”လို့ မီမီဝင်းဖေက ပြောပါတယ်။

တေးသံရှင် မီမီဝင်းဖေက ဘိုဖြူနဲ့ ပထမဆုံး တွဲဆိုဖူးတဲ့ စုံတွဲတေးစီးရီး “လွန်ဆန်နိုင်မလား အချစ်”ကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ လှိုင်းတေးသံသွင်းကနေ ဖြန့်ချိတော့မှာဖြစ်ပါတယ်။

Your Thoughts …
Tags: အဆိုတော် မီမီဝင်းဖေ
မန်းသူ

မန်းသူ

Similar Picks:

အဆိုတော် မီမီဝင်းဖေ  / ဧရာဝတီ

သီချင်း ၇ ပုဒ် ပါဝင်တဲ့ အဆိုတော် မီမီဝင်းဖေရဲ့ တကိုယ်တော်အခွေ ထွက်ရှိမည်

by ယုဖြူဟန်
23 November 2020
14.3k

သီချင်းအခွေရဲ့ နာမည်ကိုတော့ “သံယောဇဉ်လက်ကျန်” လို့ အမည်ပေးထားပြီး CD ချပ်များအပြင် Memory Stick အနေနဲ့လည်း ထွက်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အဆိုတော် မီမီဝင်းဖေ / ယုဖြူဟန် / ဧရာဝတီ

အချိန် ၁၁ နှစ်ကြာပြီးမှ တကိုယ်တော်ခွေ ထွက်ရှိဦးမယ့် အဆိုတော် မီမီဝင်းဖေ

by ယုဖြူဟန်
2 June 2018
6.1k

အရင်အတိုင်းပဲ သီချင်းချိုချိုအေးအေးလေးပါပဲ။ မမီက ကိုယ်သန်တာကို ကိုယ်လုပ်တာ ကောင်းပါတယ်။ ပြောရရင် သကြားလုံးလေးစားရသလိုပဲ။ သီချင်းလေးတွေက မိန်းကလေးဆန်ဆန်လေးတွေပါပဲ။

Next Post
ခွဲရေး စွဲရေး

ခွဲရေး စွဲရေး

"ခေတ်သစ်"ဖောင်ဒေးရှင်း စာနယ်ဇင်း မိတ်ဆက်ပွဲမှာ တွေ့ရတဲ့ လင်းလင်းနဲ့ ချစ်သုဝေ

မိသားစု သမိုင်းဖြစ်မယ့် "ခေတ်သစ်"ဖောင်ဒေးရှင်းကို အလေးထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.2k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate