• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မိသားစု သမိုင်းဖြစ်မယ့် “ခေတ်သစ်”ဖောင်ဒေးရှင်းကို အလေးထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေ

by မန်းသူ
18 January 2019
in Entertainment
A A
"ခေတ်သစ်"ဖောင်ဒေးရှင်း စာနယ်ဇင်း မိတ်ဆက်ပွဲမှာ တွေ့ရတဲ့ လင်းလင်းနဲ့ ချစ်သုဝေ

"ခေတ်သစ်"ဖောင်ဒေးရှင်း စာနယ်ဇင်း မိတ်ဆက်ပွဲမှာ တွေ့ရတဲ့ လင်းလင်းနဲ့ ချစ်သုဝေ

5.2k
VIEWS
Share on FacebookShare on Twitter

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက ခေတ်သစ် ဖောင်ဒေးရှင်းကို တည်ထောင်လိုက်ပြီး ဒီလိုတည်ထောင်လိုက်တာဟာ ကိုယ့်မှာရှိတဲ့ ငွေကြေးကို တခြားသူကို Share ပြီး သုံးချင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ချစ်သုဝေက ဧရာဝတီကို ပြောပါတယ်။

“လူတိုင်းက ပြေလည်ချင်တယ်။ ချမ်းသာချင်တယ်။ ကြွယ်ဝချင်တယ်။ ထရီဇာလည်း အနည်းနဲ့ အများတော့ ရှိမှာပေါ့။ ဒါပေမဲ့ အိတ်အကောင်းစားကြီးတွေလည်း ကိုင်ဖို့ စိတ်မဝင်စားခဲ့ဖူးဘူး။ စိတ်ဝင်စားလောက်တဲ့ ကြွယ်ဝမှုမျိုးလည်း ထရီဇာ့မှာ မရှိဘူး။ လက်ဝတ်လက်စားတွေ ဝတ်ချင်တဲ့ စိတ်ဝင်စားမှုမျိုးလည်း ထရီဇာ့မှာ မရှိခဲ့ဘူး။ အဲဒီလောက်ကြွယ်ဝမှု မျိုးရှိရင်လည်း စိတ်ဝင်စားချင်စားမှာပေါ့”

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.4k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
437
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.2k

“ဒါပေမဲ့ ထရီဇာ့မှာ အခုရှိနေတဲ့ ကြွယ်ဝမှုအတိုင်းအတာလေးမှာ ထရီဇာ စိတ်အဝင်စားဆုံးက ထရီဇာ့ ပိုက်ဆံတွေကို share လုပ်ပြီးသုံးချင်တယ်။ ဒါကြောင့်လည်း ဒီဖောင်ဒေးရှင်းကို ထရီဇာ စခဲ့လိုက်တာပေါ့နော်”လို့ ချစ်သုဝေက ဖောင်ဒေးရှင်း စဖြစ်တဲ့အကြောင်း ဧရာဝတီကို ပြောပါတယ်။

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့က သမီးအမြွှာနှစ်ဦးဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ “ခေတ်သစ်”ဖောင်ဒေးရှင်းစတင်မယ့် အကြောင်း သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်း တည်ထောင်ခဲ့တဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း ချစ်သုဝေက အခုလို ဆိုပါတယ်။

“ဖောင်ဒေးရှင်းအတွက်ကို ခွန်အားတွေ တော်တော် တည်ဆောက်ရပါတယ်။ အဲဒီဖောင်ဒေးရှင်းမှာမှ ကိုယ်အရမ်းချစ်ပြီး အထိခိုက်မခံနိုင်၊ အလွဲမခံနိုင်တဲ့ သမီးလေးတွေရဲ့နာမည်ပေါ့။ သမီးလေးတွေရဲ့ သမိုင်းဖြစ်နေတာပေါ့။ အရမ်းတာဝန်ကြီးပြီး အရမ်းကို တုန့်ဆိုင်းနေခဲ့တာလည်း သူတို့ကြောင့်။ ထရီဇာရဲ့ အချိန်တွေ၊ ထရီဇာ ပိုက်ဆံရှာရမယ့် အချိန်တွေထဲက တော်တော်များများကို သမီးက ဖောင်ဒေးရှင်းအတွက် အချိန်တွေခွဲပေးရမယ်”လို့ ချစ်သုဝေက ပြောပါတယ်။

“ဒါသည် ထရီဇာအလေးထားရဆုံးဖြစ်မယ့် အရာတခု၊ ဒါသည် ထရီဇာတို့ရဲ့ မိသားစုရဲ့ သမိုင်း၊ ထရီဇာ့ သမီးလေးတွေရဲ့ သမိုင်းဖြစ်တော့မှာ။ ဒါကြောင့် ဒီဖောင်ဒေးရှင်းကို တာဝန်အရမ်းကြီးတယ်လို့ ခံစားရသလို အရမ်းလည်း အလေးထားဖို့ ဆုံးဖြတ်ထားပါတယ်”လို့ ချစ်သုဝေက ဆိုပါတယ်။

ခေတ်နဲ့သစ်ရဲ့ အသက်တနှစ်ပြည့် မွေးနေ့ကတည်းက သမီးလေးတွေအတွက် ဖောင်ဒေးရှင်းတခု တည်ထောင်ဖို့ စိတ်ကူးရှိတယ်လို့ဆိုတဲ့အတိုင်း ယခုနှစ်၂ နှစ်ပြည့် မွေးနေ့ရက် ဇန်နဝါရီ ၁၉ ရက်နေ့မှစတင်ကာ ဖွဲ့စည်းထူထောင်မှာဖြစ်ပြီး လုပ်ငန်းစဉ်များကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စတင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ခေတ်သစ်”ဖောင်ဒေးရှင်းကို လင်းလင်း၊ ချစ်သုဝေနဲ့ မေမြန်မာခေတ်၊ မေမြန်မာသစ်တို့က ငွေကျပ်သိန်း ၂၀၀ မတည် တည်ထောင်လိုက်တာဖြစ်ပါတယ်။ ဖောင်ဒေးရှင်းကို ၁၄ နှစ်တာကာလ သတ်မှတ်ထားပြီး အဲဒီကာာလတွေမှာ လင်းလင်းက ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်ကာ ချစ်သုဝေက အလုပ်အမှုဆောင်ချုပ်အဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ခေတ်နဲ့သစ် အရွယ် မရောက်ခင်အထိ ထိန်းသိမ်းပြီး လက်လွှဲတာဝန်ပေးဖို့အထိ ရည်ရွယ်ချက်ကြီးကြီးနဲ့ တည်ထောင်လိုက်တဲ့ဖောင်ဒေးရှင်းလည်းဖြစ်ပါတယ်။ ဥက္ကဋ္ဌဆိုတဲ့နေရာကနေ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဖခင်တယောက်အနေနဲ့ တာဝန်ပိုကြီးတယ်လို့ ခံစားမိလားဆိုတဲ့အပေါ်ကိုလည်း လင်းလင်းက အခုလိုဆိုပါတယ်။

“အဲဒီလိုတော့ မခံစားရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မခံစားရတဲ့အကြောင်းရင်းက ထရီဇာနဲ့ ကျနော်က သူလုပ်၊ ကိုယ်လုပ်ပြောရင်းနဲ့မှ ကျနော် ဥက္ကဋ္ဌဖြစ်တာ။ ဒီရည်ရွယ်ချက်ကို စ၊ လယ်၊ ဆုံး တကယ့်ကို စိတ်နှစ်၊ ကိုယ်နှစ် အတွင်းကျကျ အကောင်အထည်ဖော်တာက သူ(ချစ်သုဝေ)၊ ကျနော်ကျတော့ ဘယ်နေရာမှာပါလဲဆိုတော့ ဘာလုပ်ရမလဲ လုပ်မယ်။ ချဆို ချမယ်။ ဘယ်သူ့ချိတ်ပေးရမလဲ ချိတ်မယ်”

“ပြောမယ်ဆိုရင်တော့ Hardware , Software ပေါ့။ Hardware ပိုင်းကို ကျနော်က ပါတယ်ဆိုတဲ့ သဘော၊ တကယ့် Software ပိုင်းကသူ”လို့ လင်းလင်းက ဖြေပါတယ်။

ဖောင်ဒေးရှင်းကို Phase ၇ ခုခွဲကာ ဆောင်ရွက်မှာဖြစ်ပြီး ပထမဆုံး Phase (၂၀၁၉-၂၀၂၀) အတွက် အသက် ၅ နှစ်အောက် ကလေးများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရည်ရွယ်ကာ အမှန်တကယ်ခွဲစိပ်စားရိတ် လိုအပ်နေတဲ့ မွေးရာပါ နှလုံးအပေါက်ပါ ရောဂါရှင်များအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေရှာဖွေရေးအနေနဲ့ “ခေတ်နဲ့ သစ်တို့ကမ္ဘာ”ရိုက်ကူးရေးအစီအစဉ်ကို Forever Group ကထုတ်လုပ်ကုန်ကျမှု စားရိတ်၊ ငွေကြေးလုံးဝ မယူဘဲ ရရှိလာမယ့် ဝင်ငွေများကိုလည်း ဖောင်ဒေးရှင်းကို လှူဒါန်းမယ်လို့ သိရပါတယ်။ မတ်လ ၉ ရက်နေ့ကစပြီး အပတ်စဉ် စနေနေ့ ည ၈ နာရီ Channel 7 ရုပ်သံလိုင်းကနေ တင်ဆက်မှာ ဖြစ်ပါတယ်။

“ခေတ်နဲ့ သစ်တို့ကမ္ဘာ” ရိုက်ကူးရေး နဲ့ပတ်သက်ပြီး ပါဝင်ရမယ့် လင်းလင်းကလည်း “ဒီခေါင်းစဉ်ကလည်း လိပ်ပြာသန့်တယ်။ ၁၀၀ ရာခိုင်နှုန်း အလှူဖြစ်တာကိုး။ ဒီမှာပါဝင်တဲ့ Forever Group ဘက်ကရော တကယ့်ကို ဇီးရိုးနဲ့ ၁၀၀ ရာခိုင်နှုန်းအလှူအဖြစ်နဲ့ သွားမယ့်ခေါင်းစဉ်။ ဒီခေါင်းစဉ်အောက်မှာဘာပဲလုပ်ရ၊လုပ်ရ ကျနော်တို့က လုပ်ဖို့ကတော့ အဆင်သင့်ပဲ”လို့ ဆိုပါတယ်။

“ခေတ်နဲ့သစ်တို့ကမ္ဘာ”ရိုက်ကူးရေးကို အချိန်တနှစ်ပဲပေးထားပြီး အများဆုံးအနေနဲ့ ၂ နှစ်လောက်ပဲ ရိုက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ “ခေတ်သစ်”ဖောင်ဒေးရှင်း စာနယ်ဇင်းပွဲ တက်ရောက်လာတဲ့ ဧည့်သည်များ၊ လုပ်ငန်းရှင်များထဲမှ အလှူရှင်များပေါ်ထွက်ခဲ့ပြီး အလှူငွေကျပ် သိန်း ၄၃၀ ကျော်ကောက်ခံ ရရှိခဲ့ပါတယ်။

Your Thoughts …
Tags: "ခေတ်သစ်"ဖောင်ဒေးရှင်းချစ်သုဝေလင်းလင်း
မန်းသူ

မန်းသူ

Similar Picks:

သရုပ်ဆောင် ချစ်သုဝေ  / Chit Thu Wai's Facebook

ဖခင်ဖြစ်သူရဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တဲ့ ချစ်သုဝေ

by ယုဖြူဟန်
26 June 2020
18.3k

“ဒီပန်းချီကားနဲ့ ပတ်သက်ပြီး ကျမမှာ အားနည်းချက်တခု ရှိခဲ့ပါတယ်။ ဥဏ္ဏလုံ မွှေးရှင်တော်နဲ့ ပတ်သက်ပြီး ပန်းချီကားထဲ ထည့်ဆွဲသင့် ၊ မသင့်ကိုတော့ ကျမ ဖေဖေကို အကြံဉာဏ် မပေးနိုင်ခဲ့ပါ။

ချစ်သုဝေနဲ့ အမွှာသမီးလေး နှစ်ဦး / Chit Thu Wai's Facebook

အမွှာသမီးလေး နှစ်ဦးရဲ့ မိခင် ချစ်သုဝေ မွေးနေ့မှာ အလှူလုပ်

by ချစ်ပိုး
10 August 2018
12.7k

ချစ်သုဝေက ရုပ်ရှင်ကားများ၊ ဗီဒီယိုဇာတ်ကားများကိုလည်း ရိုက်ကူးခဲ့ပြီး သူမက အဆိုပိုင်းမှာရော၊ သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်တဲ့သူ တဦးလည်း ဖြစ်ပါတယ်။

အဆိုတော် လင်းလင်း / ယုမွန်ကျော် / ဧရာဝတီ

အဆိုတော်လင်းလင်းရဲ့ Rock Tour ဂီတဖျော်ဖြေပွဲပြုလုပ်မည်

by ယုမွန်ကျော်
26 September 2016
10.3k

ဖျော်ဖြေပွဲလုပ်တဲ့အခါ စတိတ်စင်ကိုလည်း တမူထူးခြားစွာ စီစဉ်ပြီး ဖျော်ဖြေတင်ဆက်သွားမယ့်အပြင် သီချင်း ဖျော်ဖြေတင်ဆက်မှုကိုလည်း တမြို့နဲ့တမြို့ မတူအောင် သီဆိုသွားမယ်လို့လည်း သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်  / ဧရာဝတီ

ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီအပါ ၇ ဦး ဖမ်းဝရမ်းထုတ်ထားကြောင်း တပ်ကကြေညာ

by ဧရာဝတီ
13 February 2021
15.2k

နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန် Social မီဒီယာနှင့် လူမှုကွန်ယက်များ အသုံးချလုပ် ဆောင်နေကြောင်း စွပ်စွဲထားပြီး တွေ့ရှိပါက သတင်းပေးကြရန်လည်း ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှု တနှစ်ပြည့် အနုပညာရှင်များ၏ လှုပ်ရှား စကားသံများ

စစ်အာဏာသိမ်းမှု တနှစ်ပြည့် အနုပညာရှင်များ၏ လှုပ်ရှား စကားသံများ

by ဧရာဝတီ
1 February 2022
16.3k

ကျနော်တို့ အငြိမ့်နဲ့ တော်လှန်မယ်။ အာဏာသိမ်း တနှစ်ပြည့်ဆိုတာထက် တော်လှန်ရေး တနှစ်ပြည့်ဆို ပိုမှန်မယ်။ အဲဒီတော့ အငြိမ့်နဲ့ ဖျော်ဖြေမယ်။ ပြည်သူလူထုကို အားအင်ရှိစရာ အကြောင်းအရာတွေ တတ်နိုင်တဲ့ဘက်ကနေ အားအင်ပေးမယ်။

သရုပ်ဆောင် အဆိုတော် ချစ်သုဝေ / ယုဖြူဟန် / ဧရာဝတီ

ပင်ပန်းပေမယ့် မိခင်ဘဝကိုပျော်တယ်ဆိုတဲ့ ချစ်သုဝေ

by ယုဖြူဟန်
28 August 2017
11.7k

သစ်ရော ခေတ်ရောက အစ်မကို အရမ်းကပ်တော့ အိမ်မှာ ဆရာမတွေရှိနေပေမယ့် အစ်မလုပ်မှရတော့ အစ်မက အနုပညာအလုပ်ရော အိပ်ချိန်စားချိန် ကိုယ့်အတ္တ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ အရာတိုင်းကို ဘေးကိုဖယ်ပြီးတော့ သူတို့လေးတွေအတွက် ဦးစားပေးပြီး အချိန်ပေးပြီးလုပ်ရတာပေါ့။

Next Post
အဆိုတော် Miley Cyrus

ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ ကောလာဟလတွေကို ပြန်ငြင်းလိုက်တဲ့ Miley Cyrus

ဂျမေကန်နိုင်ငံရဲ့ ရိုးရာဂီတဖြစ်တဲ့ Reggae ဂီတကို ယူနက်စကိုက ထိန်းသိမ်းစောင့်ရှောက်ထားပေးပါတယ်

ယူနက်စကိုက ကာကွယ်ပေးထားတဲ့ ရိုးရာယဉ်ကျေးမှုများ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate